ကမ္ဘာလုံးဆိုင်ရာစမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်း ပြိုင်ပွဲဖြစ်သည့် HUAWEI NEXT-IMAGE Awards 2019 အား တတိယအကြိမ်မြောက်အဖြစ် တရားဝင်စတင်

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် HUAWEI သည် ၄င်း၏ တတိယအကြိမ်မြောက် HUAWEI NEXT-IMAGE Awards အား မတ်လ ၂၆ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ ကမ္ဘာတစ်လွှားတွင်ရှိသည့် အတတ်ပညာရှင်များမှ မတ်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လျှောက်လွှာများတင်သွင်းနိုင်မည်ဖြစ်ပြီး ၄င်းတို့၏ လက်ရာများအား ကမ္ဘာတစ်လွှားရှိ နာမည်ကြီး ဓာတ်ပုံဆရာများ ၊ ကျွမ်းကျင်ပညာရှင်များ နှင့် အမြင်ပိုင်းဆိုင်ရာ အနုပညာရှင်များ မှ အကဲဖြတ်သွားမည်ဖြစ်သည်။

2019 HUAWEI NEXT-IMAGE Awards မှ HUAWEI စမတ်ဖုန်း သုံးစွဲသူများအား ၄င်းတို့၏ အကောင်းဆုံးသော လက်ရာများအား ကမ္ဘာတစ်လွှားတွင်ရှိသည့် သုံးစွဲသူများထံသို့ ပြသနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။ ၃ နှစ်မြောက်အဖြစ် ကျင်းပသည့် ယခု ဆုပေးပွဲတွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း ၅၅,၀၀၀ ကျော် ဖြင့် ကမ္ဘာ့နာမည်အကြီးဆုံး စမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်း ပြိုင်ပွဲ အဖြစ် လူသိများလျှက်ရှိသည်။

HUAWEI သည် ၄င်း၏ မိုဘိုင်းဓာတ်ပုံပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုကြောင့် လူသိများလျှက်ရှိပြီး ၄င်း၏ Flagship စမတ်ဖုန်းများသည် တီထွင်ဆန်းသစ်သည့် နည်းပညာများ နှင့် အကောင်းဆုံးအဆင့်ရှိသည့် ကင်မရာများ ကြောင့် လူသိများလျှက်ရှိသည်။ အကောင်းမွန်ဆုံးသော ပုံရိပ်ရိုက်ကူးခြင်း အတွေ့အကြုံများအား စဉ်ဆက်မပြတ် ပေးအပ်လိုသော HUAWEI ၏ စိတ်ဆုံးဖြတ်ကြောင့် NEXT-IMAGE Awards အား ၂၀၁၇ ခုနှစ်ထဲမှ စတင်ကာ Huawei ၏ အဓိကကျသည့် စမတ်ဖုန်းဓာတ်ပုံပြိုင်ပွဲ အဖြစ် ရပ်တည်လျှက်ရှိသည်။ 

Handsets Product Line of HUAWEI Consumer Business Group ၏ Vice President တစ်ဦးဖြစ်သည့် Li Changzhu မှ “ ဒီဂျစ်တယ် ဓာတ်ပုံတွေရဲ့ တိုးတက်မှုတွေကနေတဆင့် ကမ္ဘာအနှံ့မှာရှိတဲ့ Huawei သုံးစွဲသူတွေကို အဆင့်မြင့်မားတဲ့ ပုံရိပ်ရိုက်ကူးခြင်း နဲ့ အမြင်အာရုံပိုင်းဆိုင်ရာ ထုတ်ဖော်ပြသခြင်း အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားလျှက်ရှိပါတယ်။ ဒီ HUAWEI NEXT-IMAGE Awards ဟာဆိုရင်လည်း အခုလိုမျိုး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ရှိအောင် ကူညီလျှက်ရှိပြီး လျှောက်လွှာအရေအတွက်ကလည်း ယခင်နှစ်တွေနဲ့ ယှဉ်ရင် နှစ်ဆ ခန့် တိုးတတ်လာခဲ့ပါတယ်။ အခုဆိုလည်း ပေးအပ်နေတဲ့ ဆုတံဆိပ်တွေကနေတဆင့် နောင်အနာဂတ်မှာ ပေါ်ထွက်လာနိုင်တဲ့ ဒီဂျစ်တယ် ဓာတ်ပုံပညာရှင် ( Digital Artist) တွေကို အရည်အသွေးအကောင်းဆုံးသော ကိရိယာများ ပေးစွမ်းနိုင်ရန်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ပုံဖော်လျှက်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

