အသစ် စတင်ဖြန့်ချိလိုက်သည့် TECNO SPARK 3 PRO SMARTPHONE ၏ ROADSHOW က မိုဘိုင်းဖုန်းသုံးစွဲသူများအား အံ့အားသင့်စေခဲ့

TECNO Mobile က အသစ်ထုတ်လုပ်ဖြန့်ချိထားသော SPARK 3 Pro[1] စမတ်ဖုန်းအတွက် roadshow ကို လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာတွင် မတ်လ ၂၇ရက်၊ ယမန်နေ့က ကျင်းပ ခဲ့ပါသည်။ တေးဂီတ၊ အကအလှနှင့် မျက်လှည့်အစီအစဉ် စသည့်ဖျော်ဖြေတင်ဆက်မှုများစွာဖြင့် တစ်ညနေခင်းလုံး ပြည့်နှက်နေပြီး TECNO Mobile ၏ Deputy General Managing Director ဖြစ်သော Mr. Alex He၊ TECNO Mobile ၏ Region Director ဖြစ်သော Mr. Gavin Wu၊ TECNO Mobile ၏ Deputy GTM Director ဖြစ်သော Mr. Stephen Dai နှင့် TECNO Mobile Myanmar ၏ Country Manager ဖြစ်သော Mr. Jason Wong တို့ အပါအ၀င် TECNO Mobile ၏ ထိပ်တန်းဦးဆောင်သူများလည်း တက်ရောက်ခဲ့ပါသည်။

ပရိသတ်အားလုံး ပါဝင်ဆင်နွှဲနိုင်သည့် ဤပွဲတွင် စမတ်ဖုန်းများအား အနီးကပ်ကြည့်ရှုနိုင်မည့် Booth များ ထားရှိပြီး TECNO မှ ထွက်ရှိထားသည့် စမတ်ဖုန်း များနှင့်အတူ နောက်ဆုံးထွက်ရှိထားသော TECNO SPARK series ဖုန်း များကိုလည်း ဧည့်သည်တော်များ စမ်းသပ် ကြည့်ရှုနိုင်ရန် ပြသပေးထားပါသည်။ သင့်တင့် သော ဈေးနှုန်းရှိပြီး စမတ်ကင်မရာ နှင့် နောက်ဆုံးပေါ် feature များပါရှိသည့် စမတ်ဖုန်းအမျိုးအစားကို ကြိုက်နှစ်သက်သူများအား အရောင်းမြှင့်တင်ရေး အဖွဲ့က SPARK 3 Pro လက်ကမ်းကြော်ငြာများကို ဖြန့်ဝေပေးခဲ့ကြပါသည်။

ပွဲသို့ လာရောက်သူ ပရိသတ်အနေဖြင့် လူကြိုက်များသော TECNO SPARK series ၏ feature များကို စမတ်ဖုန်း မဝယ်ယူမီ ကိုယ်တိုင် စိတ်ကြိုက် စစ်ဆေးစမ်းသပ်နိုင်ရန်လည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဧည့်သည်များသည် Roadshow တွင်ပါရှိသော Instagram အတွက် အထူးသင့်လျော်သည့် photobooth များတွင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ချက်ချင်းပေါက်ချက်ချင်းယူကံစမ်းမဲ အစီအစဉ်အပါအ၀င် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် အစီအစဉ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။  ပွဲတွင်ဝယ်ယူအားပေးသူများအား TECNO က အံ့အားသင့်ဖွယ် လက်ဆောင်ပစ္စည်းများဖြင့် ပြန်လည် ၍  မေတ္တာတုံ့ပြန်ခဲ့ပါသည်။

