ကပွဲခန်းမအတွင်း လိင်ဆက်ဆံကြသည့်နိုက်ကလပ်တစ်ခုမှ ပြင်းထန်သော ဘက်တီးရီးယား ပျံ့နှံ့

ဂျာမနီနိုင်ငံတွင် ကပွဲခန်းမအတွင်း လိင်ဆက်ဆံမှုပြုကြသော နိုက်ကလပ်တစ်ခုမှတစ်ဆင့် အလွန်ပြင်းထန်သော ဘက်တီးရီးယားတစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိနေသည်။


ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ KitKatClub

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ KitKatClub အမည်ရှိ နိုက်ကလပ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုက်ကလပ်သို့ သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးက ဦးနှောက်အမြှေးရောင်ဘက်တီးရီးယားတစ်မျိုး ကူးစက်ခံရသည်ဟု သံသယရှိကာ ဆေးရုံသို့ သွားရောက် ပြသခဲ့ရာမှတစ်ဆင့် ယခုဖြစ်ရပ်ကြီးကို သိရှိခဲ့ခြင်း ဖြစ်သည်။


ဘာလင်မြို့အုပ်ချုပ်ရေးအဖွဲ့က တစ်မြို့လုံးကို သတိပေးတပ်လှန့်လိုက်ပြီး နိုက်ကလပ်သို့ သွားရောက်ခဲ့သူအားလုံး ကျန်းမာရေးစစ်ဆေးကြရန် ညွှန်ကြားထားသည်။

ကလပ်တည်ရှိရာ အဆောက်အအုံ

KitKatClub ပိုင်ရှင်တို့က ဖေ့စ်ဘုတ်တွင် ရေးသားခဲ့ရာ၌ ရောဂါလက္ခဏာခံစားနေရသူများသည် ဆရာဝန်ထံအမြန်ဆုံးပြသင့်ကြောင်း၊ လက်ရှိဖြစ်ပွားနေသူ၏ အခြေအနေမှာ အလွန်ဆိုးရွားပြင်းထန်လှကြောင်း၊ ကလပ်အတွင်းလုပ်ဆောင်ခဲ့ပုံများကို မမှတ်မိဖြစ်နေကြောင်း၊ ကလပ်သို့လာရောက်ခဲ့သူအားလုံး သတင်းပေးပို့ကြရန် ကျန်းမာရေးဌာနက ထုတ်ပြန်ထားကြောင်း ရေးသားဖော်ပြထားသည်။

ဦးနှောက်အမြှေးရောင်ရောဂါသည် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး တံထွေးနှင့် ခန္ဓာကိုယ်တွင်းအရည်တို့မှတဆင့် ကူးစက်နိုင်သည်။

ဦးနှောက်နှင့် ကျောရိုးအာရုံကြော ရောင်ယမ်းခြင်းများဖြစ်ကာ နာရီပိုင်းအတွင်း သေစေနိုင်သည်ဟု ဆိုသည်။

KitKatClub ကို ၁၉၉၄ ခုနှစ်တွင် အပြာရုပ်ရှင်ထုတ်လုပ်သူ ဆိုင်မွန် သောရ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လာရောက်သည့်ဧည့်သည်များကို ကပွဲခန်းမအတွင်း လိင်ဆက်ဆံကြရန် တိုက်တွန်းအားပေးလေ့ရှိသည်ဟု ဆိုသ်။

မြို့အုပ်ချုပ်ရေးအဖွဲ့က လက်ရှိအားဖြင့် အဆိုပါကလပ်ကို ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ထားခြင်းကားမရှိချေ။

ဝန်ထမ်းများကို ကြိုတင်ကာကွယ်ရေးအနေဖြင့် ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်ကာ ရောဂါမှာ ကလပ်မှ စတင်ခဲ့ခြင်းမဟုတ်သောကြောင့်ဟု ဆိုသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*