Latest post

ကင်ဂျုံအမ်ရဲ့ ပိတ်ဆို့မှုဖယ်ရှားပေးဖို့ တောင်းဆိုချက်ကို ထရမ့် ငြင်းဆန်ခဲ့

President Donald Trump meets North Korean leader Kim Jong Un, Wednesday, Feb. 27, 2019, in Hanoi. (AP Photo/ Evan Vucci)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တို့ရဲ့ ထိပ်သီးတွေ့ဆုံမှုအပြီးမှာ မြောက်ကိုရီးယားဘက်က သူတို့အပေါ် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ်မှာ ဒေါ်နယ်ထရမ့်က ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။
ဟနွိုင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ ထိပ်သီးဆွေးနွေးပွဲဟာ ထင်သလောက် အောင်မြင်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။

President Donald Trump meets North Korean leader Kim Jong Un, Wednesday, Feb. 27, 2019, in Hanoi. (AP Photo/ Evan Vucci)

“သူတို့က ပိတ်ဆို့အရေးယူမှုအားလုံးကို ဖယ်ရှားပေးစေချင်ခဲ့ပါတယ်၊ ကျွန်တော်တို့ ဒီလိုတော့ မလုပ်နိုင်ပါဘူး” လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ ဟနွိုင်းမှာတွေ့ဆုံခဲ့တဲ့ ညီလာခံအပြီးမှာ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပြီး တတိယအကြိမ်မြောက်
တွေ့ဆုံမှုတော့ ရှိလာမှာမဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

တွေ့ဆုံမှုမှာ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှာဟာ ထင်သလိုဖြစ်မလာခဲ့ပဲ နားလည်မှု ရရှိဖို့ ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုအပေါ်မှာ အမေရိကန်ဘက်က
ပိတ်ဆို့အရေးယူထားခဲ့တာ ဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ပြေလည်မှုမရရှိသေးတဲ့ ပြသနာအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။

US President Donald Trump (L) speaks with North Korea’s leader Kim Jong Un during a meeting at the Sofitel Legend Metropole hotel in Hanoi on February 27, 2019. (Photo by Saul LOEB / AFP) (Photo credit should read SAUL LOEB/AFP/Getty Images)

မြောက်ကိုရီးယားဟာ နျူကလီးယားထုတ်လုပ်စမ်းသပ်မှုကို ပြုံးယမ်းမြောက်ဘက်မှာ တည်ရှိတဲ့ Yongbyon Complex မှာ အခြေချ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမတိုင်ခင်မှာ မြောက်ကိုရီးယားအထူးကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ စတီဖင်ဘီဂမ်က မြောက်ကိုရီးယားအနေနဲ့
ပလူတိုနီယမ် နဲ့ ယူရေနီယမ်ပိုင်ဆိုင်ထားသမျှကို ဖျက်ဆီးပစ်ဖို့အတွက် သတိပေးခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားဘက်ကတော့ မလိုက်နာခဲ့ပဲ နျူကလီးယားစမ်းသပ်မှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ Yongbyon ဒေသဟာ မြောက်ကိုရီးယားရဲ့ ပလူတိုနီယမ်ကြွယ်ဝရာ ဒေသအဖြစ် လူသိများထင်ရှားတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်
ဘက်ကတော့ မြောက်ကိုရီးယားဟာ ယူရေနီယမ်ထုတ်လုပ်ဖို့အတွက် အခြားသော ဆက်စပ်ပစ္စည်း အနည်းဆုံး (၂)ခုခန့်ကို မြောက်ကိုရိးယားဘက်က ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*