အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နှင့် OPPO F11 Pro ကို (၄၉၉,၉၀၀) ကျပ်ဖြင့် ပြည်တွင်းတွင် မိတ်ဆက်

 မြန်မာပြည်တွင်းရှိ စမတ်ဖုန်းသုံးစွဲသူများအတွက် ခေတ်မီဆန်းသစ်ပြီး ဖက်ရှင်ကျလှပသော စမတ်ဖုန်းများ အစဉ်မိတ်ဆက်ပေးလျက်ရှိသော OPPO Myanmar သည် အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နှင့် တီထွင်ဆန်းသစ်သော နည်းပညာများဖြင့် ဖန်တီးထားသည့် OPPO F11 Pro စမတ်ဖုန်းကို မတ်လ (၂၁) ရက်တွင် ရန်ကုန်မြို့ Sedona Hotel ၌ မိတ်ဆက်ခဲ့သည်။ F11 Pro စမတ်ဖုန်းကို သဘာဝအလှတရားမှ စိတ်ကူးဖန်တီးထားသည့် Thunder Black နှင့် Aurora Green ဟူသော အရောင်နှစ်ရောင်ဖြင့် ရရှိနိုင်ပါသည်။ F11 Pro စမတ်ဖုန်းတွင် 48MP ကျောဘက်ကင်မရာ၊ မျက်နှာပြင်ပြည့် Panoramic Screen နှင့် VOOC 3.0 အမြန်အားသွင်းစနစ် တို့ပါရှိ၍ လွယ်ကူအဆင်ပြေချောမောသည့် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။

“OPPO ရဲ့ ပထမဆုံး F Series စမတ်ဖုန်းဖြစ်တဲ့ F1 ကို ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် စမတ်ဖုန်းကင်မရာနည်းပညာကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ စမတ်ဖုန်းအသစ်တိုင်းမှာ ကင်မရာနည်းပညာတွေ ဆက်လက်အဆင့်မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါတယ်။ သတ္တုကိုယ်ထည်စမတ်ဖုန်းဒီဇိုင်းကနေ ရောင်ပြေးကာလာ စမတ်ဖုန်းဒီဇိုင်းအဖြစ်၊ bezel သေးသေးကနေ notch မပါတဲ့ panoramic screen အဆင့်အဖြစ်သို့ OPPO F Series စမတ်ဖုန်းတွေဟာ ဖက်ရှင်ကျတဲ့ ဒီဇိုင်းတွေနဲ့ အကောင်းဆုံးဓာတ်ပုံနည်းပညာတွေကို အမြဲပေါင်းစပ်ခဲ့ပါတယ်။ ယနေ့မှာတော့ F Series ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ F11 Pro စမတ်ဖုန်းသစ်ကို ကြေညာပေးသွားမှာဖြစ်ပါတယ်။ လူကြီးမင်းတို့ကို Portrait Master ဖြစ်လာစေမယ့် OPPO စမတ်ဖုန်းသစ်ကို နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု OPPO Myanmar ၏ Product Manager ဦးသန်းအောင်က ပြောကြားခဲ့သည်။

၆.၅ လက်မ မျက်နှာပြင်အရွယ်အစားနှင့် ၉၀.၉% မျက်နှာပြင်အချိုးဖြင့် ထွက်ရှိလာသော OPPO ၏ F11 Pro တွင် notch၊ hole punch၊ bezel တို့လုံးဝမပါဘဲ စမတ်ဖုန်းအလယ်မှ ထွက်လာနိုင်သည့် Pop-up Selfie ကင်မရာစနစ်သာ ပါရှိ၍ ဖျော်ဖြေရေးနှင့် ဂိမ်းကစားခြင်းအတွက် မြင်ကွင်းကျယ်မျက်နှာပြင်အရသာကို အပြည့်အဝခံစားရရှိစေမည်ဖြစ်သည်။ OPPO F11 Pro တွင် ဓာတ်ပုံရုပ်ထွက်အထူးကောင်းမွန်စေသော 48MP+5MP ကျောဘက်ကင်မရာနှစ်လုံးတပ်စနစ်၊ F1.79 အလင်းဝင်ပေါက်နှင့် 6P မှန်ဘီလူးနှင့် 1/2.25 လက်မရှိ ဓာတ်ပုံအာရုံခံစနစ်တို့ပါရှိ၍ ဓာတ်ပုံများကို အသေးစိတ်ရိုက်ယူနိုင်ပြီး ရုပ်ထွက်မှုန်ဝါးခြင်းကို လျော့ချပေး၍ ပုံများကိုပိုမိုကြည်လင်ပြတ်သားစေသည်။ ထို့အပြင် Ultra-Night Mode နှင့် Dazzle Color Mode တို့သည် အလင်းမှိန်မှိန်အခြေအနေများတွင်ပင် ဓာတ်ပုံများကို အထင်ရှားဆုံးဖန်တီးနိုင်သည်။ F11 Pro သည် အကောင်းဆုံးညရှုခင်းရိုက်ကူးမှုများအတွက် မျက်နှာများကို ခွဲခြားပေးနိုင်ခြင်း၊ အသားအရောင်နှင့် အလင်းရောင်ကို ချိန်ညှိပေးခြင်းအပြင် အလင်းအားကို မှန်ကန်စေခြင်းများ စွမ်းဆောင်ပေးနိုင်သည်။