2019 HUAWEI NEXT-IMAGE Awards အား ‘#Emotion Tag’, ‘Hello, Life!’, ‘Faces’, ‘Going the Distance’, ‘Life Now’ and ‘Storyboard’ ဟု အမည်ရသည့် အမျိုးအစား ၆ မျိုးဖြင့် ခွဲခြားသွားမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင် ချမှတ်ခဲ့သော အမျိုးအစား ၃ မျိုး ပြန်လည်ပါဝင်ခဲ့ပြီး အမျိုးအစားသစ် ၃ မျိုးအား ယခုနှစ်အတွက် ထပ်မံ ထည့်သွင်းလာခဲ့သည်။ ယခုနှစ်တွင် အသစ်ထည့်သွင်းလာသည့် ‘#Emotion Tag’ သည် ရုတ်တရက်ဖြစ်ပေါ်လာသည့် ခံစားချက်အား စမတ်ဖုန်း ဓာတ်ပုံများမှတဆင့် ဖော်ပြခြင်းဖြစ်ပြီး ၊ ‘Going the Distance’ သည် ဖုန်းကင်မရာတွင် တွေ့ရှိရသည့် လုပ်ဆောင်ချက်အသစ်များ (အထူးသဖြင့် Zoom လုပ်ဆောင်ချက်များဖြင့်) နေရာအသစ်များ နှင့် အတွေ့အကြုံသစ်များအား ရှာဖွေခြင်းဖြစ်သည်။ ထို့အပြင်   ‘Life Now’ သည် ဇာတ်လမ်းတစ်ပုဒ်အား စက္ကန့် ၃၀ အတွင်း ရိုက်ကူးခြင်းဖြစ်သည်။

Grand Prize Winner အား HUAWEI P30 Pro စမတ်ဖုန်း အပြင် US$ 20,000 ချီးမြှင့်မည်ဖြစ်ပြီး Paris မြို့တွင် ကျင်းပမည့် NEXT IMAGE Awards အခမ်းအနားအား တတ်ရောက်ခွင့် ရရှိမည့်အပြင် ဂုဏ်ပြုသည့် ဆုတံဆိပ် (သို့မဟုတ်) certificate ရရှိမည်ဖြစ်သည်။ ထို့အပြင် အခြား သတ်မှတ်ထားသည့် အမျိုးအစား ၆ မျိုးအတွက် အနိုင်ရရှိသူ အသီးသီးမှလည်း US$ 6,000 အသီးသီး ရရှိမည့်အပြင် HUAWEI P30 Pro ၊ ဆုတံဆိပ် (သို့) certificate နှင့် Awards Ceremony အား တတ်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ Runner-Up ဆုတံဆိပ်ပေါင်း ၅၀ အားလည်း ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ Runner-Up များအား HUAWEI P30 Pro များ ပေးအပ်သွားမည်ဖြစ်သည်။

ယခု ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်လွှားတွင်ရှိသည့် ဓာတ်ပုံဆရာများ ၊ ကျွမ်းကျင်ပညာရှင်များ နှင့် အမြင်ပိုင်းဆိုင်ရာ အနုပညာရှင်များ ထည့်သွင်းကာ ယခင်နှစ်နှင့် ယှဉ်လျှင် ပိုမိုများပြားသည့် ဒိုင်သူကြီးအရေအတွက်များဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ဒိုင်သူကြီးများထဲတွင် လူအများလေးစားသည့် Alec Soth အပါအဝင် Magnum Photographers ၄ ဦး နှင့် Bieke Depoorter ၊ Gueorgui Pinkhassov နှင့် Steve McCurry တို့ ပါဝင်သည်။ ထို့အပြင် Pultizer-winning photojournalist တစ်ဦးဖြစ်သည့် Liu Heung Shing ၊ Fashion Photographer & Artist Erik Madigan Heck ၊ Handsets Product Line, HUAWEI Consumer Business Group ၏ Vice President ဖြစ်သည့် Li Changzhu နှင့် Western Europe ၊ HUAWEI Consumer Business Group ၏  Chief Marketing Officer တစ်ဦးဖြစ်သည့် Andrew Garrihy တို့မှ ပါဝင်သွားမည်ဖြစ်သည်။

ဒိုင်သူကြီးတစ်ဦးဖြစ်သည့် Erik Madigan Heck မှ “အခုလိုမျိုး HUAWEI NEXT-IMAGE Awards မှာ ဒိုင်သူကြီးတစ်ဦးအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ခံရတာကိုက ကျွန်တော်အတွက် တကယ့်ကို အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ဒီ HUAWEI NEXT-IMAGE Awards ဟာဆိုရင် ပညာရှင်တစ်ဦးဖန်တီးထားတဲ့ အနုပညာကို ကမ္ဘာတစ်လွှားမှာရှိတဲ့ ထောင်ပေါင်းများစွာသော သူတွေဆီကို ရောက်ရှိစေမယ့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

