Latest post

အိန္ဒိယနိုင်ငံ အချမ်းသာဆုံးသူဌေးကြီး၏ သမီးမင်္ဂလာဆောင်သို့ ကမ္ဘာကျော်များစွာ လာရောက်လျက်ရှိနေ

အိန္ဒိယနိုင်ငံအနောက်ပိုင်းသဲကန္တာရမြို့ကလေးတစ်မြို့ဖြစ်သော ယူဒိုင်းပူရ်မြို့၏ တိတ်ဆိတ်လှသော လေဆိပ်ကလေးသို့လေယာဉ်ပေါင်းများစွာ အဆက်မပြတ်ဝင်ရောက်ကာ ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ လာရောက်လျက်ရှိနေရာအမေရိကန်သမ္မတကတော်ဟောင်း/နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ပင် ပါဝင်နေသည်။

ဟီလာရီကလင်တန် ရောက်ရှိလာပုံ

အဆိုပါကမ္ဘာကျော်ပုဂ္ဂိုလ်များသည် အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးဖြစ်သော Reliance Industries ကုမ္ပဏီဥက္ကဌ မူကက်ရှ် အန်ဘာနီ၏ သမီးဖြစ်သူ မင်္ဂလာဆောင် အခမ်းအနားသို့ လာရောက်ခြင်း ဖြစ်သည်။

သူဌေးကြီး၏ သမီး အီရှာ အန်ဘာနီ(အသက် ၂၇ နှစ်) သည် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး အေဂျေး ပီရာမယ်လ်၏ သားဖြစ်သူအာနန် ပီရာမယ်လ် (အသက် ၃၃ နှစ်) နှင့် လာမည့် ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယ၏ ဘဏ္ဍာရေးမြို့တော်(သို့မဟုတ်) ဟောလိဝုဒ်ဖြစ်သော ထိမ်းမြားမင်္ဂလာအခမ်းအနား ကျင်းပမည်ဖြစ်သော်လည်း မင်္ဂလာအကြိုအခမ်းအနားများကို ယူဒိုင်းပူရ်မြို့ကလေးတွင် ကျင်းပသွားမည်ဖြစ်ကာ ပွဲလမ်းသဘင်များ၊သီချင်းဆိုပွဲ၊ ကပွဲ အစရှိသည်တို့နှင့် အခြားသော ထိမ်းမြားမင်္ဂလာ ထုံးတမ်းစဉ်လာ အခမ်းအနားများကျင်းပသွားမည် ဖြစ်သည်။

အီရှာ အန်ဘာနီတို့ သားအဖ

ယူဒိုင်းပူရ်လေဆိပ်သို့ ထိပ်တန်းအရေးကြီးဧည့်သည်များစွာ အဆက်မပြတ်ရောက်ရှိလာနေခြင်းကြောင့် လုံခြုံရေး တင်းကြပ်စွာချထားလျက်ရှိသည်ဟု ဆိုသည်။

လေဆိပ်အပြင်ဘက်တွင် အဖြူရောင်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် ဝန်ထမ်းများ မောင်းနှင်မည့် တန်ဖိုးကြီး ဇိမ်ခံဆီဒင်ကားကြီးများက အသင့်စောင့်ဆိုင်းလျက်ရှိနေကြသည်။

ကလင်တန်ဇနီးမောင်နှံနှင့်အမ်ဘာနီမိသားစုတို့ ပူးပေါင်းတည်ထောင်ထားသည့် အသင်းတစ်ခုရှိပြီး လွန်ခဲ့သော ၁၈ နှစ်တာကာလအတွင်း ကလင်တန်နှင့် အမ်ဘာနီတို့သည် အိန္ဒိယနိုင်ငံအတွင်းတွင်သာမက ပြည်ပနိုင်ငံများတွင်ပါအကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ကြဖူးသည်။

သမ္မတဟောင်းဘီလ်ကလင်တန်ကလည်း မူကက်ရှ်၏ ကွယ်လွန်သွားပြီဖြစ်သောဖခင် အပါအဝင် အန်ဘာနီမိသားစုနှင့် အိန္ဒိယတွင် ဆွေးနွေးမှုများ များစွာပြုလုပ်ခဲ့ဖူးသည်။

၂၀၁၈ ခုနှစ်၊ မတ်လအတွင်းဟီလာရီကလင်တန်သည် မွန်ဘိုင်းရှိ ကွန်ဖရင့်တစ်ခုတွင် တက်ရောက်မိန့်ခွန်းပြောကြားရန်အိန္ဒိယသို့ လာရောက်ခဲ့ရာ၌ မွန်ဘိုင်းရှိ အန်ဘာနီမိသားစုပိုင်ဆိုင်သော ကမ္ဘာ့တန်ဖိုးအကြီးဆုံးစံအိမ်ကြီးများတွင်တစ်ခုအပါအဝင်ဖြစ်သည့် အန်တီလာ စံအိမ်ကြီးတွင် ညစာအတူစားခဲ့ဖူးသည်။

မင်္ဂလာဆောင်သို့ လာရောက်မည့်သူများတွင် ထိပ်တန်းစက်မှုလုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးသမားများ၊ အားကစားကြယ်ပွင့်များ၊ ဘောလိဝုဒ်ကြယ်ပွင့်များ ပါဝင်သည်။

ထို့အပြင် အိန္ဒိယ စတီးသူဌေးကြီး လက်ရှ်မီး မစ်တဲလ်၊ မဟာရပ်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် ဒေဝိန္ဒြ ဖက်ဒ်နာဗစ်၊ ခရစ်ကက်ကြယ်ပွင့် ဆာချင် တန်ဒူလ်ကာနှင့် အသစ်စက်စက်ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး ပရီယန်ကာ ချိုပရာ၊ အဆိုတော် နစ်ခ် ဂျိုနက်စ်တို့လည်း ပါဝင်သည်။

၂၁ ရာစုမြေခွေး ရုပ်ရှင်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချှုပ် ဂျိမ်းစ် မားဒေါ့ခ်ျနှင့် ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ် အယ်လ်-ဖာလီတို့ကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။

မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်ဧည့်သည်များသည် မိုဘိုင်း app တစ်ခုသို့ ဝင်ရောက်နိုင်မည့် စကားဝှက်ရရှိမည်ဖြစ်ပြီးအဆိုပါ app တွင် မင်္ဂလာအခမ်းအနားအစီအစဉ် အသေးစိတ်ဖော်ပြထားမည်ဟု ဆိုသည်။

သူဌေးကြီး၏ မင်္ဂလာဆောင်အတွက် ကမ္ဘာကျော်တေးသံရှင် Beyonce က သီးသန့်သီဆိုဖျော်ဖြေပေးမည့် အစီအစဉ်လည်း ပါဝင်သည်ဟု ဆို၏။

အီရှာအန်ဘာနီ၏ စေ့စပ်ပွဲ ပြုလုပ်ခဲ့စဉ်ကလည်း ရှာရွတ်ခန်၊ ရန်ဘာ ကပူး၊ ကာရန် ဂျိုဟာနှင့် အေယန် မူကာဂျီ အစရှိသော ဘောလိဝုဒ်ကြယ်ပွင့်များ တက်ရောက်ခဲ့ကြသည်။

Wigwam(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*