ဟောင်ကောင်ဒေါ်လာ ၅ ဘီလီယံကျော်ချမ်းသောသော အက်ရှင်ကြယ်ပွင့် ချောင်ယွန်ဖတ်က ပိုင်ဆိုင်သမျှအားလုံးလှူဒါန်းမည်

ကမ္ဘာကျော် အက်ရှင်ဇာတ်ကားကြီးဖြစ်သော Crouching Tiger, Hidden Dragon’ မှ သရုပ်ဆောင်၊ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်၏ကြယ်ပွင့်တစ်ဦးဖြစ်သော ချောင်ယွန်ဖတ်သည် ၎င်းသေဆုံးသွားပါက ပိုင်ဆိုင်သမျှအားလုံးကို ပရဟိတအဖွဲ့များသို့ ပေးလှူခဲ့မည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

ရထားတိုးစီးနေသော ချောင်ယွန်ဖတ်

ဖော့ဘ်မဂ္ဂဇင်းကြီးက ၂၀၁၅ ခုနှစ်အတွင်း ချောင်ယွန်ဖတ်ကို ကမ္ဘာပေါ်တါင် သရုပ်ဆောင်ကြေးအမြင့်ဆုံးရုပ်ရှင်သရုပ်ဆောင်များ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထိုစဉ်က စာရင်းတွင် ရပ်ဆဲလ် ခရိုးနှင့်အတူ နံပါတ် ၂၄ နေရာတွင် ရပ်တည်ခဲ့သော ချောင်ယွန်ဖတ်မှာ ယခုအခါ အသက် ၆၃ နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသို့ အလွန်ချမ်းသာသည့် သန်းကြွယ်သူဌေးကြီးဖြစ်သော်လည်း ဟောင်ကောင်ရထားဘူတာများတွင် လက်မှတ်ဝယ်ရန် တန်းစီနေသော၊ ၎င်းကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားကြည့်ရှုရန် ကိုယ်တိုင်လက်မှတ်တန်းစီနေသော ချောင်ယွန်ဖတ်ကို ဟောင်ကောင်သားများ မကြာခဏတွေ့မြင်ရလေ့ရှိသည်။

တိုင်းမ်မဂ္ဂဇင်းကြီး၏ မျက်နှာဖုံးတွင် တွေ့ရပုံ

အနောက်နိုင်ငံများတွင် များစွာအောင်မြင်ခဲ့သည့် Pirates of the Caribbean (အော်စကာဆုရဇာတ်ကား)နှင့် A Better Tomorrow တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။


Pirates of the Caribbean ဇာတ်ကားတွင် ချောင်ယွန်ဖတ် ပါဝင်သရုပ်ဆောင်ခဲ့ပုံ

ယခုအချိန်တွင် သူ၏ကြွယ်ဝမှုမှာ ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၇၁၅ သန်း) ခန့်ရှိသည်။


Crouching Tiger, Hidden Dragon’ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ပုံ

“ငွေဆိုတာ ဘယ်သူမှ ထာဝရပိုင်ဆိုင်မယ့်အရာ မဟုတ်ပါဘူး။ သေသွားတဲ့နောက်ပိုင်း တခြားသူတွေသုံးဖို့ ထားခဲ့ကြရတာချည်းပါပဲ”ဟု ချောင်ယွန်ဖတ်က တောင်ကိုရီးယားရုပ်သံသတင်းဌာန Munhwa Broadcasting Corporation နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

“လူတွေဟာ သေသွားပြီးရင် ဘဏ်စာရင်းထဲက ငွေတွေကို ဘယ်သူမှ ယူသွားလို့မရပါဘူး”ဟု ချောင်ယွန်ဖတ်က ပြောကြားခဲ့ပြီး ဇနီးဖြစ်သူကလည်း ၎င်း၏ဆုံးဖြတ်ချက်အပေါ် အခိုင်အမာအားပေးသည်ဟု ဆိုသည်။

ဟောင်ကောင်ဒေသတွင်း မီဒီယာတို့က ချောင်ယွန်ဖတ်၏ ကြွယ်ဝမှုမည်မျှရှိသည်ကို အမျိုးမျိုးခန့်မှန်းရေးသားကြသည်။

ချောင်ယွန်ဖတ်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်မှာမူ မိမိမည်မျှချမ်းသာသည်ကို မတွက်ချက်တတ်ကြောင်း ပြောကြားသည်။

ချောင်ယွန်ဖတ်၏ ဇနီး ဂျက်စမင်းတန်က ပြောကြားရာတွင် ခင်ပွန်းဖြစ်သူသည် လမ်းဘေးဆိုင်များတွင်လည်း စားသောက်လေ့ရှိပြီး ဖုန်းကိုပင် နှစ်ပေါင်းများစွာ ကိုင်နေခဲ့သည့် နိုကီယာဖုန်းကလေးသာ ကိုင်ဆောင်ပြီး အဆိုပါဖုန်း ပျက်သွားမှသာ စွန့်ပစ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*