OPPO F9 သည် ၂၀၁၈ ခုနှစ်တွင် အရောင်ပြေးကာလာစမတ်ဖုန်း ခေတ်ရေစီးကြောင်းကို စတင်ခဲ့ပြီး F11 Pro သည် “သဘာဝတရားမှဖန်တီးမှု” ဟူသော အနုပညာမြောက်သည့် သဘောတရားကို အခြေခံ၍ ထူးခြားသော ရောင်ပြေးကာလာဒီဇိုင်းဖြင့် ထွက်ရှိလာသည်။ F11 Pro စမတ်ဖုန်းသည် ညချမ်းအချိန်ကဲ့သို့ အေးမြသော အနက်ရောင်အကြား အပြာနှင့် အစိမ်းအလင်းတန်းများကို ရောယှက်ဖန်တီးထားဟန်ရှိသည့် Aurora Green အရောင်အပြင်၊ ညကောင်းကင်ယံတွင် တွေ့ရသော ဥက္ကာကြယ်များကဲ့သို့ အနီနှင့်အပြာကို မဟူရာအရောင် နှင့်ရောစပ်ထားဟန်ရှိသည့် Thunder Black အရောင်နှင့်လည်း ရရှိနိုင်သည်။

OPPO F11 Pro စမတ်ဖုန်းသစ်မိတ်ဆက်ပွဲသို့ OPPO Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးမိတ်ဖက်ကုမ္ပဏီများ၊ သတင်းမီဒီယာများ၊ OPPO Brand Ambassador များဖြစ်သော ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသု၊ မျိုးကြီးနှင့် ပိုင်တံခွန်အပြင် အထူးဖိတ်ကြားထားသော အနုပညာရှင်များဖြစ်သည့် ဒေါင်း၊ ကျော်ထက်ဇော်၊ ပိုင်အုပ်စိုးအောင်နှင့် ယမင်းမေဦးတို့တက်ရောက်ခဲ့ပြီး Project K အကအဖွဲ့က အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။

အချိုးကျလှပသောဒီဇိုင်း၊ မြင်ကွင်းကျယ်မျက်နှာပြင်နှင့် အရောင်စပ်ပြေးအလှတရားတို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော OPPO F11 Pro ကို မတ်လ (၂၂) ရက်မှ မတ်လ (၂၈) အတွင်း မြန်မာကျပ်ငွေ (၃၀,၀၀၀) ကျပ် ပေးသွင်း၍ ကြိုတင်မှာယူနိုင်ပြီး (၄၀,၀၀၀) ကျပ်ဝန်းကျင်တန်ဖိုးရှိ OPPO Bluetooth Headphone များကို လက်ဆောင်အဖြစ် ရယူနိုင်ပါသည်။ ထို့အပြင် OPPO F11 Pro ကြိုတင်မှာယူသူများအား OPPO Myanmar မှ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် OPPO Facebook Page တွင် F11 Pro ကြိုတင်မှာယူမှုဘောင်ချာဓာတ်ပုံတင်ပေးလျှင် ၁၀၀% ငွေသားပြန်လည်ပေးအပ်မည့် ကံစမ်းမဲအစီအစဉ်တစ်ခုလည်း ပြုလုပ်ပေးထားသည်။ OPPO F11 Pro စမတ်ဖုန်းကို မတ်လ (၃၀) ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် (၄၉၉,၉၀၀) ကျပ်ဖြင့် စတင်ရောင်းချသွားမည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*