TECNO Mobile Myanmar ၏ Country Manager ဖြစ်သော Mr. Jason Wong  က ပွဲတွင်ပြောကြားရာ၌ “စိတ်ဖိစီးမှုတွေ လျော့ပါးအောင် မိတ်ဆွေသူငယ်ချုင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရင်းက ဒီပျော်စရာအချိန်တွေကို မှတ်တမ်းတင်ဖို့ ၀ါသနာပါကြတဲ့ လူငယ်တွေအတွက် အလင်း ရောင်အမျိုးမျိုး အထူးသဖြင့် အလင်းရောင်မှိန်တဲ့ အခြေအနေတွေမှာ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ ရည်စူး ပြီး SPARK 3 Pro ကို ထုတ်လုပ်ထားပါတယ်။ ဒီဖုန်းလေးက လူတိုင်းလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းလည်းဖြစ်ပါတယ်။ တခြား premium စမတ်ဖုန်းတွေမှာသာရှိတဲ့ အဆင့်အတန်းမြင့် ပထမတန်းစား feature တွေကိုလည်း ပေါင်းစပ်ပေးထားပါတယ်။ သုံးစွဲသူ  တွေအနေနဲ့ အခွင့်အလမ်းပေါင်းများစွာကို အဆုံးမရှိ သုံးချင်သလောက် အသုံးချနိုင်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

“TECNO မိုဘိုင်းဖုန်းသုံးစွဲသူ တွေကို အဆင့်မြင့်ပြီး အကောင်းမွန်ဆုံးအတွေ့အကြုံတွေ ရရှိစေဖို့ ကျွန်တော်တို့ အမြဲ ကြိုးစားနေပါတယ်။ AI Engine အားဖြည့်ထားတဲ့ SPARK 3 Pro က သုံးစွဲသူတွေရဲ့ စိတ်ကြိုက် သဘာဝအတိုင်း ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပါ။ အတွင်းရော အပြင်ပန်းပါလှပတဲ့ SPARK 3 Pro စမတ်ဖုန်းက ဖက်ရှင်ကျသလို လက်တွေ့လည်းအသုံးဝင်ပါတယ်။ နောက်ဆုံးပေါ် ခေတ်မီ ဖုန်းကိုယ်ထည်ဒီဇိုင်းကိုရော စွဲမက်ဖွယ်အရောင်တွေ ကိုပါ နှစ်သက်ကြမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။” ဟု  Mr. Jason Wong  က ထပ်လောင်းပြောကြားခဲ့ပါသည်။

ပိုမိုကြည်လင်တောက်ပစွာ ဖမ်းယူရိုက်ကူးနိုင်ခြင်း

TECNO SPARK 3 Pro သည် မိုဘိုင်းဖုန်းဖြင့်ဓာတ်ပုံရိုက်ကူးခြင်းကို အကောင်းဆုံးဖြစ်စေရမည်ဟူသော TECNO ၏ ကတိက၀တ်ကို ကိုယ်စားပြုသည့် SPARK series ၏ ဆောင်ပုဒ်သစ် “Time to Light Up” ကို အဓိက ပုံဖော်ထားသည့် အခရာထုတ်ကုန်လည်း ဖြစ်ပါသည်။ ၎င်းနှင့်ဈေးနှုန်းတူသော်လည်း အခြား စမတ်ဖုန်း များတွင် တွေ့ရခဲသည့် premium specifications များကို ရှာဖွေနေကြသည့် လူငယ်များအတွက်လည်း အသင့်တော်ဆုံး စမတ်ဖုန်းတစ်မျိုး ဖြစ်ပါသည်။ 8MP ရှေ့ကင်မရာ နှင့် Al Bright feature တို့ ပေါင်းစည်းထားမှုသည် ဆဲလ်ဖီရိုက် ၀ါသနာရှင်များအတွက် အကောင်းဆုံးဖြေရှင်းပေးနည်း တစ်ခုဖြစ်ပြီး 13MP Dual Rear Camera ကမူ အလင်းရောင်နည်းသောနေရာတွင် စမတ်ဖုန်းဖြင့် ပိုမိုတောက်ပ ကြည်လင်သော ပုံရိပ်များဖမ်းယူနိုင်သည့် ဓာတ်ပုံရိုက်ကူးခြင်း စံနှုန်းအသစ်ကို သတ်မှတ်ပေးပါသည်။ ကင်မရာ နှစ်ခုပါဝင်ပြီး ကင်မရာမှန်ဘီလူးများသည် ရိုက်ကူးသည့်အရာကိုသာ Focus ထားပြီး နောက်ခံမြင်ကွင်းကို မှိန်ဝါးကွားစေသော Bokeh effect ကဲ့သို့ Feature အမျိုးအစားစုံလင်စွာပါဝင်ပါသည်။ သုံးစွဲသူများအနေဖြင့် လှပသောပုံများကို auto mode ဖြင့်လည်း အလိုအလျောက် ရိုက်ကူးနိုင်ပါသည်။

