Latest post

ပြည်တွင်းဈေးကွက်တွင် မကြာမီအချိန်တွင်း မိတ်ဆက်ပေးတော့မည့် OPPO F11 Pro

ကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများ၏ အားပေးထောက်ခံမှု ကို တစ်ခဲနက်ရရှိ ထားသည့်OPPO F series ၏ အစ OPPO F1၊ F1 Plus၊ F1s တို့သည် ၂၀၁၆ ခုနှစ်မှ စတင် ၀င်ရောက်လာပြီးနောက် OPPO သည် selfie လောက၏ ဦးဆောင်သူ တစ်ဦးဖြစ်လာခဲ့ပါသည်။ ပထမဦးဆုံး dual selfie camera ပါဝင်သည့် OPPO F3 Plus နှင့် F3 ကို ၂၀၁၇ ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် လည်းကောင်း မျက်နှာပြင်အပြည့်နှင့် OPPO F5 Youth ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း စတင်ရောင်းချခဲ့ပြီး လူငယ်လူရွယ်တို့ အကြား စိတ်ကျေနပ်မှုကို ရရှိစေခဲ့သည့် စမတ်ဖုန်းများဖြစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးသော Helio P60 12 nanometer ထည့်သွင်းထားသည့် OPPO F7 ကို ရောင်းချပေးခဲ့ပြီးနောက် အရောင်ပြေးကာလာ ဒီဇိုင်းခေတ်ကို ဦးဆောင်ခဲ့သည့် F9 စမတ်ဖုန်းကို ပထမဆုံး ရေစက်ပုံစံ မျက်နှာပြင်နှင့်အတူ ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပါသည်။ အရောင်သုံးရောင်စပ် ဒီဇိုင်းနှင့် အလယ်မှ ထွက်ပေါ်လာသည့် Pop-up selfie camera တို့ ပေါင်းစပ်ထားသော OPPO F11 Pro သည် မကြာမီအချိန် အတွင်း ရောက်ရှိလာတော့မည် ဖြစ်ပါသည်။

သုံးရောင်စပ် OPPO F11 Pro စမတ်ဖုန်းတွင် ဆန်းပြားသည့် 3D အရောင်ပြေး ကိုယ်ထည် ဒီဇိုင်းအပြင် Panoramic Screen ဒီဇိုင်းကိုပါ ထည့်သွင်းပေးထားသည်။ စမတ်ဖုန်းတွင် တမူထူးခြားပြီး ပထမဦးဆုံးသော အလယ်မှ ထွက်ပေါ်လာသည့် Pop-up selfie camera နှင့်အတူ ညအချိန်ခါတွင် အလင်းအမှောင် ညီမျှသော portrait ပုံရိပ်များ ဖမ်းယူနိုင်မည့် 48MP Low Light Portrait rear camera ကိုလည်း တပ်ဆင်ပေးထားပါသည်။ F11 Pro တွင် TUV ၏ လုံခြုံမှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် အမြန်အားသွင်းစနစ် အသစ် VOOC 3.0 ထောက်ပံ့ထားသော 4000mAh ဘက်ထရီသည်  စမတ်ဖုန်းအား မိနစ် ၈၀ အတွင်း အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါသည်။ ပထမဆုံးသော ColorOS 6 ထောက်ပံ့ထားသည့် OPPO F11 Pro သည် သုံးစွဲသူ များအား ပျော်ရွှင်စရာ ကောင်းပြီး ခေတ်မီဆန်းသစ်သည့် လုပ်ဆောင်ချက်များစွာ ကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် Hyberboost Technology၊ Game Space နှင့် Game Assistant တို့ ထည့်သွင်း ပေးထားသောကြောင့် ဂိမ်းဝါသနာအိုးများ အတွက် အချောမွေ့ဆုံးနှင့် အကောင်းဆုံးသော Gaming Experience ခံစားမိစေမှာ ဖြစ်ပါသည်။ ဆန်းသစ်သည့် ဒီဇိုင်းကာလာ၊ တာရှည်ခံ ဘက်ထရီ သက်တမ်း၊ 48MP+5MP နောက်ကင်မရာနှစ်လုံး တို့နှင့်ထွက်ပေါ်လာသည့် OPPO F11 Pro သည် မကြာမီအချိန် အတွင်း မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မည် ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*