ပိုက်ခေါင်းရေဖြင့် နှာခေါင်းဆေးသောအမျိုးသမီး ဦးနှောက်စားသည့်ပိုးဝင်ကာ သေဆုံး

အမေရိကန်ပြည်ထောင်စု၊ ဆီယက်တဲလ်မြို့မှ အမျိုးသမီးကြီးတစ်ဦးသည် ရေပိုက်ခေါင်းမှ ရေဖြင့် နှာခေါင်းကို ဆေးကြောမိရာ ဦးနှောက်စားသည့် အမီးဘားပိုးတစ်မျိုး နှာခေါင်းမှတစ်ဆင့် ဦးနှောက်သို့ ဝင်ရောက်ကာ ဦးနှောက်အစားခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသမီးကြီးသည် ဆေးရည်အသုံးမပြုဘဲ ရေပိုက်ခေါင်းမှ ရေကို သုံးခဲ့ခြင်းကြောင့် အလွန်သေးငယ်သော ပိုးတစ်မျိုးနှာခေါင်းအတွင်း ဝင်ရောက်ကာ ထိုမှတစ်ဆင့် ဦးနှောက်ထဲသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပိုးဝင်ပြီးနောက်ပိုင်း သတိလစ်လဲကျမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ဆီယက်တဲလ်မြို့၊ SwedishMedical Cente မှ ဆရာဝန်များက CT scan ဖတ်ကြည့်ရာတွင် အမျိုးသမီးကြီး၏ ဦးနှောက်အတွင်း၌၁ ဒသမ ၅ စင်တီမီတာခန့် အနာဖြစ်နေသည်ကို တွေ့ခဲ့ကြသည်။

ဆီယက်တဲလ်မြို့၊ SwedishMedical Cente

အမျိုးသမီးကြီးမှာ ယခင်က ရင်သားဝေဒနာဖြစ်ခဲ့ဖူးသည့် ဆေးကုသမှုမှတ်တမ်းလည်း ရှိခဲ့ဖူးရာ ယခုတွေ့ရှိမှုအပေါ် သာမာန်သာ မှတ်ထင်ခဲ့ကြသည်။

ယခုနှစ်စပိုင်းတွင်မူ ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရာတွင်ဦးနှောက်အတွင်း၌ တစ်သျှူးသေများ များစွာတွေ့ခဲ့ရသည်။

ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆရာဝန်ကြီးဒေါက်တာ ချားလ်စ်ကော့ဘ်က ပြောကြားရာတွင် “ဒီ အမျိုးသမီးကြီးကို ကျွန်တော်ခွဲစိတ်ခဲ့ရာမှာဂေါက်သီးတစ်လုံးစာလောက် သွေးတွေစိုပြီး ပျက်စီးနေတာ တွေ့ရပါတယ်”ဟု ပြောကြားသည်။

“အဲဒီနေရာမှာ ဒီ အမီးဘားပိုးကို တစ်ခွင်တစ်ပြင်လုံး တွေ့ရပြီး ဦးနှောက်ဆဲလ်တွေကို စားနေတာ တွေ့ရပါတယ်။ အမျိုးသမီးကြီးဟာ နှာခေါင်းကို သန့်စင်ရာမှာ ဆားရည် (ဒါမှမဟုတ်) သန့်စင်ထားတဲ့ရေကို အသုံးမပြုဘဲ ရေပိုက်ခေါင်းကရေကို သုံးခဲ့တာကြောင့် အမီးဘားဟာ နှာခေါင်းက တစ်ဆင့် ဦးနှောက်ထဲကိုဝင်သွားခဲ့တာ ဖြစ်ပါတယ်”

ဦးနှောက်စားသည့် အမီးဘားကောင်ကို Balamuthia mandrillarisamoba ဟု ခေါ်ဆိုပြီး အမျိုးသမီးကြီး၏ ဦးနှောက်ကို တစ်နှစ်ခန့် စားနေခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန (CDC) က အဆိုပါဆေးရုံသို့ ဆေးသစ်များ ပေးပို့ပေးခဲ့သော်လည်း ထိုအချိန်တွင် အမျိုးသမီးကြီး၏ ရောဂါအခြေအနေမှာ အလွန်ဆိုးရွားပြင်းထန်နေပြီဖြစ်ပြီး သေဆုံးသွားခဲ့ရသည်။

Yellow champac (shwe inlay)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*