OPPO F11 Pro ကံထူးနိုင်မည့် OPPO Myanmar နှင့် Grab တို့ပူးပေါင်းပြုလုပ်သော OPPO Ride to Win Campaign

OPPO Myanmar နှင့် Grab တို့ပူးပေါင်းပြီး OPPO F11 Pro ကံထူးနိုင်မည့် OPPO Ride to Win Campaign ကို OPPO ချစ်သူများနှင့် Grab စီးနင်းသူများအတွက် သြဂုတ်လ (၂၁)ရက်နေ့မှ (၃၁)နေ့အထိ (၁၁)ရက်တိုင်တိုင် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ OPPO Myanmar သည် Grab နှင့်ပူးပေါင်းခြင်းအထိမ်းအမှတ်အနေဖြင့် သြဂုတ်လ ပထမအပတ်မှစတင်ပြီး OPPO စမတ်ဖုန်းများကို လျှော့ဈေးဖြင့် ရရှိနိုင်မည့် Monsoon Promotion အစီအစဉ်နှင့် Online Campaign ကိုလည်း ပြုလုပ်ပေးခဲ့ပြီး Grab Promo Code များကို ပေးအပ်ခဲ့ပါသည်။

OPPO နှင့် Grab တို့ ပူးပေါင်းပြုလုပ်သော Ride to Win Campaign တွင် Promo Code – F11PRO ကိုအသုံးပြုပြီး Grab ကိုစီးနင်းသူမည်သူမဆို အကန့်အသတ်မရှိပါဝင်နိုင်မှာဖြစ်ပြီး winners (၃)ဦးကို Lucky Draw အနေဖြင့် ရွေးချယ်ကာ OPPO F11 Pro (၃)လုံးပေးအပ်သွားမှာ ဖြစ်ပါသည်။ Grab စီးနင်းသူတွေအနေဖြင့် Promo Code ကို စတင်အသုံးပြုလိုက်လျှင် Lucky Draw တစ်စောင်အဖြစ် စာရင်းသွင်းပြီးသား ဖြစ်သွားမည်ဖြစ်ပြီး သြဂုတ်လ (၂၁)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း Promo Code ကိုကန့်သတ်ထားသော အကြိမ်ရေမရှိဘဲ အသုံးပြုနိုင်မှာ ဖြစ်သည့်အတွက် စီးနင်းမှုပိုများလေလေ winner ဖြစ်နိုင်ရန်အခွင့်အရေး ပိုမိုရရှိမှာ ဖြစ်ပါသည်။

OPPO Ride to Win Campaign တွင် ပေးအပ်မည့် OPPO F11 Pro စမတ်ဖုန်းသည် မျက်နှာပြင်ပြည့် Panoramic Screen၊ ဖုန်း၏အလယ်ဗဟိုမှထွက်လာသော အထူးဆွဲဆောင်မှုရှိသည့် Pop Up Selfie Camera၊ ကြည်လင်ပြတ်သားသော ပုံရိပ်များကို ဖမ်းယူနိုင်သည့် 48 MP Dual Rear Camera၊ ညအချိန်ဓာတ်ပုံရိုက်ရာတွင် အထူးကောင်းမွန်အောင်ရိုက်ကူးနိုင်သော Ultra Night Mode၊ သက်တမ်းကြာရှည်စွာသုံးနိုင်သည့် 4000 mAh ဘက်ထရီနှင့်အတူ မိနစ် ၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ် ထည့်သွင်းပေးထားသော စမတ်ဖုန်းတစ်လုံးဖြစ်ပါသည်။

OPPO Ride to Win Campaign ၏ winners (၃)ဦးကို စက်တင်ဘာလ (၁၃)ရက်နေ့တွင် မော်ဒယ်ပိုင်အုပ်စိုးအောင်မှ မဲနှိုက်ကာရွေးချယ်ပေးသွားမှာ ဖြစ်ပြီး Lucky Draw video ကို OPPO Myanmar နှင့် Grab Facebook Page အပြင် Grab App တွင်လည်းကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။ OPPO Myanmar နှင့် Grab တို့ပူးပေါင်းကာ ယခုကဲ့သို့ အစီအစဉ်များကို ဆက်လက်ပြုလုပ်ပေးသွားရန်ရှိပြီး စက်တင်ဘာလထဲတွင်လည်း OPPO F11 ကံထူးနိုင်မည့် Grab Wednesday Campaign ကိုလည်း ပြုလုပ်ရန်ရှိကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*