HUAWEI မှ NEXT-IMAGE Awards ကြောင့် ဖြစ်ပေါ်လာမည့် အရှိန်အဟုန် အပေါ်တွင် အခြေခံပြီး ကုမ္ပဏီ၏ အမြင်အာရုံပိုင်းဆိုင်ရာ ထုတ်ဖော်ပြသမှု ပေါ်တွင် ထားရှိသည့် Vision ကို ချဲ့ထွင်နိုင်စေမည့် လုပ်ဆောင်မှုများစွာအား ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်မှုများတွင် ကမ္ဘာတစ်လွှားတွင် exhibitions နှင့် roadshows များတွင် ပူးပေါင်းပါဝင်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များ ၊ အရည်အသွေးမြင့်မားသည့် online course များ ပေးစွမ်းနိုင်မည့် NEXT Image College Classes များ ၊ Visual Artists နှင့် လေ့လာဆည်းပူးသူများ မျက်နှာခြင်းဆိုင် ဆွေးနွေးနိုင်မည့် အခွင့်အရေး များ နှင့် ဓာတ်ပုံပညာရှင်များနှင့် Masterclasses များ တတ်ရောက်နိုင်မည့် အခွင့်အလမ်းများပါဝင်သည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် နိုင်ငံတစ်ကာ အသိအမှတ်ပြု ဓာတ်ပုံပြပွဲဖြစ်သည့် Paris Photo တွင် NEXT-IMAGE Awards တွင် အနိုင်ရရှိသည့် သူများ၏ ပုံရိပ်များအား ပြသသွားမည်ဖြစ်သည်။ ယခင်နှစ်တွင် ကျင်းပခဲ့သည့် NEXT-IMAGE ပြခန်းတွင် ကမ္ဘာတစ်လွှားရှိ ဓာတ်ပုံပညာရှင် နှင့် လက်သစ် ဓာတ်ပုံဝါသနာရှင်များ ရိုက်ကူးထားသည့် ဓာတ်ပုံပေါင်း 5,000 ကျော်အား ပါရီ ၊ ဘေဂျင်း နှင့် ရှန့်ကျန် မြို့များတွင် ပြသခဲ့သည်။ 

လျှောက်လွှာလက်ခံမှုများအား ဇူလိုင်လ ၃၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး အနိုင်ရရှိသူအား စက်တင်ဘာလ ၉ ရက်နေ့တွင် ကြောညာသွားမည်ဖြစ်သည်။ 2019 HUAWEI NEXT-IMAGE Awards အခမ်းအနားအား Paris Photo 2019 ၌ နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်သည်။ ထပ်မံသိရှိလိုသည်များအားhttps://gallery.consumer.huawei.com နှင့် တရားဝင် Instagram Account ဖြစ်သည့် www.instagram.com/huaweinextimage/ မှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတကာ အဆင့်မှီ ကျင်းပသည့် HUAWEI NEXT-IMAGE Awards ပွဲကို ယမန်နှစ်၌ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သူ ထောင်ကျော်ရှိခဲ့ပြီး အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ နှစ်ဦးသည် နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည်။ ထို့ကြောင့်ယခုနှစ်တွင် ယှဉ်ပြိုင်သူပိုမိုများပြားလာစေရန် နှင့် ပြည်တွင်းရှိ ဓာတ်ပုံပညာရှင်များ ဆုရရှိမည့် အခွင့်အလမ်းပိုမိုရရှိအောင် ပံ့ပိုးကူညီပေးနိုင်ရန်အတွက် Huawei Consumer Business Group မှ Mobile Photography Workshop နှစ်ခု ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ် မေလဆန်းတွင် တစ်မူထူးခြားသည့် Mobile Photography Workshop အား ကလောတွင် ကျင်းပသွားမည်ဖြစ်ပြီး ဇွန်လဆန်းတွင် Portrait နှင့် ပတ်သတ်သည့် workshop တစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ Workshop များ နှင့် ပတ်သတ်ပြီး အသေးစိတ် အချက်အလက်များအား Huawei Mobile Myanmar ၏ Facebook Page တွင် ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

Huawei Consumer Business Group ဆိုသည်မှာ –

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး   ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌  တတိယနေရာသို့  ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို  တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး  သုံးခုတွင်  တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း(Smartphones)၊ ကွန်ပြူတာနှင့်  တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ(Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့်  အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၃၀ ကျော်သက်တမ်းရှိသောအတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက်  အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း  ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့်  ကမ္ဘာ့ပူးပေါင်းမှုများကို   တည်ဆောက်ထားသည် Huawei Consumer BG သည် သုံးစွဲသူများ ကိုနောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကို အဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များ အမှန်တကယ်  ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*