ပင်လယ်ထဲ ၅ လကြာ ကူးခတ်ပြီး စံချိန်သစ်များစွာတင်ထားတဲ့ အမျိုးသား

ရော့စ်အက်ဂ်ျလေလို့ အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ပင်လယ်ထဲမှာ မိုင်ပေါင်းထောင်ချီရှည်လျားတဲ့ အကွာအဝေးကို ၅ လကြာ ကူးခတ်ပြပြီး စံချိန်သစ်တွေ ရရှိခဲ့ပါတယ်။

ရော့စ်အက်ဂ်ျလေဟာ စွန့်စားသွားလာသူနဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး ဂရိတ်ဗြိတိန်ကျွန်းကြီးတစ်ခုလုံးကို ပတ်ပြီး ရေကူးပြခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ဇွန်လ ၁ ရက်နေ့မှာ အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ မာဂိတ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ရော့စ်အက်ဂ်ျလေဟာ ပင်လယ်ထဲမှာ တစ်နေ့ကို အနည်းဆုံး ၆ နာရီ ကူးခတ်ခဲ့ပြီး ပင်လယ်ဆားငန်ရေကြောင့် အရသာအာရုံခံစနစ် ပျက်ခဲ့သလို ရေခူကြောင့် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ နာကျင်မှုခံစားနေရပါတယ်။

MARGATE, ENGLAND – NOVEMBER 04: Ross Edgley of England talks to friends and fans after finishing his ‘Great British Swim’, an historic 2,000 mile swim around Great Britain on November 4, 2018 in Margate, England. (Photo by Luke Walker/Getty Images for Red Bull)

ရော့စ်အက်ဂ်ျလေဟာ ၁၈၇၅ ခုနှစ်မှာ အင်္ဂလိပ်ရေလက်ကြားကို အကူအညီမပါဘဲ ပထမဆုံး ဖြတ်သန်းကူးခတ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့တဲ့ မက်သရူးဝက်ဘ်ကို လေးစားအားကျတာကြောင့် ဗြိတန်ကျွန်းကြီးကို ဖြတ်သန်းကူးခတ်ပြခဲ့တာလို့ သိရပါတယ်။

ရော့စ်အက်ဂ်ျလေရဲ့ ၁၅၇ ရက်ကြာ ပင်လယ်ပြင်ကူးခတ်စွန့်စားခန်းအပြီးမှာတော့ ဗြိတိန်တောင်ဘက်ကမ်းရိုးတန်းတစ်ခုလုံးကို ဖြတ်သန်းကူးခတ်ဖူးသူ၊ ပင်လယ်ထဲမှာ အကြာဆုံး ရေကူးခတ်ခဲ့သူ၊ ကုန်းလမ်းကနေသွားမယ်ဆိုရင်တောင် ၈၇၄ မိုင်ကွာဝေးတဲ့ Land’s End ကနေ John o’ Groats ကျွန်းကို အမြန်ဆုံးကူးခတ်သွားလာနိုင်သူ၊ ဂရိတ်ဗြိတိန်ကျွန်းကို အစအဆုံး ဖြတ်သန်း ကူးခတ်ဖူးသူ စတဲ့ စံချိန် ၄ ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*