Huawei ၏ ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ ဒီဇင်ဘာလ ပရိုမိုးရှင်းအစီအစဉ်များ

Huawei Consumer Business Group (Myanmar) သည် သုံးစွဲသူများထံ ပျော်ရွှင်မှုများ ထပ်ဆောင်းယူဆောင်ပေးမည့် ပရိုမိုးရှင်း အစီအစဉ်နှစ်ခုအား ဒီဇင်ဘာလအတွင်းတွင် ထပ်မံ မိတ်ဆက်လိုက်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ Huawei ဖုန်း ဝယ်ယူနေသူများအား Huawei Consumer Business Group မှ စိတ်ဝင်စားဖွယ်ရာလက်ဆောင်များ  ပြန်လည်ပေးအပ်နေသည်သာမက သုံးစွဲသူများ၏ ဆုတောင်းများအမှန်တကယ်ဖြစ်လာအောင် ကူညီပေးမည့် “Huawei Make a Wish” Campaign နှင့် ထိုင်းနိုင်ငံ ဖူးခက် သို့ သွားရောက်လည်ပတ်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ် နှစ်ခုအားလည်း ထပ်မံမိတ်ဆက်လိုက်သည်။

Huawei Make a Wish Campaign မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ၁၀ ရက်တာ ကျင်းပသွားမည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၄င်းမှာ သုံးစွဲသူများ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးသွားမည့် ထူးခြားသည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။ အဆိုပါအစီအစဉ်၌ပါဝင်ယှဉ်ပြိုင်လိုသူများသည် Huawei Consumer Business Group ၏ Official Facebook Page မှ ဖော်ပြထားသည့် Huawei Make A Wish Original Post အား သုံးစွဲသူများ၏ ကိုယ်ပိုင် Newsfeed ပေါ်တွင်#HuaweiMakeAWish ဟု ရေးသားပြီး Like & Share လုပ်ပေးရပါမည်။ ဆုတောင်းစာရေးသည့်အခါ https://goo.gl/forms/OdZ67dp0e19WGToH3 သို့ ဝင်ရောက်ပြီး ယခုနှစ် ခရစ်စမတ်တွင် မိမိပေးချင်သည့် လက်ဆောင် (သို့မဟုတ်) ဆုတစ်ခုအား မည်သူ့ကို ပေးချင်ကြောင်း နှင့်  ပေးအပ်လိုသည့် အကြောင်းအရင်းအား ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားရမည် ဖြစ်သည်။  ပါဝင်ရေးသားကြသူများအနက် အကောင်းဆုံးရေးသားနိုင်သူ (၅) ဦးအား Huawei မှ ရွေးချယ်ပြီး ၄င်းတို့၏ ဆုတောင်းများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။ ဆုရရှိသူများအား ဒီဇင်ဘာလ ၂၃ ရက် ၊ ၂၄ ရက်နေ့များတွင် ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် ဆုတောင်းစာများနှင့်အတူ ဆုတောင်းများအား ဒီဇင်ဘာလ ၂၅ ရက် ၊ ခရစ္စမတ်နေ့ တွင် Junction City ၌ ကြေညာကာ ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်းအစီအစဉ် နှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုသည်များအား https://www.facebook.com/HuaweimobileMM/photos/a.334650983311586/1788102771299726/?type=3&theater ၌ သွားရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး Huawei Consumer Business Group ၏ Official Facebook Page ဖြစ်သည့် https://www.facebook.com/HuaweimobileMM/ ၌ လည်း ဝင်ရောက်မေးမြန်းနိုင်မည် ဖြစ်သည်။

Huawei Consumer Business Group ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အစီအစဉ်သစ်နောက်တစ်ခုမှာ Huawei Mobile Phone ဝယ်ယူရင်း ထိုင်းနိုင်ငံ ဖူးခက် သို့ အလည်အပတ်သွားနိုင်မည့် အခွင့်အရေး ရရှိနိုင်မည့် အစီအစဉ် ဖြစ်သည်။ အဆိုပါ အစီအစဉ်အား ဒီဇင်ဘာလ ၁ ရက်နေ့မှ  ဇန်နဝါရီလ ၁၀ ရက်နေ့ အတွင်း မည်သည့် Huawei ဖုန်းအမျိုးအစားများ ကိုမဆို ဝယ်ယူသူများ မှ ဝင်ရောက်ကံစမ်းနိုင်မည်ဖြစ်သည်။

Huawei မည်သည့် ဖုန်းအမျိုးအစားကို မဆို ဝယ်ယူသူများမှ ဝယ်ယူသည့် ဖုန်း၏ IMEI နံပါတ် ၊ မှတ်ပုံတင်အမှတ်၊  ၄င်းတို့ ဝယ်ယူခဲ့သည့် ဖုန်းဆိုင်အမည်များ အစရှိသည့် အချက်အလက်များအား https://goo.gl/forms/RQtkfyB9QDrWjHjt1 မှ တဆင့် သွားရောက် စာရင်းပေးသွင်းရမည် ဖြစ်သည်။ နောက်ဆုံး စာရင်းပေးသွင်းမှုအား ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁၂ နာရီအထိ လက်ခံသွားမည်ဖြစ်ပြီး Huawei Consumer Business Group မှ အနိုင်ရရှိသူ ၁၀ ဦးအား ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက Huawei Consumer Business Group ၏ Official Facebook Page ဖြစ်သည့် https://www.facebook.com/HuaweimobileMM/ ၌ လည်း သွားရောက်မေးမြန်းနိုင်မည်ဖြစ်သည်။  

ယခုကဲ့သို့ ရင်ခုန်ဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်ရခြင်း နှင့် ပတ်သက်ပြီး Huawei Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်း မှ “ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇင်ဘာလ မှာ ကျွန်မတို့ Huawei Consumer Business Group မှ လည်း သုံးစွဲသူတွေကို ပိုမိုပြီး ပျော်ရွှင်ရအောင် အခုလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ အစီအစဉ်တွေကို မိတ်ဆက်ပေးနေတာဖြစ်ပါတယ်။ Huawei Make a Wish Campaign က ဆိုရင်လည်း လူတိုင်းကြိုက်နှစ်သက်မယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်မြို့ ကို သွားရောက်နိုင်မယ့် အစီအစဉ်ကိုလည်း အားလုံးကို စိတ်ဝင်စားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ Huawei Consumer Business Group ကို အမြဲအားပေးနေတဲ့ သုံးစွဲသူတွေကို ပျော်ရွှင်ဖို့ကောင်းတဲ့ ဒီဇင်ဘာ အချိန်ကာလ နှင့် အတူ ပိုမိုတဲ့ ပျော်ရွှင်မှုတွေကို  ပေးအပ်နိုင်ဖို့ အခုလိုမျိုး ထူးခြားတဲ့ အစီအစဉ်ကောင်းတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အားလုံးလည်း ကြိုက်နှစ်သက်ပြီး ပါဝင် ကံစမ်းကြမယ်လို့ ယုံကြည်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီထပ် စိတ်ဝင်စားဖို့ကောင်းပြီး ပျော်ရွှင်ရမယ့် အစီအစဉ်ကောင်းတွေကို ပိုမို ဖန်တီးသွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ။” ဟု ပြောကြားခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*