အသက် ၃၀၀ ရှိ ပင်လယ်ဓားပြတစ္ဆေနှင့်လက်ထပ်ခဲ့သောအမျိုးသမီး ကွာရှင်းပြတ်စဲလိုက်ပြီ

ယခုနှစ်ဇန်နဝါရီလအတွင်း အသက်၄၆ နှစ်အရွယ်ရှိ အာမန်ဒါ စပါးရိုး လာ့ခ်ျတိဂ်ျအမည်ရှိ အကြားအမြင်ဆရာမ၊ စုန်းပညာရှင်အမျိုးသမီးကြီးသည် အသက် ၃၀၀ ရှိသော ပင်လယ်ဓားပြတစ္ဆေနှင့် လက်ထပ်ခဲ့သည်။

အာမန်ဒါ စပါးရိုး လာ့ခ်ျတိဂ်ျနှင့်တွေ့ဆုံမေးမြန်းခန်းကို ရွှေအင်းလေးမီဒီယာတွင် ဗွီဒီယိုဖြင့် တင်ပြခဲ့ပြီးဖြစ်ရာVIDEO ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပင်လယ်ဓားပြတစ္ဆေနှင့် လက်ထပ်ပွဲတွင် သတို့သမီးအရံများနှင့်အတူတွေ့ရပုံ

အဆိုပါ ပင်လယ်ဓားပြသည် ဟေတီနိုင်ငံသားဖြစ်ပြီး၁၇၀၀ ပြည့်လွန်ကာလများအတွင်း ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

စုန်းပညာရှင်ဆရာမကြီး တိဂ်ျကသူမ၏ တစ္ဆေခင်ပွန်းနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘုတ်စာမျက်နှာတွင်မကြာသေးမီက ထုတ်ဖော်ကြေညာလိုက်ခြင်း ဖြစ်သည်။

သူ၏ခင်ပွန်းကို တိဂ်ျက ဂျက်ခ်ဟုခေါ်လေ့ရှိသည်။

“ကျွန်မတို့အိမ်ထောင်ရေး အဆုံးသတ်သွားပြီဆိုတာ အားလုံးကိုသိစေဖို့ အချိန်ကျပြီလို့ ကျွန်မခံစားရပါတယ်။ ဒါနဲ့ပတ်သက်လို့ အားလုံးရှင်းပြသွားမှာပါ။ အခုတော့ မဟုတ်သေးပါဘူး။ လောလောဆယ်မှာ ကျွန်မပြောလိုတာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဝိဥာဉ်တွေနဲ့ ပတ်သက်ရင် အရမ်းသတိထားပါလို့ ပြောချင်ပါတယ်”

စုန်းပညာရှင်ဆရာမကြီး လာ့ခ်ျတိဂ်ျသည်အိုင်ယာလန်နိုင်ငံ၊ ဒရိုဂီဒါအရပ်မှ ဖြစ်ပြီး Pirates Of The Caribbean” ဇာတ်ကားကိုအလွန်နှစ်သက်သူဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါဇာတ်ကားအတွင်းမှ ဂျွန်နီဒက်ပ်၏ဇာတ်ကောင်စရိုက်နှင့် တူညီစေရန် နောက်ဆုံးနာမည်လုံးကို ပြောင်းလဲလိုက်သည့်အပြင် ရွှေသွားလည်းတပ်ဆင်ခဲ့သည်။

လာ့ခ်ျတိဂ်ျက IrishMirror သတင်းစာသို့ ပြောကြားခဲ့ရာတွင် ပိုမိုတိုက်ဆိုင်သည့်အချက်မှာ သူ၏တစ္ဆေခင်ပွန်းမှာဂျက်ခ်စပါးရိုးနှင့် အလွန်တူနေသည်ဟု ဆိုသည်။

“သူက အသားမည်းပြီး ဆံပင်အနက်ရောင်ရှိတယ်လို့ ကျွန်မကို ပြောပြပါတယ်”

လာ့ခ်ျတိဂ်ျ၏ ပြောကြားချက်အရ သူ၏ခင်ပွန်းလောင်းတစ္ဆေနှင့် ၂၀၁၄ ခုနှစ်အတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သူ၏အိပ်ယာဘေးတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်မသူ့ကို ပြောပြခဲ့တာရှိပါတယ်။ ကျွန်မဟာ ဝိဥာဉ်တွေနဲ့ လိင်ဆက်ဆံမှုကို သိပ်ပြီးမကျွမ်းကျင်ဘူးလို့ ပြောပြခဲ့တယ်။ ပြီးတော့ နှစ်ယောက်ကြားမှာ ကတိကဝတ်ထားတာတွေ ပြုလုပ်ခဲ့ပါတယ်”

လာ့ခ်ျတိဂ်ျသည် ယခုအခါ ဘဲလ်ဖတ်တွင် နေထိုင်လျက်ရှိသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*