ချောမွတ်တောက်ပြောင်ခြင်း၊ ခေတ်မီခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ လျင်မြန်ခြင်း။

ယနေ့ခေတ် မိုဘိုင်းလ်သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ထူးခြားသောကိုယ်ပိုင်စတိုင်လ်နှင့် ကိုက်ညီမှုရှိအောင်  ဒီဇိုင်းထွင်ထုတ်လုပ်ထားသည့် SPARK 3 Pro ၏ ကိုယ်ထည်ကိုဒီဇိုင်းသစ် ခရစ္စတယ်ဖန်သားပြင်ဖြင့် ပြုလုပ်ထားပါသည်။  အရောင်ရွေးချယ်နိုင်မှု တွင် အစောပိုင်းကမ်းလှမ်းမှုအဖြစ် Champagne Gold ရွှေရောင်နှင့်  Nebula Black အနက်ရောင်တို့ ရရှိနိုင်ပါ သည်။ ဖုန်းကိုယ်ထည်သည် အရည်အသွေးကောင်းပြီး တန်ဖိုးမြင့်မားသော အမြင်ဒီဇိုင်းရှိရုံသာမက   မျက်နှာပြင်အကွေး ၏ ပံ့ပိုးပေးမှုကြောင့် 7.88mm သာရှိ၍ ကိုင်တွယ်ရာတွင် သက်သောင့်သက်သာ ရှိပါသည်။ SPARK 3 Pro သည် ချောမွတ်တောက်ပြောင်ပြီး ပါးလွှာကာ 6.2In အကျယ် စူပါမြင်ကွင်းအကျယ်ရှိ သောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းဖြင့်စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ကို ပုံရိပ်အရည်အသွေး 1920p x 1080p ဖြင့် ခံစားကြည့်ရှုနိုင်ပါသည်။

SPARK 3 Pro သည် နောက်ဆုံးပေါ် AndroidTM 9 Pie ပေါ်အခြေခံသည့် operating system HiOS 4.6 ဖြင့် လည်ပတ် ပြီး 2GB RAM နှင့် 128GB အထိ ထပ်တိုးနိုင်သော internal storage 32GB ROM ပါဝင်ပါသည်။ SPARK 3 Pro တွင် ဆင်းမ်ကဒ် ၂ ခုနှင့် microSD card စုစုပေါင်း ကဒ် ၃ ခု တစ်ပြိုင်တည်း စိုက်နိုင်သော 3 in 1 card slots ပါရှိသောကြောင့် သုံးစွဲသူများအနေဖြင့် ဆင်းမ်ကဒ် နှစ်ခု တစ်ပြိုင်တည်း သုံးနိုင်မည်ဖြစ်ပြီး storage မလုံလောက်မည်ကိုလည်း စိုးရိမ်ရန် မလိုပေ။  ခေတ်မီ Feature များအပြင် အကောင်းဆုံးနည်းပညာများ အသုံးပြုထားသည့် SPARK 3 Pro ၏နောက်ကျောဖက်မှ fingerprint sensor သည် ပိုမိုလွယ်ကူပြီး လုံခြုံစိတ်ချရကာ 0.15 sec အတွင်း မှာပင် ဖုန်းကိုဖွင့်၍အသုံးပြုနိုင်သလို ၎င်း၏ face unlock မှာလည်း မျက်တောင် တစ်ချက်ခတ်သည့် အချိန်ထက်ပင်ပို၍လျင်မြန်သော 0.4 sec အတွင်း လုပ်ဆောင်နိုင်ပါသည်။

