Latest post

လာမည့်ဇန်နဝါရီ ၂၁ တွင် စီရော်နယ်ဒိုကို ထောင်ဒဏ်၂ နှစ် ချမှတ်မည်

ရီးရဲမက်​ဒရစ်​ကြယ်​ပွင့်​​ဟောင်း ခရစ္စတီယာနို ​ရော်​နယ်​ဒိုကို မသမာမှုပြုလုပ်​ခြင်း ပြစ်​မှုဖြင့်​ လာမည့်​ ၂၀၁၉ ခုနှစ်​ ဇန်​နဝါရီလ ၂၁ ရက်​တွင်​ ​ထောင်​ဒဏ်​ ၂ နှစ်​နှင့်​ ဒဏ်​​ငွေ ယူရို ၁၈ ဒသမ ၈ သန်းကျခံ ​ပေး​ဆောင်​ရ​တော့မည်​ဖြစ်​သည်​။

စပိန်​တရား​ရေးဌာနမှ ပုဂ္ဂိုလ်​တစ်​ဦးက ​ပြောကြားရာတွင် “စီ​ရော်​နယ်​ဒိုဟာ ၂၀၁၀ ပြည့်​နှစ်​မှာ ကုမ္ပဏီတစ်​ခု ထူ​ထောင်​ခဲ့ပြီး ပုံရိပ်​အသုံးပြုမှု မူပိုင်​ခွင့်​က​နေ ရရှိလာတဲ့ ဝင်​​ငွေ​တွေအ​ပေါ်မှာ အခွန်​​ရှောင်​လွှဲဖို့အတွက်​ အသုံးချခဲ့ပါတယ်​။” ဟု ပြောကြားသည်။

သူ၏ အမှုကို မက်​ဒရစ်​မြို့ ခရိုင်​တရားရုံးတွင်​ အမိန့်​ချမှတ်​သွားမည်​ဖြစ်​ပြီး စီ​ရော်​နယ်​ဒိုအ​နေဖြင့်​ အမိန့်ချမှတ်မှုကို လက်ခံနားထောင်ရန် တရားရုံးသို့ လာ​ရောက်​ရန်​မလိုဘဲ ဗွီဒီယိုကွန်ဖရင့်ဆက်သွယ်မှုမှတဆင့် ပြစ်ဒဏ်ကို ခံယူနိုင်ရန် စီစဉ်ထားသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၀ အချိန်တွင် စီရော်နယ်ဒို၏ အခွန်ရှောင်လွှဲမှု ၄ ခုအတွက်ပြစ်ဒဏ်စီရင်သွားမည်ဖြစ်သည်။

မက်ဒရစ်မြို့ စီးပွားရေးရာဇဝတ်မှုများဆိုင်ရာ ဥပဒေအရာရှိက ပြောကြားရာတွင် စီရော်နယ်ဒိုသည် လေးနှစ်တာကာလအတွင်း ပုံရိပ်အသုံးပြုမှု မူပိုင်ခွင့်မှ ရရှိငွေများအပေါ် သိလျက်နှင့်သော်လည်းကောင်း၊ မသိ၍ သော်လည်းကောင်း အခွန်ပေးဆောင်ခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။

ပြည်သူ့ရေးရာဝန်ကြီးဌာနက ပြောကြားရာတွင် စီရော်နယ်ဒိုသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း စပိန်ရင်းမြစ်များထံမှ ပုံရိပ်အသုံးပြုခြင်း မူပိုင်ခွင့်အတွက် ယူရို ၁၁ ဒသမ ၅ သန်းဝင်ငွေရရှိခဲ့သည်ဟုသာ တရားဝင်ထုတ်ဖော်ထားသော်လည်း သူ၏ အမှန်တကယ်ဝင်ငွေမှာ ယူရို ၄၃ သန်းနီးပါးဖြစ်ကြောင်း ပြောကြားသည်။

စီရော်နယ်ဒိုသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ရီးရဲမက်ဒရစ်မှ ဂျူဗင်တပ်သို့ ယူရို ၁၀၅ သန်း (ပေါင် ၉၄ သန်း) ဖြင့် ပြောင်းရွှေ့ခဲ့သည်။

စပိန်လာလီဂါဥက္ကဌ ဂျေဗီးယား တီဘက်စ်က ပြောကြားရာတွင် စီရော်နယ်ဒိုပြောင်းရွှေ့သွားခြင်းမှာ ငွေကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

“သူဟာ အဲဒီမှာဆိုရင် ဒီမှာထက်ငွေပိုရမှာဖြစ်ပါတယ်။ ဒါက သူ့ကို အီတလီကိုသွားဖို့ ဆွဲဆောင်ခဲ့တာဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်”ဟုလည်း တီဘက်စ်က ဆက်လက်ပြောကြားသည်။

စီရော်နယ်ဒို၏ရှေ့နေ ဂျို့စ် အန်တိုနီယို ချိုကလန်က ထောင်ဒဏ်ပြစ်ဒဏ်ကို ယူရို ၃၇၅၀၀၀ ဒဏ်ငွေအဖြစ် ပြောင်းလဲပေးပါရန် တရားရုံးကို တင်ပြထားသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*