သူစိမ်းတစ်ယောက်ဆီက လက်စွပ်ငှားပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ျွန်အဲလီးယော့လို့ အမည်ရတဲ့အမျိုးသားတစ်ဦးဟာ ဂျန်နီပါကားလို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပေါင် ၇၀၀၀ တန်လက်စွပ်နဲ့ ၎င်းရဲ့ချစ်သူ အက်ရှ်လေကို ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

အမျိုးသားအများစုဟာ ချစ်သူကို လက်ထပ်ခွင့်မတောင်းမီမှာ ပြီးပြည့်စုံတဲ့ စေ့စပ်လက်စွပ်ကို ရှာဖွေနေရတာနဲ့တင် အချိန်ကုန်တတ်ကြပြီး ဂျွန်အဲလီးယော့ကတော့ သူများနဲ့မတူတဲ့ အကြံအစည်နဲ့ ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွန်အဲလီးယော့ဟာ တခါမှမမြင်ဖူးတဲ့ အမျိုးသမီးတစ်ဦးဆီကနေ လက်စွပ်ကို ပေါင် ၅၀ နဲ့ ငှားရမ်းခဲ့ပြီး ၎င်းရဲ့ချစ်သူ မမျှော်လင့်ထားတဲ့အချိန်မှာ ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

ယခုလိုထူးဆန်းတဲ့အကြံအစည်မျိုးကို ရခဲ့တဲ့အကြောင်းအရင်းကတော့ ဂျွန်ဟာ အက်ရှလေကိုယ်တိုင် နှစ်သက်တဲ့ လက်စွပ်ကို ရွေးချယ်စေချင်လို့ဖြစ်တယ်လို့ သိရပြီး လက်စွပ်တစ်ကွင်းမှမပါဘဲလည်း လက်ထပ်ခွင့်မတောင်းခံချင်တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျွန်ဟာ လက်စွပ်ငှားရမ်းဖို့အတွက် Fat Llama ဝက်ဘ်ဆိုက်ကနေတဆင့် လက်စွပ်စာရင်းကို တောင်းခဲ့ပြီး အလှဆုံးလို့ ထင်တဲ့လက်စွပ်ကို ငှားရမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အက်ရှ်လေဟာ အလွန်လှပတဲ့ လက်စွပ်လေးဟာ သူမအမှန်တကယ် ရရှိမယ့်လက်စွပ်မဟုတ်ကြောင်း သိသွားတဲ့အချိန်မှာ ဝမ်းနည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူမ နှစ်သက်တဲ့လက်စွပ် ဘယ်အမျိုးအစားကိုမဆို ဝယ်ယူနိုင်ကြောင်း သိသွားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*