Latest post

အဖိုးအရွယ်နဲ့ လက်ထပ်ပြီး ကလေးယူဖို့ ကြိုးစားနေတဲ့ ၁၉ နှစ်သမီး

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ JR လို့အမည်ရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး လူမှုကွန်ရက်မှာ JR ဟာ ကလေးသူခိုးလို့ ဝိုင်းဝန်လှောင်ပြောင်ခြင်းခံနေရပါတယ်။

စမန်သာဆင်ပ်ဆန်ဟာ ၎င်းရဲ့ခင်ပွန်းဖြစ်လာမယ့် JR ကို ၎င်းအသက် ၁၈ နှစ်အရွယ်မှာ ဖေ့စ်ဘွတ်ခ်က Mutual Friend စာရင်းထဲမှာ ပထမဆုံးစတင်မြင်တွေ့ခဲ့တာဖြစ်ပြီး တစ်လခန့်စကားပြောပြီးနောက်မှာ ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။

စမန်သာရဲ့မိသားစုဟာ အသက်အရွယ်အလွန်ကွာဟနေတဲ့အတွက် JR နဲ့ သဘောမတူခဲ့တာကြောင့် စမန်သာဟာ ဘယ်ရီဗေးလ်မှာရှိတဲ့ ၎င်းရဲ့ကိုယ်ပိုင်တိုက်ခန်းကို ပြောင်းရွှေ့ခဲ့ပြီး JR ကလည်း စမန်သာနဲ့အတူ လာရောက်နေထိုင်ခဲ့ပါတယ်။

စမန်သာနဲ့ JR တို့ဟာ လျင်လျင်မြန်မြန်ပဲ နီးစပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ပေါင်းသင်းခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ စမန်သာနဲ့ JR တို့ဟာ ရင်သွေးရရှိဖို့ ကြိုးပမ်းနေကြပြီး စမန်သာရဲ့ပြောကြားချက်အရ သူမရဲ့အမျိုးသားကို လူစိမ်းတွေက နေ့တိုင်း ကလေးသူခိုး၊ ကလေးမုဒိမ်းကောင်လို့ စော်ကားနေကြပြီး JR ကို စမန်သာရဲ့အဖိုးလို့လည်း ထင်နေကြသူတွေလည်း ရှီတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*