နားရွက်ထဲမှာ ပါးစပ်အပိုပါလာတဲ့ ခွေးလေး

Toad လို့ အမည်ပေးထားတဲ့ ခွေးလေးဟာ မိသားစုကို ချစ်တတ်တဲ့သာမန်ခွေးလေးတစ်ကောင်သာ ဖြစ်တယ်လို့ ၎င်းရဲ့ပိုင်ရှင်တွေက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Toad ကို သူမတူစေတဲ့အရာတစ်ခုကတော့ ၎င်းရဲ့နားထဲမှာ ဒုတိယပါးစပ်ရှိနေတာဖြစ်ပါတယ်။

ယင်းဒုတိယပါးစပ်မှာ သွားတွေရှိပြီး တံတွေးတောင် ထုတ်နိုင်တယ်လို့ သိရပါတယ်။ Toad ရဲ့ထူးခြားချက်ကို အုတ်ကလာဟိုးမားမြို့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ရောက်ရှိလာချိန်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီကနေ မကြာမီမှာပဲ အနီးအနားမှာရှိတဲ့ မတ်မစ်စ်ဖစ်ကို ပြောင်းရွှေ့ခဲ့ပြီး ယင်းစင်တာဟာ ကျန်းမာရေးပြဿနာရှိနေတဲ့ တိရစ္ဆာန်တွေအတွက် ကယ်ဆယ်ရေးစင်တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးစင်တာရဲ့တည်ထောင်သူလည်းဖြစ်တဲ့ Toad ရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ ဟေသာဟာနန်ဒက်ဇ်က “ချက်ချင်းဆိုသလိုပဲ သူက ခွေးအများစုနဲ့ ကွဲပြားနေတာကို ကျွန်မတို့ သတိထားမိခဲ့ကြပါတယ်”

“စောင့်ရှောက်ရေးဂေဟာမှာ ပထမဆုံးလုပ်ခဲ့တဲ့ စစ်ဆေးမှုအပြီးမှာ ကျွန်မတို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ သူ့မှာ နားအပိုပါလာတယ်လို့ အစက ထင်ခဲ့ကြပါတယ်”

“ဒါပေမယ့် ကျွန်မတို့ သူ့ရဲ့သားဥအိမ်ကို ဖယ်ရှားဖို့အတွက် အိပ်ဆေးထိုးပေးတဲ့အချိန်မှ သူ့မှာ နားတစ်စုံနဲ့ ပါးစပ် ၂ ခုပါမှန်းသိခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*