TECNO Mobile ၏ Region Director ဖြစ်သော Mr. Gavin Wu  က “TECNO Mobile ရဲ့ သုံးစွဲသူ တွေကို ရနိုင်သမျှ အကောင်း ဆုံးနည်းပညာနဲ့ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ထင်ရှားပြတ်သားတဲ့ ရည်မှန်းချက်ထားရှိပါတယ်။ ဆန်းသစ် တီထွင်ပြီး အမှန်တကယ် တက်ကြွပြောင်းလဲနိုင်တဲ့ မိုဘိုင်းကုမ္ပဏီဖြစ်တာကြောင့် ကျွန်တော်တို့ကြွေးကြော်ထားသလို “သုံးစွဲသူ တွေကို အတွေ့အကြုံကောင်းတွေရရှိအောင် ကူညီပေးမယ်” ဆိုတဲ့ အတိုင်း လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါကလည်း ပစ္စည်းသစ်တွေ တီထွင်ခြင်းနောက်ကွယ်က သဘောတရားပဲဖြစ်ပါတယ်။ ဒီ Product တွေဟာ သာမန် သိပ်ထူးခြားမှုမရှိတဲ့ ပုံမှန်အလယ်အလတ်တန်းစား စမတ်ဖုန်းတွေလို မဟုတ်ပါဘူး။ ဒီနေ့နာမည်ကြီးနေတဲ့ အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အလွန်စတိုင်လ်ကျတဲ့၊ ဆန်းသစ်တဲ့ ပစ္စည်းတွေပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကုန်ပစ္စည်း တွေကို ကမ္ဘာတလွှားနဲ့ မြန်မာနိုင်ငံမှာ ရရှိနိုင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ ကျွန်တော်တို့အိပ်မက်ရဲ့အစပဲဖြစ်ပါတယ်။ TECNO Mobile အတွက်ကတော့ ဒီအချက်ဟာ ကမ္ဘာတစ်ဝန်းက ဘ၀ပေါင်းများစွာကို ကောင်းကျိုးသက်ရောက်  စေမယ့် အစဉ်အလာတစ်ခု အဖြစ် အမြဲတည်ရှိသွားတော့မှာပါ။” ဟု ပြောကြားခဲ့ပါသည်။

ခြုံငုံကြည့်ရသော် ယခုမိတ်ဆက်ဖြန့်ချိသည့် အခမ်းအနားသည် TECNO Mobile ၏ အောင်မြင်မှုတစ်စိတ် တစ်ပိုင်းကို မှတ်သားပေးလိုက်ခြင်းဖြစ်ပါသည်။ ကြွရောက်လာကြသော ဧည့်သည်များနှင့် အနုပညာရှင်များက SPARK 3 Pro နှင့်ပတ်သက်သည့် ထူးခြားသောအတွေ့အကြုံများအပေါ် အသိအမှတ်ပြုခဲ့ကြပါသည်။

ဝယ်ယူရရှိနိုင်မှု

Spark 3 Pro ကို မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆိုင်များတွင် ဈေးနှုန်း ၁၇၉,၀၀၀ ကျပ်ဖြင့် မတ်လ ၂၀ ရက်နေ့မှ စတင်၍ ၀ယ်ယူရရှိနိုင်ပါပြီ။ ရှေ့တွင်ထုတ်ခဲ့သော Camon CM နှင့် Spark CM တို့ကဲ့သို့ပင် Spark 3 Pro ကိုလည်း မိုဘိုင်းဖုန်းလောကပထမဆုံးများ၏ အောင်မြင်မှုမျိုးရရှိအောင် ကြိုးပမ်းဆောင်ရွက်ထားပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*