Latest post

POP 2S PRO သုံးသပ်ချက် – တွက်ခြေကိုက်တဲ့ 4G စမတ်ဖုန်း နောက်တစ်မျိုးဖြင့် TECNO က သုံးစွဲသူတွေ အံအားသင့်ရလောက်အောင် အလိုလိုက်အကြိုက်ဆောင်လိုက်ပါပြီ

အားလုံးတတ်နိုင်လောက်တဲ့ ဈေးနှုန်းနဲ့ စမတ်ဖုန်းတွေကမ်းလှမ်းပေးနေတာကြောင့် TECNO မိုဘိုင်းလ်ဟာ  မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ဖြန့်ချိတဲ့ ၂၀၁၈ ခုနှစ်ကတည်းကစပြီး ၀ယ်ယူသုံးစွဲသူတွေကြား  ကောင်းသတင်း ကျော်ကြားလာတာပါ။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို သိရှိနားလည်တဲ့အတွက် နာမည်ကြီးစမတ်ဖုန်းတွေ ရှိထားနှင့်ပြီး စိန်ခေါ်မှုပြင်းထန်တဲ့ ဈေးကွက်တစ်ခုမှာ ငွေအကုန်အကျ သက်သာတဲ့ စမတ်ဖုန်းတွေဖြည့်ဆည်း  ပေးတာက အကျိုးအာနိသင်ရှိမယ်လို့ TECNO မိုဘိုင်းလ်က ရှုမြင်ထားပါတယ်။ TECNO မိုဘိုင်းလ်ကနေ ဒီနှစ် အစောပိုင်းမှာ SPARK လိုင်းမှ အမျိုးအစားအသစ် SPARK 3 Pro ကို ဖြန့်ချိခဲ့ပြီး မကြာမီတုန်းက လည်း ဈေးနှုန်း မြန်မာကျပ်ငွေ ၁၅၀,၀၀၀ ၀န်းကျင်လောက်နဲ့ စမတ်ဖုန်းတစ်လုံး ကိုင်တွယ်သုံးစွဲလိုကြသူတွေ အတွက် POP series  အမျိုးအစားသစ် POP 2s Pro ကို မိတ်ဆက်ဖြန့်ချိပေးခဲ့ပါတယ်။ POP 2s Pro ရဲ့ ထူးခြား ချက် အသေးစိတ်ကို သိရဖို့ ဆက်လက်ဖတ်ရှုပေးပါနော်။

ဖုန်းဘူးထဲမှာ ဘာတွေပါသေးလဲ။

TECNO POP 2s Pro ကို အဖြူရောင်နဲ့အပြာရောင်ရောစပ်ထားတဲ့ စတိုင်လ်ကျကျဘူးလှလှလေးထဲမှာ သပ်သပ် ယပ်ယပ် ထည့်သွင်းထုပ်ပိုးထားပေးပါတယ်။ ၀ယ်ယူသူတွေအနေနဲ့ သတိပြုရမှာကတော့ ညာဘက်ထိပ်ထောင့် မှာ အာမခံတံဆိပ်တုံးထုထားတာ ပါမပါ စစ်ကြည့်ဖို့ပါပဲ။ ဘူးထဲမှာ POP 2s Pro ဟန်းဆက်၊ ၁၂ လ + အပို ၁ လပေးထားတဲ့  အာမခံကတ်၊ ဖုန်းကာဗာအကြည်၊ ၀ယ်ယူသုံးစွဲသူ အာမခံဖြတ်ပိုင်း၊ 5V 12A ဖုန်းအားသွင်း ကြိုး၊ USB ကြိုး၊ နားကြပ်နဲ့ သုံးစွဲသူလမ်းညွှန်တို့ ပါရှိပါတယ်။ 

