Latest post

OPPO မှ မျိုးဆက်သစ် Reno Series အား ပြည်တွင်းတွင် မိတ်ဆက်

 မြန်မာပြည်တွင်းရှိ စမတ်ဖုန်း သုံးစွဲသူများအတွက် ခေတ်မီဆန်းသစ်ပြီး ဖက်ရှင်ကျလှပသော စမတ်ဖုန်းများ အစဉ် မိတ်ဆက်ပေးလျက်ရှိသည့် OPPO မှ တီထွင်ဖန်တီးမှုကို  ကိုယ်စားပြုသည့် စဉ်ဆက်မပြတ် ထိုးဖောက်မှု၊ ဆန်းသစ်တီထွင်မှုများကို  အခြေခံထားသော Reno Series ကို ဇွန်လ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Radio Bar & Restaurant တွင် တရားဝင် မိတ်ဆက်ပေးခဲ့သည်။ မိတ်ဆက်ပွဲ အခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်၊ မော်ဒယ်သရုပ်ဆောင် ယမင်းမေဦး၊ ဖုန်းသီရိကျော်၊ ဓာတ်ပုံဝါသနာရှင် ကောင်းမြတ်သူ၊ OPPO Myanmar မှ တာဝန်ရှိသူတို့နှင့်တကွ Pivot Rising camera ပါဝင်လာသော Reno နှင့် Reno 10× Zoom စမတ်ဖုန်းတို့ကို ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးခဲ့သည်။

Reno 10× Zoom

F/1.7 aperture ပါဝင်သော 48MP Sony IMX 586 main camera, 8MP 120-degeree Wide-Angle camera နှင့် 13MP Telephoto lens တပ်ဆင်ထားသည့် OPPO Reno 10× Zoom ဖုန်းသည် ကမ္ဘာ့ပထမဆုံးသော 10x Hybrid zoom နှင့် 60x Digital zoom တို့ကိုပါ ထည့်သွင်းပေးထားသောကြောင့် အဝေးမှ ပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ဖြင့်၁၀ဆအထိ Zoom ဆွဲနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် စမတ်ဖုန်းတွင် ၅မိနစ် ဓာတ်ပုံရိုက် ၂ နာရီ ဓာတ်ပုံပြင်ခြင်းမှ ကင်းဝေးစေမည့် Portrait Mode 2.0 နှင့် Pivot Rising selfie camera ဘေးတွင် Selfie ရိုက်ကူးရာ၌ ပိုမိုချောမွေ့နူးညံ့စေသော ရုပ်ပုံများ ရိုက်ကူးစေနိုင်ရန် Soft light အား တပ်ဆင်ပေးထားသည်။ ဖုန်းတွင် Qualcomm Snapdragon 855 Processor နှင့်အတူ Hyberboost 2.0 လည်း ထည့်သွင်းပေးထားသောကြောင့် ဂိမ်းကစားသူများအတွက် တစ်မူထူးခြားပြီး သာယာညက်ညောသည့် ဂိမ်းကစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါသည်။ စမတ်ဖုန်းတွင် 4065mAh ဘက်ထရီ ပမာဏအား ဘက်ထရီစား သက်သာစေမည့် 7nm အဆင့်မြင့် နည်းပညာသုံး Octa Core CPU ဖြင့် ထောက်ပံ့ပေးထားသောကြောင့် ဖုန်းအားကုန်မြန်နှင့် ဖုန်းလုပ်ဆောင်ရည် များကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါသည်။ စမတ်ဖုန်းတွင် 8GB+256GB ပါဝင်လာပြီး Ocean Green နှင့် Jet Black အရောင်ဟူသည့် ကာလာနှစ်မျိုးဖြင့် ရရှိမည်ဖြစ်သည်။

Reno

OPPO Reno သည် အသုံးပြုများအား ကျေနပ်နှစ်သက်စေမည့် အသွင်အပြင်များနှင့်အတူ Supercar Door ဒီဇိုင်းကို inspiration ယူထားသည့် ကမ္ဘာ့ပထမဆုံး pivot rising camera ပါဝင်လာပါသည်။ ထို့အပြင် Ultra Night Mode 2.0၊ Portrait 2.0 တို့ပါဝင်သော 48MP Highest Pixel Sony IMX 586 main camera၊ 8GB+128GB တို့ကို ထည့်သွင်းပေးထားပါသည်။ ဖုန်းတွင် မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ် နှင့်အတူ 3765 mAh battery လည်းပါဝင်လာပါသည်။

ဝယ်ယူသူများအနေနှင့် 8+256GB ဖြင့် ထွက်ရှိလာမည့် OPPO Reno 10× Zoom စမတ်ဖုန်းအား မြန်မာငွေ (၁,၁၉၉,၉၀၀) ကျပ် ဖြင့်လည်းကောင်း၊ 8+128GB ထည့်သွင်းပေးထားသည့် OPPO Reno ဖုန်းအား (၆၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း ဇွန်လ (၁၄) ရက်နေ့မှ ဇွန်လ (၂၁) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး ဇွန်လ (၂၂) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ စတင်ရောင်းချမည်ဖြစ်သည်။ ကြိုတင်မှာယူသူများအား ကျေးဇူးတုံ့ပြန်သည့် အနေနှင့် Bluetooth speaker တစ်လုံးကို လက်ဆောင်အဖြစ် ရယူနိုင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*