လာမည့်သီတင်းကျွတ်အခါသမယ တွင် မိဘများ၏စိတ်ကူး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေး

စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) သည် မကြာမီရောက်ရှိလာတော့မည့်သီတင်းကျွတ်အခါသမယအတွက် မြန်မာနိုင်ငံရှိကျင်းပပြုလုပ်ခဲ့သည့်အစီအစဉ်များအနက် တမူထူးခြားသည့် “ဖေဖေ့ဆန္ဒ မေမေ့စိတ်ကူး” အမည်ရှိ ပုံပြောပြိုင်ပွဲကို မိတ်ဆက်ပေးလိုက်ပါသည်။  ယခုအစီအစဉ်သည် သီတင်းကျွတ်အချိန်အခါမှာ လူငယ်များမှ ဂါရဝလက်ဆောင်အဖြစ် မိဘများ၏ ငယ်ဘဝအိပ်မက်များကို ပြန်လည်ဆန်းသစ် အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေး ဖြစ်ပါသည်။

ယခုသီတင်းကျွတ် ပုံပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအနေဖြင့် ၎င်းတို့မိဘများ၏ငယ်စဉ်က ဖြစ်ချင်ခဲ့သည့် ဘဝပုံစံ၊ လုပ်ဆောင်ချင်ခဲ့သည့်အရာများကို စိတ်ကူးပုံဖော်ရေးသားထားပြီး မိဘ  များနှင့်အတူ ရိုက်ကူးထားသည့်  ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ အစစ်အမှန်ဆုံးနှင့် အကောင်းဆုံးပုံ  ဖော်ရေးသားထားသည့် အကြောင်းအရာ ၂ ခု ကို ရွေးချယ်ပြီး ဆုရရှိသည့် ပြိုင်ပွဲဝင်များသည် ၎င်းတို့၏မိသားစု များနှင့်အတူ သူတို့ရဲ့အိပ်မက်တွေ ကို အမှန်အတကယ် ဖြစ်လာရန် STB မှ ရွေးချယ်စီစဉ်ထားသည့် စင်ကာပူခရီးစဉ်ကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။  ပျောက်ဆုံးတော့မည်ဖြစ်သည့် စိတ်ကူးအိပ်မက်တွေကို မြို့ရဲ့တစ်ထောင့်တစ်နေရာမှာ လမ်းလျှောက်နေရင်းဖြင့်လည်း မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိနိုင်သလို ဒါမှမဟုတ် စင်ကာပူမြို့မှာ နေထိုင်ရင်း အိပ်မက်တွေ လက်တွေ့အကောင် ထည်ဖော်ပြီး အောင်မြင်နေသည့် မိဘများ၏တစ်ချိန်က လေးစားအားကျအတုယူခဲ့ရတဲ့ ဘဝသူရဲကောင်းတွေကိုလည်း ဆုံတွေ့နိုင်ပါသည်။ 

“ဒီသီတင်းကျွတ်ကာလ က မြန်မာပြည်သူတွေအတွက် အလေးအမြတ်ထားကြတဲ့အချိန်ဖြစ်ပြီး လူကြီးသူမတွေကို  လေးစားစွာ ဂါရဝပြုတဲ့  အချိန်ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုထူးခြားတဲ့ပွဲတော်ရဲ့  အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပြည်သူတွေနှင့်အတူပါဝင်ဆင်နွှဲချင်ပါတယ်။  နောက်ပြီးကျွန်တော်တို့ရဲ့ စစ်တမ်းကောက်ချက်တွေအရ မြန်မာပြည်မှာ မိဘအများစုက မိသားစုအတွက် အချိန်ပေးရင်းနဲ့ သူတို့ရဲ့ငယ်ဘဝအိမ်မက်တွေကို ဖြစ်ခွင့်မရတာတွေလည်း ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ စင်ကာပူနိုင်ငံအတွက် မြန်မာနိုင်ငံက မိဘတွေရဲ့ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးဆန္ဒတွေကို အကောင်အထည်ဖော်ရင်း  တန်ဖိုးထား အဖိုးမဖြတ်နိုင်တဲ့ မိသားစုအမှတ်တရတွေကို ဖန်တီးပေးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ က လူတိုင်းအတွက် သူတို့ရဲ့အိပ်မက်စိတ်ကူးတွေကို အချိန်မရွေး အကောင်အထည်ဖော်နိုင်တဲ့  နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဖြစ်ချင်ခဲ့တဲ့ စိတ်ကူး အိမ်မက် ဆန္ဒ တွေကို ပြန်လည်ရှာဖွေနိုင်ဖို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ စင်ကာပူ ကိုလာရောက်လည်ပတ်ပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။”  ဟု စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) ၏ Trade Engagement & New Markets ဒါရိုက်တာ Mr. Soo Siew Keong မှပြောကြားခဲ့သည်။