ကင်မရာ

ဈေးသက်သာတဲ့စမတ်ဖုန်းဖြစ်ပေမယ့် POP 2s Pro မှာ 13MP နဲ့ 2MP Dual Real ကင်မရာ ၂ ခုပါရှိပြီး ဖုန်းရဲ့  နောက်ကျောဘက်မှာ ဒေါင်လိုက်ထည့်ထားပါတယ်။ ကင်မရာ ၂ ခုရဲ့ အလယ်မှာ ပုံရိပ်တွေကို ၅၀% ပိုမို လင်းလက်စေတဲ့ QUAD Flash ပါပါတယ်။ အရှေ့ကင်မရာရဲ့အားသာချက်ကတော့ ဆဲလ်ဖီရိုက်ဖို့ 8MP AI Bokeh Selfie ကင်မရာ ဖြစ်နေတာပါပဲ။ Bokeh က နောက်ခံအရောင်ကိုဝါးစေပြီး ပိုမိုကြည်လင် ပြတ်သားတဲ့ ရုပ်ပုံတွေ ဖန်တီးပေးပါတယ်။

၅.၅ လက်မမျက်နှာပြင်အပြည့် ပြသနိုင်ခြင်း

သုံးစွဲသူတွေအနေနဲ့ ၅.၅ လက်မအကျယ် မျက်နှာပြင်အပြည့် ပုံရိပ်ပြတ်သားမှု resolution 1440×720 ပြသ နိုင်တဲ့ မြင်ကွင်းကျယ်ဒီဇိုင်းကို နှစ်သက်ခံစားနိုင်မှာပါ။ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်မြင်ကွင်း အချိုးအဆ က ၁၆း၉ ရှိတာကြောင့် သုံးစွဲသူတွေအနေနဲ့ စာဖတ်တာ ရုပ်ရှင်ကြည့်တာတွေကို ဖုန်းမျက်နှာပြင်အပြည့် ကြည့် ရှုနိုင်မှာဖြစ်ပါတယ်။  

ကြာရှည်ခံ 3050mAh ဘက္ထရီ

POP 2s Pro မှာ တစ်ခါအားသွင်းထားရင် ၁၆ နာရီအထိအသုံးခံတဲ့ 3050mAh ဘက္ထရီပါရှိပါတယ်။ တစ်နေ့လုံး သုံးနေပေမယ့် ဘက္ထရီအားကုန်သွားမှာ စိတ်ပူစရာမလိုတော့ပါဘူး။ ခြုံကြည့်ရရင်တော့ အထူးသဖြင့် ဒီလို  ဈေး သက်သာတဲ့ဖုန်းမှာ ဒီလောက်သက်တမ်းရှိတဲ့ ဘက္ထရီပါရှိနေတာက အလွန်ကောင်းနေပါပြီ။

POP 2s Pro ကိုယ်ထည်နှင့်ဒီဇိုင်

အနက်ရောင်ကိုယ်ထည်၊ ချောမွတ်တောက်ပြောင်တဲ့ ထိပ်တန်းဒီဇိုင်းရှိတဲ့ ဖုန်းပါ။ အရှည် ၁၄၈.၃ မီလီမီတာ၊ အ ကျယ် ၇၁.၉ မီလီမီတာနဲ့ အထူ ၈.၄၈ မီလီမီတာရှိတာကြောင့် လက်ထဲမှာကိုင်ရတာ သက်သောင့်သက်သာ ရှိ နေမှာပါ။ အထဲမှာ ဘယ်လောက်တောင် စုစည်းသိမ်းဆည်းထားပါလိမ့်လို့တွေးထင်ရလောက်အောင်ကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ကိုင်သွားလို့ရပါတယ်။

