OPPO စမတ်ဖုန်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမယ့် Monsoon Promotion

OPPO Myanmar မှ Ofans များအတွက် ခေတ်မှီဆန်းသစ်လှပတဲ့ ဒီဇိုင်းများနဲ့ OPPO ဖုန်းတွေကို သြဂုတ်လ (၁) ရက်နေ့မှစပြီး သတ်မှတ်ထားတဲ့ အထူးဈေးနှုန်းများနဲ့ ဝယ်ယူနိုင်မယ့် Monsoon Promotion အထူးအစီအစဉ်ကြီးကို စတင်လိုက်ပါပြီ။ အစီအစဉ်ထဲမှာတော့ OPPO ကထွက်ရှိထားပြီးဖြစ်တဲ့ တန်ဖိုးသင့်ဖုန်း OPPO A5s၊ 48MP main camera ပါဝင်တဲ့ F11 နှင့် မျက်နှာပြင်ပြည့် Panoramic Screenကို ခံစားနိုင်မည့် F11 Pro ဖုန်းဝယ်ယူသူတိုင်းကို အထူးဈေးနှုန်းများနှင့်အတူ မေတ္တာလက်ဆောင်များလည်း ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Monsoon Promotion တွင် ရေစက်ပုံစံမျက်နှာပြင်၊ 4,230 mAh ဘက်ထရီပမာဏ၊ 13MP+2MP ကျောဘက်ကင်မရာနှစ်လုံး ပါဝင်တဲ့ OPPO A5s  2GB+32GB version ကို (၁၀,၀၀၀) ကျပ်သက်သာတဲ့ အထူးဈေးနှုန်း (၁၉၉,၉၀၀) ကျပ်ဖြင့်ဝယ်ယူနိုင်မှာ ဖြစ်သလို 4GB+32GB version ကိုတော့(၂၀,၀၀၀) ကျပ် တိတိ သက်သာတဲ့ ဈေးနှုန်း (၂၆၉,၉၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာပါ။ 

ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းကိုနှစ်သက်ကြတဲ့ စမတ်ဖုန်းချစ်သူတွေ ကြား ရေပန်းစားနေတဲ့ F11 ရဲ့ Fluorite Purple အရောင်နှင့် Marble Green အရောင်ကို ယခင်ဈေးနှုန်းထက် (၂၉,၀၀၀) ကျပ်လျှော့ချပြီး (၃၆၉,၉၀၀) ကျပ်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက် ဖုန်းဝယ်ဖို့ စီစဉ်နေတဲ့ customers တွေ လက်မလွှတ်သင့်တဲ့ အခွင့်အရေး တစ်ခုပဲဖြစ်ပါတယ်။ ထပ်မံပြီးတော့ F11 Jewelry White Limited Edition ကိုတော့ (၃၉၉,၉၀၀) ကျပ်ဖြင့် ယခင်ဈေးနှုန်းထက် (၂၀,၀၀၀) ကျပ် သက်သာတဲ့ ဈေးနဲ့ ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပြည့် Panoramic Screen၊ ဖုန်းရဲ့အလယ်ဗဟိုကနေထွက်လာတဲ့ အထူးဆွဲဆောင်မှုရှိသည့် Pop Up selfie camera၊ VOOC 3.0 အမြန်အားသွင်းစနစ်တွေ ထည့်သွင်းပေးထားတဲ့ F11 Pro ကိုလည်း (၄၉၉,၉၀၀) ကျပ်ဖြင့်ရောင်းချပေးသွားမှာ ဖြစ်သလို ဝယ်ယူအားပေး သူတွေအတွက်  ဘေးတစောင်းလွယ်အိတ်ကို  မေတ္တာလက်ဆောင် အဖြစ်ပေးသွားဦးမှာပါ။

Monsoon Promotion နှင့်ပတ်သက်တဲ့ အချက်အလက်တွေကို Grab Application တွင်လည်း ဖော်ပြပေးသွားမှာပါ။ နောက်ပြီး OPPO Myanmar သည် Grab Application နဲ့ ပူးပေါင်း၍သြဂုတ်လ (၁၂) ရက်မှ (၁၆) ရက်အတွင်း customers များအတွက် ဆုလက်ဆောင်များနဲ့ Grab Promo Code များရရှိနိုင်မယ့် Online Campaign ကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် OPPO Myanmar Facebook Page နဲ့ Grab page များကို like and follow လုပ်ဖို့ မမေ့နဲ့ဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*