Latest post

ကမ္ဘာကျော်မျက်လှည့်ပညာရှင် ဒိုင်နမို၏ နေအိမ် ဖောက်ထွင်းဝိဇ္ဇာတစ်ဦး၏ ဖောက်ထွင်းခံရ

ကမ္ဘာကျော်မျက်လှည့်ပညာရှင် ဒိုင်နမို၏ လန်ဒန်နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး ရိုးလက်စ်နာရီ၊ ကာတီးယားနာရီနှင့် လက်ဝတ်ရတနာများ ခိုးယူခံလိုက်ရသည်။

ဖောက်ထွင်းသမား၏ အမည်မှာအေလစ္စတာ မက်ခ်ဝီလျံဟု အမည်ရပြီး အသက် ၃၃ နှစ်အရွယ်ရှိသည်။

ဖောက်ထွင်းဝိဇ္ဇာ အေလစ္စတာ

အေလစ္စတာသည် ဒိုင်နမို၏ ပေါင် ၁ ဒသမ ၃ သန်းတန်နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ကာ ဇိမ်ပြေနပြေ ရှာဖွေခိုးယူသွားခဲ့ခြင်းဖြစ်ပြီး ရိုးလက်စ်နာရီ၊ ကာတီးယားနာရီ၊ လက်ဝတ်ရတနာများ၊ iPad တစ်လုံး၊ လက်ပ်တော့တစ်လုံးတို့အပြင် ဖဲထုပ်တစ်ထုပ်ပါ ခိုးယူသွားခဲ့သည်။

ဖောက်ထွင်းခံရချိန်တွင် ဒိုင်နမိုမှာနေအိမ်တွင်မရှိဘဲ အားလပ်ရက်အပန်းဖြေခရီးထွက်နေခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကျော်မျက်လှည့်ဆရာ ဒိုင်နမို

အေလစ္စတာက ဒိုင်နမို၏ အိပ်ခန်း ကြမ်းပြင်ပေါ်တွင် ပစ္စည်းများစွာဖြန့်ကျဲကာ အေးအေးလူလူ ရှာဖွေသွားခဲ့ခြင်း ဖြစ်သည်။

အေလစ္စတာသည် လန်ဒန်မြို့မြောက်ပိုင်းရှိ ဒိုင်နမို၏ နေအိမ်ကို ဖောက်ထွင်းရာတွင် နောက်ဘေးခြံစည်းရိုးကို လှေကားထောင်၍ တက်ခဲ့ပြီး ခြံစည်းရိုးနှင့် ကပ်လျက်ရှိသည့် နေအိမ်၏အပေါ်ထပ်သို့ ခုန်တက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်မှန်တံခါးကိုခွဲကာဒိုင်နမို၏ master bedroom အတွင်းရောက်ရှိခဲ့ခြင်းဖြစ်၏။

ဒိုင်နမိုနှင့် ဇနီးဖြစ်သူ ကယ်လီ

အေလစ္စတာ နေအိမ်အတွင်း၌ရှိစဉ် အချက်ပေးခေါင်းလောင်း/သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သေးသည်။

သို့ရာတွင် ဒိုင်နမို၏ မိတ်ဆွေတစ်ဦးကနေအိမ်ပြင်ပရှေ့ဘက်မှ ကြည့်ရှုကာ အချက်ပေးခေါင်းလောင်းသံ မတော်တဆ မှားယွင်းထွက်ပေါ်လာခြင်းဖြစ်မည်ဟုယူဆကာ လစ်လျူရှုနေခဲ့လိုက်သည်ဟု ဆိုသည်။

ဒိုင်နမို၏ နေအိမ်တည်ရှိရာနေရာ

ဒိုင်နမို၏ အမည်ရင်းမှာ စတီဖင် ဖရေနီဖြစ်ပြီး အဆိုပါနေအိမ်တွင် ဇနီးဖြစ်သူ ကယ်လီနှင့်အတူ နေထိုင်ခြင်းဖြစ်သည်။

ဒိုင်နမိုတို့ ဇနီးမောင်နှံအိမ်ပြန်ရောက်ပြီး နေအိမ်အတွင်းသို့ စတင်ရောက်ရှိချိန်အထိ ဖောက်ထွင်းခံရသည်ကို မသိသေးချေ။

အဘယ့်ကြောင့်ဆိုလျှင် မြေညီထပ်မှာ မည်သည့်ခြေရာလက်ရာမျှ မပျက်ယွင်းခြင်းကြောင့် ဖြစ်သည်။

အပေါ်ထပ်အိပ်ခန်းအတွင်းသို့ ရောက်ရှိမှသာ ကြမ်းပြင်တွင် ပစ္စည်းများ ပြန့်ကျဲနေခြင်းကြောင့် ဖောက်ထွင်းခံလိုက်ရမှန်း သိသွားကြခြင်း ဖြစ်သည်။

အေလစ္စတာကို ဖမ်းမိခဲ့ခြင်းမှာ ဖောက်ထွင်းပြီးနောက် အုတ်တံတိုင်းမှ ပြန်လည်တွယ်တက်ချိန်တွင် သစ်ကိုင်းတစ်ခု၌ ၎င်း၏ DNA တစ်ခု ကျန်ရစ်ခဲ့သောကြောင့်ဖြစ်သည်။

အေလစ္စတာသည် လန်ဒန်တွင် လုယက်မှု၊ ခိုးမှုများစွာကျူးလွန်ခဲ့ဖူးသူဖြစ်ပြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းဝင်တစ်ဦးဖြစ်သည်။

ဒိုင်နမိုသည် အစာချေစနစ် ယောင်ယမ်းသည့် ရှားပါးသော ဝေဒနာတစ်မျိုး အပြင်းအထန်ခံစားနေရလျက်ရှိသည်။

သူသည် အဆိုပါရောဂါကို ဆယ်ကျော်သက်အရွယ်ကတည်းကစတင်ခံစားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အသက် ၁၇ နှစ်အရွယ်တွင် အစာအိမ်၏ တစ်ဝက်ကို ဖြတ်ထုတ်ခဲ့ရသည်။

ယခုနောက်ပိုင်းတွင်လည်း ဆေးကုသမှု များစွာခံယူခဲ့ရသည်။ ယခုနှစ်မတ်လအတွင်း ဒိုင်နမိုက သူ၏ဓာတ်ပုံတစ်ပုံကို ပရိသတ်သို့ ချပြခဲ့ရာ မျက်နှာမှာ ဖောယောင်နေကာ ပုံပန်းသွင်ပြင်အလွန်ခြားနားသွားသောကြောင့် များစွာအံ့အားသင့်ခဲ့ကြရသည်။

နေ့တိုင်းနီးပါး နာကျင်မှုဝေဒနာခံစားရကြောင်းလည်းဒိုင်နမိုက ထုတ်ဖော်ပြောကြားခဲ့ပြီး အစားစားသောက်ရာတွင် ကစီဓာတ်၊ အဆီနှင့် ဟင်းသီးဟင်းရွက်များမစားသောက်ရန် တားမြစ်ထားခြင်းခံရကြောင်းလည်း ပြောကြားသည်။

Yellow champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*