ဒေတာသိမ်းဆည်းနိုင်မှု Memory Storage, OS, Processor & Security

Android 8.1 စနစ်ကို အခြေပြုတဲ့ HiOS version 4.1 နဲ့အတူ 32GB ROM နဲ့ 2GB RAM တို့ ပါရှိပါတယ်။ ဒေတာသိမ်းဆည်းမှုကို 128GB ROM အထိ တိုးမြှင့်နိုင်လို့ သုံးစွဲသူတွေအနေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရုပ်ရှင်တွေကို အများကြီးသိမ်းထားနိုင်ပါတယ်။ MediaTek’s MT 6761 chipset နဲ့ Quad-Core Processor က အမြန်နှုန်း 2.0GHz နဲ့ လုပ်ဆောင်နိုင်တာကြောင့် နှောင့်နှေးကြန့်ကြာမှုမရှိ ဘဲ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ပါလိမ့်မယ်။ GSM / WCDMA / LTE တွေအားလုံးသုံးနိုင်ပြီး micro sim card ၂ ခု တစ်ပြိုင်တည်း ထည့်နိုင်ပါတယ်။

ဒါ့အပြင် နောက်ဘက်မှာပါတဲ့ လက်ဗွေမှတ် sensor က ဖုန်းကို စက္ကန့်မခြား ဖွင့်လို့ရနိုင်ပြီး ပိုပြီးလုံခြုံစိတ်ချရစေဖို့ သုံးစွဲသူမျက်နှာကိုဖတ်ပြီး ပွင့်တဲ့စနစ် face unlock system လည်း ပါဝင်ပါတယ်။ စမတ်ဖုန်းတန်း ၀င်ခါစ အဆင့် ဆိုပေမယ့် တကယ့်အမြင့်စား system တွေနဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။

TECNO POP 2s Pro ကို မယုံနိုင်လောက်စရာဈေးနှုန်း မြန်မာငွေ ၁၅၃၀၀၀ ကျပ်တည်းနဲ့ မေလအတွင်းက ဖြန့် ချိခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနှစ်ခုတည်းမှာသာ ဖြန့်ချိခဲ့တာပါ။ POP Series ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်တာနဲ့အညီ ၀ယ်ယူသုံးစွဲသူတွေအနေနဲ့ လွယ်ကူချောမွေ့တဲ့ အတွေ့အကြုံကို ရရှိနိုင်မှာပါ။ ရှန်ပိန်ရွှေရောင်၊ နက်ဗျူလာ အနက်ရောင်၊ ဘော်ဒိုး အနီရောင်နဲ့ သန်းခေါင်ယံအနက်ရောင်တို့ ရရှိနိုင်ပါတယ်။

MODELProduct NameTECNO POP 2s Pro
NETWORKTechnologyGSM/WCDMA/LTE
ConnectivityGPS, Wi-Fi, BT
LAUNCHAnnounced Status Official release May 2019Stock availability June 2019
BODYDimensions148.3mm x 71.9mm x 8.48mm
 SIMDual SIM (2 micro-SIMs)
DISPLAYTypeTFT touchscreen
Size5.5in FULLVIEW, 13.97 cm
Resolution1440*720
PLATFORMOSAndroidTM 8.1 (Android Go), HiOS 4.1
ChipsetMTK MT 6761GPU: IMG GE8300 660MHZ
CPUQuad Core 2.0 GHz
MEMORYCard SlotNon-Hybrid 3in 1 card slotsSD card up to 128 GB
Internal32GB ROM, 2GB RAM
MAIN CAMERADual  13MP+2MP Dual Rear Camera with Quad FlashAI Camera powered by AI Engine
FeaturesAutomatic recognition, HDR, night scene, portrait, backlight portrait, night scene portrait, blue sky, motion, document and other independent or combined scenes
Video resolution1080P:1920*1080
SELFIE CAMERASingle8MP AI Bokeh Selfie Camera 
COMMSWLANYes
BluetoothYes
GPSYes
RadioYes
USBYes
FEATURESSensorsFingerprint (rear-mounted), G-sensor, Ambient Light Sensor, Proximity Sensor, OTG
BATTERYDuration3050mAh – Enough for one day16 hours usage  
ChargingNo Fast-charging. Around 3hr15min to get fully charged.
MISCColorsChampagne Gold, Nebula Black, Bordeaux Red and Midnight Black
Price153,000 Ks

Be the first to comment

Leave a Reply

Your email address will not be published.


*