သီလရှင်ကျောင်းက ထွက်ပြီး အပြာရုပ်ရှင်လောကထဲခြေစုံပစ်ဝင်ခဲ့တဲ့ သီလရှင်

သီလရှင်ဖြစ်လာဖို့အတွက် ကြိုးစားနေတဲ့ သီလရှင်လောင်းမိန်းကလေးဟာ နာမည်ကျော်အပြာရုပ်ရှင်မင်းသမီးဖြစ်လာဖို့ အပြာရုပ်ရှင်ကားတစ်ကားမှာ ပွဲထွက်ရိုက်ကူးခွင့်ရဖို့အတွက် သီလရှင်ကျောင်းကနေ ထွက်ပြေးခဲ့ပါတယ်။

ယူဒီပီနီဒါလို့ အမည်ရတဲ့ အမျိုးသမီးဟာ စစ်စတာတစ်ဦးဖြစ်လာဖို့အတွက် ကိုလံဘီယာက သီလရှင်ကျောင်းတစ်ကျောင်းမှာ ၈ နှစ်ကြာ လေ့ကျင့်ခဲ့သူဖြစ်ပြီး ဘာသာရေးဆရာနဲ့ ချစ်ကြိုက်မိပြီးနောက် ကျောင်းကနေ ထွက်ခဲ့သူဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူဒီပီနီဒါဟာ ယင်းအချိန်ကစပြီး Web Cam ရှေ့မှာ ဖော်ချွတ်ပြတဲ့မော်ဒယ်ဖြစ်လာခဲ့ပြီး ယခုအခါမှာ အပြာရုပ်ရှင်ဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ယူဒီပီနီဒါဟာ မီယာမီအခြေစိုက် BangBros အပြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အခန်းအများအပြားရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ New York Post သတင်းအရ သိရပါတယ်။

ယူဒီပီနီဒါဟာ ပွဲဦးထွက်ရုပ်ရှင်အနေနဲ့ သီလရှင်ကျောင်းကို အခြေပြုရိုက်ကူးမယ့် သီလရှင်နဲ့ သင်းအုပ်ဆရာတို့ ချစ်ရည်လူးခန်းတွေမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*