Samsung Myanmar ၏ Brand Ambassador ဖွေးဖွေးနှင့် The Moment တို့ ပူးပေါင်းတင်ဆက်သော Push Your Boundaries ပွဲ

စူးစမ်းလေ့လာပြီး ရရှိလာသော အမှတ်တရအခိုက်အတန့်တွေကို မြင်တွေ့ရသည့်အတိုင်း မှတ်တမ်းတင်၍ မျှဝေလိုသူများအတွက် Samsung Myanmar မှဖန်တီးထားသော စမတ်ဖုန်းသစ် Galaxy A9 အား မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁ ရက်နေ့တွင်မိတ်ဆက်ခဲ့သည်။ အဆိုပါစမတ်ဖုန်းသစ် မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သုံးစွဲသူများ စိတ်လှုပ်ရှားစွာပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်သစ်များကိုလည်း Samsung Brand Ambassador ဖွေးဖွေး၊ The Moment တို့နှင့် ပူးပေါင်း၍ Push Your Boundaries ပွဲအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် ဖွေးဖွေး၏ ပရိတ်သတ်များစွာအနက်မှ ၁၀ ဦးအား ရွေးချယ်ပြီး ဖွေးဖွေးနှင့်အတူ ဓာတ်ပုံတွဲရိုက်ခွင့်အား စီစဉ်ပေးခဲ့ရုံသာမက အဆိုပါ ပရိတ်သတ် ၁၀ ဦးများအနက် ၁ ဦးအား ရွေးချယ်၍ Samsung Social Ambassador အဖြစ် ခန့်အပ်သွားမည်ဖြစ်သည်။ လာရောက်ကြည့်ရှုသူပရိတ်သတ်များအတွက် Galaxy A9 တစ်လုံးအားလည်း အထူးကံစမ်းမဲအစီအစဉ်အဖြစ် ရွေးချယ်ပေးအပ်ခဲ့သည်။

ထို့အပြင် Samsung Myanmar သည် မြန်မာလူငယ်များအကြား နာမည်ကျော်ကြားလူကြိုက်များသော couple influencers များဖြစ်ကြသည့် သူရိန်ကျော်မိုး၊ Christina Lim တို့နှင့်ပူးပေါင်း၍လည်း ကော့သောင်းမြို့အနီးတစ်ဝိုက်တွင် Galaxy A9 အားအသုံးပြု၍ ရိုက်ယူထားသော ခရီးသွားမှတ်တမ်းများကိုလည်း ပြုလုပ်ဖန်တီးထားသည်။ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့အနီးတစ်ဝိုက်ရှိ လှပသော ကမ်းခြေများ နှင့် အပျိုစင်ကျွန်းများကို သွားရောက်စူးစမ်းလေ့လာခဲ့ပြီး Galaxy A9 အသုံးပြု၍ ဓာတ်ပုံများရိုက်ယူရာတွင် ရရှိခဲ့သော အတွေ့အကြုံများကိုလည်း မျှဝေခဲ့သည်။

ကျွန်တော်တို့ ခရီးသွားတဲ့အခါမှာဆိုရင် အရမ်းလှတဲ့ နေရာတွင်ရောက်ရင် မျက်လုံးနဲ့မြင်ရတဲ့အတိုင်း ရှုခင်းကြီးတစ်ခုလုံးကို ဖုန်းထဲမှာ ပေါ်အောင် ရိုက်ယူလို့မရတဲ့ အခြေအနေတွေ အမြဲကြုံရပါတယ်။ ဥပမာ ပင်လယ်ပြင်မျက်စိတစ်ဆုံးမြင်ရတဲ့ ကမ်းခြေအရှည်ကြီးကို ရိုက်ချင်တာတို့၊ သူငယ်ချင်းတွေအများကြီးအုပ်စုလိုက်ရိုက်တဲ့အခါမှာ ဓာတ်ပုံတစ်ပုံထဲမှာ အကုန်လုံးပါအောင်ရိုက်ချင်တာတို့ စတဲ့ အခြေအနေမျိုးပေါ့ဗျာ။ ဒါပေမဲ့ Galaxy A9 သာရှိတယ်ဆိုရင် အဲ့ဖုန်းမှာပါတဲ့ Ultra Wide Angle လုပ်ဆောင်ချက်ကိုရွေးပြီး မျက်စိတဆုံးမြင်ရတဲ့ ရှုခင်းတစ်ခုလုံးကို ရိုက်လို့ရပါတယ်။ ပုံမှန်စမတ်ဖုန်းကင်မရာတွေမှာ ပါတဲ့ 77° view နဲ့ သိသိသာသာ ကွဲပြားပြီး မျက်လုံးနဲ့မြင်ရတာတဲ့အတိုင်း ရိုက်ယူနိုင်ပါတယ်။” ဟု သူရိန်ကျော်မိုးမှ Galaxy A9 ကင်မရာ၏ လုပ်ဆောင်ချက်အသစ်အား မျှဝေပြောကြားခဲ့သည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*