ရုရှား၏အသက်အငယ်ဆုံးဘီလျံနာက သူ၏ချစ်သူဟောင်းကို ပြန်တွေ့သောကြောင့် ရုရှားသမ္မတပူတင်၏လျှို့ဝှက်သမီးကို ကွာရှင်းပြတ်စဲ

ရုရှားသမ္မတကြီး ဗလာဒီမာပူတင်၏ သမီးဟု ကမ္ဘာက သတ်မှတ်ထားသော ကက်ထရီနာ တီခိုနိုဗာနှင့် ရုရှား၏ အသက်အငယ်ဆုံးဘီလျံနာဟု သတ်မှတ်ထားကြသော ကီရေးလ် ရှာမာလော့ဗ်တို့ ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်သည်ဟု ဆိုသည်။

ပူတင်၏ သမီး ကက်ထရီနာ

တရားဝင်ထုတ်ပြန်ကြေညာချက်များမရှိသော်လည်း ဘီလျံနာ ကီရေးလ် ရှာမာလော့ဗ်မှာ ချစ်သူဟောင်းဖြစ်သူ လန်ဒန်မြို့သူ ဇန်နာ ဗော်လ်ကိုဗာနှင့် လက်ထပ်လိုက်ပြီဟူသော သတင်းများရှိသည်။

ရှာမာလော့ဗ်နှင့် လန်ဒန်မြို့သူ ဗော်လ်ကိုဗာ

 

ရှာမာလော့ဗ်သည် ပူတင်၏သားမက်ဖြစ်ခြင်းကြောင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု ခံရသူတစ်ဦးလည်း ဖြစ်သည်။

သမ္မတ ပူတင်၏ သမီး ကက်ထရီနာသည် ဘူဂီဝူဂီအကဖြင့် နာမည်ကျော်သူဖြစ်

ပူတင်ကမူ ကက်ထရီနာကို သူ၏သမီးအဖြစ် တရားဝင်အသိအမှတ်ပြုထားခြင်း မရှိချေ။

ဗော်လ်ကိုဗာ

ကက်ထရီနာသည် မော်စကိုတွင် သူ၏ ဘူဂီဝူဂီအကဖြင့် နာမည်ကြီးသူတစ်ဦးလည်း ဖြစ်သည်။

ရုရှား၏ အသက်အငယ်ဆုံးဘီလျံနာ ရှာမာလော့ဗ်

ကက်ထရီနာနှင့် ရှာမာလော့ဗ်တို့သည် လွန်ခဲ့သော ၅ နှစ်က လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

မော်စကိုမှ သတင်းများအရ ရှာမာလော့ဗ်သည် ချစ်သူဟောင်းကို ပြန်လည်တွေ့ရှိခဲ့သောကြောင့် ကက်ထရီနာကို ကွာရှင်းပြတ်စဲလိုက်ခြင်းဖြစ်သည်ဟူသော သတင်းများလည်း ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဇနီး (ဟောင်း) လျူဒီမီလာ ၊ သမီးများဖြစ်သော ကက်ထရီနာ (ဝဲ)၊ မာရီယာ (ယာ)တို့နှင့်အတူ တွေ့ခဲ့ရပုံ

အဆိုပါသတင်းများမှ လွဲ၍ ကက်ထရီနာနှင့် ရှာမာလော့ဗ်တို့ ကွာရှင်းပြတ်စဲရခြင်း၏ အကြောင်းရင်းကို မသိရချေ။

ယခုအချိန်တွင် ရှာမာလော့ဗ်ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးသွားဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကိုယ်ရေးကိုယ်တာနှင့် မိသားစုအကြောင်းများကို ထုတ်ပြောလေ့မရှိဟုဆို

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရှာမာလော့ဗ်ကို ရုရှားသမ္မတ ပူတင်၏ သားမက်ဟု ဖော်ပြကာ ပိတ်ဆို့အရေးယူထားသည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ရှာမာလော့ဗ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

Wigwam (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*