Latest post

မိုင်လေဆိုင်းရပ်က သူ၏ချစ်သူ အိပ်ယာတွင်းစွမ်းဆောင်ရည်ကောင်းကြောင်းထုတ်ဖော်ဝန်ခံ

အင်စတာဂရမ် လူမှုကွန်ရက်တွင် SourPsycho အမည်ရှိ အကောင့်က ယောက်ျားတိုင်းတွင် မရှိသည့် အရည်အချင်း ၅ ရပ်ကို ဖော်ပြထားခဲ့သည်။

အဆိုပါ အရည်အချင်း ၅ ရပ်မှာ

(၁) အိပ်ယာာတွင်း စွမ်းဆောင်ရည်ကောင်းခြင်း

(၂) စာနာတတ်ခြင်း

(၃) အရပ် ၅ ပေ ၉ လက်မအထက်ရှိခြင်း

(၄) အပျော်မလိုက်ခြင်း

(၅) ဇဝနဥာဏ်ရွှင်ခြင်း တို့ဖြစ်သည်ဟုဖော်ပြထားသည်။

မိုင်လေဆိုင်းရပ်စ်က အဆိုပါပို့်စ်အောက်တွင် “ကျွန်မချစ်သူမှာ အဲ့အရည်အချင်းတွေရှိတယ်။ လက်မလျှော့ပါနှဲ့”ဟု ကွန်မန့်ဝင်ရောက် ရေးသားခဲ့ရာ အဆိုပါကွန်မန့်မှာ ဂယက်ရိုက်နေခြင်း ဖြစ်သည်။

မိုင်လေဆိုင်းရပ်စ်၏ ပရိသတ်များက သူ၏ဖွင့်ဟမှုအပေါ် နှစ်သက်သဘောကျနေကြပြီး “ကျွန်မအတွက် မျှော်လင့်ချက်တွေ ရှင်သန်လာတယ်” ဟူ၍ ပရိသတ်တစ်ဦးက ကွန်မန့်ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “ @မိုင်လေဆိုင်းရပ်..သူ့ကိုလက်ထပ်လိုက်ပါ အစ်မ”ဟု ရေးသားထားသည်ကို တွေ့ရသည်။

မိုင်လေဆိုင်းရပ်စ်၏ ချစ်သူမှာသြစတေးလျသရုပ်ဆောင် လီယမ် ဟမ်းစ်ဝါ့သ်ဖြစ်သည်။

မိုင်လေဆိုင်းရပ်စ်နှင့် လီယမ် ဟမ်းစ်ဝါ့သ်တို့သည် The Last Song တွင် အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် စတင်ချစ်ကြိုက်ခဲ့ကြသည်။

ယင်းနောက် ထိုနှစ်အတွင်းတွင်ပင်လမ်းခွဲခဲ့ကြပြီး ၂၀၁၁ ခုနှစ်တွင် ပြန်တွဲခဲ့ကြပြန်သည်။

၂၀၁၃ ခုနှစ်တွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ထိုနှစ်အတွင်းတွင်ပင် လမ်းခွဲကြပြန်သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင်ပြန်လည်ပေါင်းထုပ်ခဲ့ကြပြန်ပြီး မိုင်လေဆိုင်းရပ်မှာ စေ့စပ်လက်စွပ်ဝတ်ဆင်ထားခဲ့သည်ကိုလည်းတွေ့ခဲ့ကြသည်။

၎င်းတို့ စုံတွဲသည် မကြာမီကာလအတွင်း လက်ထပ်မည့်ရက် ကြေညာတော့မည်လည်း ဖြစ်သည်။

ပြီးခဲ့သောလအတွင်း ကယ်လီဖိုးနီးယားတွင်တောမီးကြီး အကြီးအကျယ်လောင်ကျွမ်းရာ မိုင်လေဆိုင်းရပ်မွေးမြူထားသော ခွေး ၇ ကောင်၊ မြင်း၎ ကောင်၊ ဝက် ၂ ကောင်နှင့် ကြောင် ၃ ကောင်ကို လီယမ် ဟမ်းစ်ဝါ့သ်က ကယ်ထုတ်ပေးခဲ့ဖူးသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*