Latest post

Shichida Whole Brain Development School (Yangon Centre) ဆုချီးမြှင့်ပွဲကျင်းပခြင်း

Shichida Whole Brain Development School သည် Shichida Yangon Awarding Ceremony အခမ်းအနားကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် Gandamar Wholesale Compound ရှိ Gandamar Grand Ballroom တွင်ကျင်းပခဲ့ပါသည်။ ယနေ့ကျင်းပသော အခမ်းအနားတွင် Shichida ၌တတ်ရောက်နေသော ကလေးငယ် ကျောင်းသား ကျောင်းသူများထဲမှ ထူးချွန်သူများကို Outstanding Student Award ဆုများချီးမြှင့်ပေးခဲ့ပြီး၊ မိမိ၏သားသမီးများကို ကောင်းမွန်စွာလမ်းညွှန်ပြသရုံမက ပါဝင်ပူးပေါင်းဖို့ အမြဲအသင့်ရှိနေခဲ့သော မိဘများအားလည်း ‘Awesome Mom’ နှင့်‘Awesome Dad’ ဆုများချီးမြှင့်ခဲ့ပါသည်။ Shichida Whole Brain Development School သည် ကမ္ဘာပေါ်တွင်ပထမဦးဆုံးဖွင့်လှစ်ခဲ့သော Right Brain School ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ဂျပန်နိုင်ငံတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါဂျပန်နိုင်ငံတွင် Shichida Right Brain School ကျောင်းခွဲပေါင်း ၄၆၀ ကျော်၊ အမေရိက၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ မလေးရှား တို့တွင် ကျောင်းခွဲပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ကာ ရင်သွေးငယ်သားသမီးများကို ကောင်းမွန်မှန်ကန်သော ဦးနှောက်ဖွံ့ဖြိုးမှုရရှိစေရန်လမ်းပြဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်Shichida Whole Brain Development School များကို ရန်ကုန်မြို့၌ Times Link Condo တွင်လည်းကောင်း၊ မန္တလေးမြို့၌ Mingalar Mandalay Compound တွင်လည်းကောင်းဖွင့်လှစ်ထားရှိပြီဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*