SI 3.5 စံနှုန်းဖြင့် ပထမဆုံး ပြင်ဆင်ဖွင့်လှစ်လိုက်သည့် လသာမြို့နယ်ရှိ Huawei Branded Showroom

rhdr

သုံးစွဲသူများအတွက် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်ကာ Huawei Consumer Business Group မှ Huawei အမှတ်တံဆိပ်ပါ showroom များအား နိုင်ငံအနှံ့တွင် ဖွင့်လှစ်လျက်ရှိပြီး အဆင့်မြင့်မားသည့် ဝန်ဆောင်မှုများ နှင့် သုံးစွဲသူအတွေ့အကြုံများ ပေးအပ်လျက်ရှိသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်း သုံးစွဲသူများအား ပိုမိုအဆင့်မြင့်မားသည့် သုံးစွဲသူအတွေ့အကြုံများ ပေးစွမ်းနိုင်ရန်အတွင် SI 3.5 စံနှုန်းဖြင့် Huawei Branded Showroom (လသာ) အား ပြန်လည်ပြင်ဆင်ဖွင့်လှစ်လိုက်သည်။

SI ၏ အရှည်ကောက်မှာ Store Identity ဖြစ်ပြီး ၄င်းမှာ လက်လီဈေးကွက်နဲ့ ပတ်သက်ပြီး Huawei မှ သုံးစွဲသူများ အပေါ်တွင် ထားရှိသည့် တန်ဖိုးအား ဖော်ပြလေ့ရှိသည့် ဒီဇိုင်းပိုင်းဆိုင်ရာ အကြောင်းအရာ တစ်ခုဖြစ်သည်။ Huawei Experience Store မှ အစပြုကာ Display Zone နှင့် ကောင်တာများ ထားရှိရသည်အထိ အဆင့်မြင့်ပြောင်းလဲထားသည့် ယခု Huawei Branded Showroom သည် သုံးစွဲသူများအား အကောင်းဆုံးလက်လီ အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်ပြီး သုံးစွဲသူများ နှင့် Huawei ထုတ်ကုန်များကြား စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုအား တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

SI 3.5 စံနှုန်းဖြင့် တည်ဆောက်ထားသည့် Showroom သည် ရိုးရှင်းမှု ၊ အဆင့်မြင့်မားမှု ၊ သက်တောင့်သက်သာရှိမှု နှင့် ၊ နွေးထွေးမှုအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

Huawei မှ ဆိုင်အသစ်ပြန်လည်ဖွင့်လှစ်သည်အနေဖြင့် သုံးစွဲသူများအတွက် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တစ်ခုနဲ့လည်း မိတ်ဆက်ခဲ့သည်။ Huawei Branded Showroom ၏ Soft Opening ကာလဖြစ်သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှ ဇန်နဝါရီလ ၄ ရက်နေ့ဆိုင်ဖွင့်ပွဲ မစတင်မှီအထိ ဝယ်ယူထားသူများမှ ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်များအား ကံစမ်းခွင့် ရရှိခဲ့သည်။

ကံစမ်းခွင့် ရရှိခဲ့သည့် လက်ဆောင်များမှာ  ရေခဲသေတ္တာ ၁ လုံး ၊ Huawei Y5 Lite ၁၀ လုံး ၊ ပန်ကာအလုံး ၂၀ နှင့် Huawei Powerbank အလုံး ၂၀ တို့ပင်ဖြစ်သည်။

ယခုကဲ့သို့ Huawei Branded Showroom ပြင်လည်ပြင်ဆင်ဖွင့်လှစ်ဖြစ်ခြင်း နှင့် ပတ်သက်ပြီး Huawei Consumer Business Group ၏ Channel Director တစ်ဦးဖြစ်သည့် Mr.William Wang မှ “ ဒီ လသာ Showroom ဟာ SI 3.5 စံနှုန်းရှိတဲ့ ပထမဆုံးသော Showroom တစ်ခုဖြစ်ပါတယ်။ SI 3.5 ဖြစ်သွားလို့ အရင် Brand Shop တွေနဲ့ ဘာကွာသွားလဲဆိုရင် ကျွန်တော်တို့ SI 3.5 Showroom ဟာ Product Display ပိုင်းကို ပိုပြီးတော့ အာရုံစိုက်လာပါတယ်။ ပြီးတော့ မလိုအပ်တဲ့ အမြင်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေကိုလည်း လျှော့ချလိုက်နိုင်ပြီး ရှင်းလင်းစွာ ဈေးဝယ်နိုင်တဲ့ ဧရိယာတစ်ခုကို ဖန်တီးပေးလိုက်တာပါ။ Accessories တွေ ထားရှိတဲ့ စင်ကိုလည်း ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်အောင် ၊ experience table တွေကိုလည်း ပိုမို အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတာပါ။ အခုဆို အဆင့်မြင့်တင်မှုတွေ အားလုံးဟာ သုံးစွဲသူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ဈေးဝယ်ခြင်းအတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်တာပါ။ ဆက်လက်ပြီးတော့လည်း အခုလိုမျိုး SI 3.5 Showroom တွေကို ဆက်လက်ဖွင့်လှစ်သွားဖို့ လုပ်ဆောင်သွားပါ့မယ်။” ဟု ပြောကြားခဲ့သည်။

Huawei သည် နိုင်ငံပေါင်း ၁၇၀ ကျော်၌ Flagship Store ပေါင်း ၄၀၀၀ ကျော် ဖွင့်လှစ်ထားပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော အတွေ့အကြုံများ ပေးအပ်လျှက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*