စိတ်ကူးအိပ်မက်များ အကောင်အထည်ဖော်ရင်းဖြင့် ရရှိလာကြသည့် အတွေ့အကြုံကောင်းတွေ အဖြစ်အပျက်တွေ ပြန်လည်မျှဝေကြသည့်သူများကြောင့် စင်ကာပူသည် ယခုကဲ့သို့ လုပ်ဆောင်မှုလေးတွေ ကအစချီပြီး ကမ္ဘာမှာအချက်အချာအကျဆုံးနေရာတစ်ခု အဖြစ် ရပ်တည်နေနိုင်ခြင်း  ဖြစ်ပါသည်။ထို့ကြောင့် စင်ကာပူ နိုင်ငံကို ပြောင်းလဲစေခဲ့သော အရာ၊ မျှော်လင့်ချက်တွေ အမှန်တကယ်ဖြစ်လာစေခဲ့သော အရာ အပြင် သာမာန်အခြေအနေတစ်ခုကနေ အံ့သြစရာကောင်းသည်အထိ ပြောင်းလဲစေည့် အရာ က Passion လို့ခေါ်တဲ့ အိပ်မက်တွေက တွန်းအားပေးခြင်းကြောင့် ဖြစ်ပါသည်။ စင်ကာပူကိုလာရောက်လည်ပတ်သူများသည် အစားအသောက်၊ ယဉ်ကျေးမှု၊ လူအများ ဒါမှမဟုတ် ပြင်ပလုပ်ဆောင်မှုများ စသည့် မည်သည့်စိတ်ကူးအိပ်မက် ဆန္ဒတွေကိုမဆို ဖြစ်နိုင်ချေရှိမှုများအား ကန့်သတ်မထားသည့် စင်ကာပူနိုင်ငံကအသက်အရွယ်မရွေး ကိုယ့်ရဲ့စိတ်ကူး အိပ်မက်တွေအမှန်တကယ် ဖြစ်လာရန် အတွေးသစ် အမြင်သစ်တွေအပြင် စိတ်ခွန်အားများပါ ပေးရန် ရည်ရွယ်ထားပါသည်။

ထို့ကြောင့် သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ Visit Singapore Facebook စာမျက်နှာ (www.facebook.com/VisitSingaporeMM) တွင် အဆိုပါ ကမ်ပိန်းအတွက်ပြိုင်ပွဲဝင်များကို လက်ခံသွားမည်ဖြစ်ပါသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများနှင့် ကိုယ်တိုင်ရေးသားထားသည့် မိဘများ၏ မက်ခွင့်မရခဲ့သော ငယ်စဉ်ဘဝ အိပ်မက်များ ဒါမှမဟုတ် သူတို့ငယ်စဉ်က  စွဲလမ်းတမ်းတခဲ့သည့် အဖြစ်အပျက်များကို အထက်ဖော်ပြပါ Facebook စာမျက်နှာသို့ ပေးပို့ရမည် ဖြစ်ပါသည်။ ဆုများကို စင်ကာပူခရီးသွားဘုတ်အဖွဲ့မှ အကြောင်းအရာ  အကောင်းဆုံး  ဖန်တီးရေးသားနိုင်သူ (၁) ဦး နှင့် လူကြိုက်အများဆုံး ရရှိသူ(၁) ဦး စုစုပေါင်း (၂) ဦး ကိုရွေးချယ်သွားမည် ဖြစ်ပါသည်။ပြိုင်ပွဲဝင်များ၏ ရေးသားထားသောအကြောင်းအရာများကို Visit Singapore Facebook စာမျက်နှာတွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်၏ ပို့စ်အောက်တွင် မှတ်ချက်ရေးသား  ခြင်းအားဖြင့် ပြိုင်ပွဲဝင်များအား မဲပေးနိုင်ပြီး မဲအများဆုံးရရှိသူ ကို လူကြိုက်အများဆုံး ဆု အဖြစ်   ပေးအပ်သွား မည်ဖြစ်ပါ သည်။

စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ (STB)  သည် မြန်မာပြည်သူများအတွက်  အစီအစဉ်ကောင်းများစွာ ကို  စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိပါသည်။ ယခုနှစ်အစောပိုင်းမှ စတင်ကာ STBနှင့် Forever Group ၏ MRTV-4 ရုပ်သံလိုင်း တို့နှင့် ပူးပေါင်းကာ ပထမဆုံးရိုက်ကူးတင်ဆက်သည့်  “ချစ်ခြင်းတရားတို့ တည်ရှိရာ” အပိုင်း၂၀ ပါ ရုပ်သံဇာတ်လမ်းတွဲအား ထုတ်လွှင့်တင်ဆက်ခဲ့ပါသည်။ အဆိုပါဇာတ်လမ်းတွဲသည် မြန်မာလူငယ်နှစ်ဦး မှ စင်ကာပူနိုင်ငံတွင် ၎င်းတို့၏ စိတ်ကူးအိပ်မက်များ မည်သို့အကောင်အထည်ပေါ်လာခဲ့သည့် အကြောင်းရင်းကို  အခြေခံရိုက်ကူးထားခြင်းဖြစ်ပါသည်။  STB အနေနှင့်၂၀၁၈ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ၂ ရက်နေ့အထိ  ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် ဒို့အိမ် တို့ ပူးပေါင်းကာ Singapore Festival 2018 ကို ဘိုကလေးဈေးလမ်းတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။ အဆိုပါ ပွဲတော်ရက် ၃ ရက်အတွင်း လာရောက်သူဦးရေ ၁၂၀,၀၀၀ ကျော်အထိ မှတ်တမ်းရရှိခဲ့သည်။၂၀၁၆ ခုနှစ်မှ စတင်ကာ စင်ကာပူ-မြန်မာ ချစ်ကြည်ရေးနှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ်  ပထမဆုံး Singapore Festival ကိုကျင်းပပြုလုပ်ခဲ့ပြီး မြန်မာခရီးသွားများအတွက် စင်ကာပူနိုင်ငံ၏ ခရီးသွားသတင်းအချက်အလက်များအား မိတ်ဆက်မျှဝေပေးခဲ့ပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*