Latest post

မိမိကလေး၏ သွေးကိုပြန်သောက်သော သွေးစုပ်ဖုတ်ကောင် ပုရွက်ဆိတ်များ

အသက်ရှင်ရပ်တည်နိုင်ရန်အတွက်မိမိရင်သွေး၏ သွေးကိုပင်သောက်သော သွေးစုပ်ဖုတ်ကောင် ပုရွတ်ဆိတ်တစ်မျိုးရှိပြီး မာဒါဂါစကာနိုင်ငံတွင်သာတွေ့ရှိနိုင်သည်။

လှုပ်ရှားပုံမှာ အလွန်တရာလျင်မြန်လှသည့်အတွက် ကမ္ဘာ့အမြန်ဆုံးတိရ စ္ဆာန်ဟု သတ်မှတ်ခြင်းခံထားရသည်။

ရန်သူကိုတိုက်ခိုက်ရာတွင် မျက်တောင်တစ်ခတ်ကြာချိန်ထက် အဆပေါင်း ၅၀၀၀ ပိုမိုလျင်မြန်သည့်နှုန်းဖြင့် တိုက်ခိုက်နိုင်ကြသည်ဟု ဆိုသည်။

သွေးစုပ်ဖုတ်ကောင်ပုရွက်ဆိတ်တို့၏လက်နက်မှာ နှုတ်ခမ်းဆီမှ ဆန့်ထွက်လျက်ရှိသော နှုတ်သီးဖြစ်ပြီး တစ်စက္ကန့်လျှင် ၂၉၅ ပေအမြန်နှုန်း ( တစ်နာရီလျှင် မိုင် ၂၀၀) ဖြင့် တိုက်ခိုက်နိုင်စွမ်းရှိသည်။

၎င်းတို့၏ လျင်မြန်မှုမှာ ပုရွက်နီ ပုရွက်ဆိတ်မျိုးစိတ်ထက်ပင် ပိုမိုလျင်မြန်ကြသည်။

ပုရွက်နီ ပုရွက်ဆိတ်တို့၏တိုက်ခိုက်နိုင်မှု အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၅ မိုင်နှုန်းဖြစ်သည်။

အခြားလျင်မြန်သော သတ္တဝါတစ်မျိုးမှာ ပုဇွန်မျိုးစိတ်တစ်ခုဖြစ်သည့် mantis shrimp ပုဇွန်မျိုးဖြစ်ပြီး တစ်နာရီလျှင် မိုင် ၅၀ နှုန်းရွေ့လျားမှုမှာ ငါးကန်၏ မှန်သားပြင်ကိုပြင် ကွဲစေနိုင်သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်ရှိသိပ္ပံပညာရှင်များက နောက်ဆုံးပေါ်ဓာတ်မှန်နည်းပညာကို အသုံးပြုကာ သွေးစုပ်ဖုတ်ကောင် ပုရွက်ဆိတ်တို့၏အတွင်း၊ အပြင်လှုပ်ရှားပြုမူပုံများကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။

“သူတို့ရဲ့ လှုပ်ရှားမှုကို အမှီလိုက်ပါသိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မယုံနိုင်လောက်အောင် မြန်ဆန်တဲ့ ကင်မရာတွေ သုံးခဲ့ရတယ်။ ဒါ့အပြင် သူတို့ရဲ့ ခန္ဓာဗေဒကို ၃ ဘက်မြင် ပုံဖော်ကြည့်ရှုနိုင်ဖို့အတွက် အိတ်စ်ရေးပုံဖော်နည်းပညာကို အသုံးပြုခဲ့ပါတယ်”ဟု လေ့လာမှုအဖွဲ့တွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင် ဖရက်ဒရစ် လာရာဘီက ပြောကြားသည်။

“သူတို့ဟာ ဒီမြန်နှုန်းကို လက်နက်သဖွယ်အသုံးပြုပြီး တခြားရန်သူတွေကို တွင်းနံရံဆီလွင့်ထွက်သွားအောင်လုပ်တာမျိုး ပြုလုပ်လေ့ရှိပါတယ်” ဟု လေ့လာမှုတွင် ပါဝင်သူ ပါမောက္ခ အင်ဒရူး ဆွာရက်က ပြောကြားသည်။

သွေးစုပ်ဖုတ်ကောင် ပုရွက်ဆိတ်တို့သည် နှမ်းတစ်စေ့စာအောက် သေးငယ်ပြီး ၎င်းတို့၏ အသက်မွေးရှင်သန်ပုံအလေ့အထကို အစွဲပြုကာ သွေးစုပ်ဖုတ်ကောင်ဟု အမည်ပေးထားကြခြင်း ဖြစ်သည်။

မိမိတို့၏ ရင်သွေးများကိုပင် ပြန်လည်သွေးစုပ်ကာ ရှင်သန်ရပ်တည်လေ့ရှိသည်။

သို့ရာတွင် သွေးမစုပ်မီ အပေါက်ငယ်တစ်ခုဖောက်လိုက်ကာ သားကောင်မသေဆုံးသွားစေရန် အနည်းငယ်သာ သွေးစုပ်တတ်ကြသည်။

သွေးစုပ်ဖုတ်ကောင် ပုရွက်ဆိတ်မျိုးကိုပထမဆုံးစတင်ရှာဖွေတွေ့ရှိသည်မှာ ၁၉၉၄ ခုနှစ်တွင်ဖြစ်ပြီး ၎င်းတို့၏ ပုံပန်းမှာ ပုရွက်ဆိတ်ထက်နကျယ်ကောင်နှင့်သာ ပိုတူနေသည်။

Yellow Champac (shwe innlay)

Be the first to comment

Leave a Reply

Your email address will not be published.


*