Latest post

သြစတေးလျတွင် ဘတ်စ်ကားပေါ်၌ မိန်းကလေးတစ်ယောက် အဝတ်များချွတ်ချကာ ကပြ

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဘတ်စ်ကားတစ်စင်းပေါ်၌ မိန်းကလေးတစ်ဦးသည် အဝတ်အစားများအားလုံးချွတ်ချကာ လိုက်ပါလာသည့်ခရီးသည်များအား တိုင်ပတ်အက ကပြခဲ့မှု ဖြစ်ပွားခဲ့သည်။

ဘတ်စ်ကားပေါ်ရှိ စီစီတီဗွီမှ ဖမ်းယူရရှိထားသော ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်လျက်ရှိသည်။

အဆိုပါမိန်းကလေးနှင့် သူ၏သူငယ်ချင်းတစ်ဦးသည် ချစ်ပန်ဒေးလ်အရပ်၊ ကလိဗ်လင်း လမ်းမှ တက်လာခဲ့ကြခြင်း ဖြစ်သည်။

ဘတ်စ်ကားပေါ်သို့ ရောက်ရှိလာပြီး ကနဦးတွင် အခြားခရီးသည်များနည်းတူ ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။

သို့သော် မကြာမီတွင်တွင် ထိုနှစ်ဦးအနက် မိန်းကလေးတစ်ဦးက ဘတ်စ်ကားထဲတွင် မတ်တပ်ရပ်လိုက်ကာ အဝတ်များကို တစ်ခုချင်း ချွတ်ချနေခဲ့ပြီး နောက်ဆုံး၌ တစ်ကိုယ်လုံးတွင် အဝတ်အစားတစ်ခုမျှ မရှိတော့ချေ။

ယင်းနောက်တွင် တိုင်ပတ်အကဖြင့် စတင်ကပြတော့သည်။

ထိုသို့ ကပြပြီးနောက် ငွေလှူဒါန်းကြပါရန် ခရီးသည်များကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ဘတ်စ်ကားပေါ်မှ မဆင်းမီတွင်မူ ပုဝါတစ်ခုဖြင့် ပတ်ကာဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နယူးဆောက်ဝေးပြည်နယ် ပို့ဆောင်ရေးဝန်ကြီး အင်ဒရူး ကွန်စတန့်စ်က ပြောကြားရာတွင် အဆိုပါမိန်းကလေး၏ လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်ရာမဟုတ်ကြောင်း ပြောကြားသည်။

လူမှုကွန်ရက်အသုံးပြုသူအချို့ကလည်း မိန်းကလေး၏ လုပ်ရပ်နှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်မှု တစုံတရာပြုလုပ်ရန် တောင်းဆိုကြပြီး ဘတ်စ်ကားပေါ်တွင် ပါလာမည့် ကလေးငယ်များ အတုယူမှားမည်ကို ရတက်မအေးဖြစ်နေကြသည်။

လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ဝေဖန်ရေးသားခဲ့ရာတွင် “အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေတဲ့ တခြားသူတွေ၊ ကလေးငယ်တွေကို လေးစားမှုထားပါ”ဟု ရေးသားခဲ့သည်။

အခြားတစ်ဦးကလည်း “ဘယ်လောက်ကလေးကလားဆန်တဲ့မိန်းမလဲ..ရူးလိုက်တာ..အရှက်ကိုမရှိဘူး”ဟု ဝေဖန်ခဲ့သည်။

သို့ရာတွင် မိန်းကလေး၏ ကပြမှုမှာ ပျော်ရွှင်ဖွယ်ရာသာဖြစ်ကြောင်း ယူဆသူများလည်း များစွာရှိနေသည်။

“ကျုပ်စီးတဲ့ ဘတ်စ်ကားလမ်းကြောင်းရှည်ကြီးကတော့ ပျင်းစရာကြီးပါ။ ကျုပ်တို့ကားပေါ်ကျတော့ ဒါမျိုးကပြတဲ့သူ ဘာလို့မရှိတယ် မသိဘူး” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “အခုဆိုရင် ဘတ်စ်ကားစီးမယ့်သူတွေ အရမ်းများလာတော့မယ်”ဟု အရွှန်းဖောက်ရေးသားထားသည်ကို တွေ့ရသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*