Digital Marketing သင်တန်းဖွင့်လှစ်မည်

သူကတော့ “ခွန်နေ” ဖြစ်ပါတယ်။ မြန်မာပြည်မှာ Digital စတင်မဖွံ့ဖြိုးခင်အချိန် ဂျာမနီ အခြေစိုက် Rocket Internet တွင် E-Commerce လုပ်ငန်းများစတင်ခဲ့တဲ့အချိန်က Digital Marketing ပညာများကို စတင် သင်ကြားခွင့်ရခဲ့သူဖြစ်ပါတယ်။ Rocket Internet Group ဆိုတာ မြန်မာပြည်ရဲ့ အရေးပါဆုံး Digital ဘာသာရပ်ကို ပထမဦးဆုံး ရှေးဦးစွာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်က ဖွံ့ဖြိုးဆဲဖြစ်တဲ့ အိမ်ခြံမြေအရောင်းအဝယ်ဝက်ဆိုဒ် house.com.mm, ကားအရောင်းအဝက်ဝက်ဆိုဒ် motors.com.mm၊ အလုပ်အကိုင်ရှာဖွေးရေးဝက်ဆိုဒ် work.com.mm နှင့် ရောင်းသူဝယ်သူချင်း ကြိုက်ရောင်းကြိုက်ဝယ် ဝက်ဆိုဒ် ads.com.mm  တို့ကို ရင်းနှီးမှုများစွာ ပြုလုပ်ခဲ့တဲ့လုပ်ငန်းဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက မြန်မာပြည်ရဲ့ Digital ဖွံ့ဖြိုးမှု အခန်းကဏ္ဍမှာ လုပ်ဖော်ကိုင်ဘက်များနည်းတူ နေရာတစ်ခုကနေပါဝင်ခွင့်ရခဲ့သလို ထိုမှတဆင့် Online Shop အရောင်းအဝယ်ဝက်ဆိုဒ်ဖြစ်တဲ့ နေရာကို ပြောင်းရွှေ့ခွင့်ရရှိခဲ့ပါတယ်။ စိန်ခေါ်မှုတွေများလာတာနှင့်အတူ Digital ဈေးကွက်ဟာလည်း အပြိုင်အဆိုင်တွေဖြစ်ပေါ်လာပါတယ်။

ထိုမှတဆင့် လုပ်ငန်းရှင်တစ်ဦးရဲ့ ယုံကြည်မှုကိုရရှိခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိ နံပါတ်တစ် အိမ်ခြံမြေအရောင်းအဝယ်ဝက်ဆိုဒ် imyanmarhouse.com မှာ Digital နဲ့ပတ်သက်တဲ့ SEO ဘာသာရပ်ကို ပညာသင်ကြားခွင့်ရရှိခဲ့ပါတယ်။ ထိုမှတဆင့် ဂျပန်နိုင်ငံအခြေအစိုက် Dentsu Myanmar Marketing and Advertising Agency ကို ရောက်ရှိခဲ့ပြီး Agency လောကမှ ပညာများကို ၂ နှစ်ကြာလေ့လာခွင့်ရရှိခဲ့ပါတယ်။

အဆိုပါ အေဂျင်စီမှာလုပ်ကိုင်စဉ်အခါကလည်း ပြင်ပအချိန်တွေမှာ Digital ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Niz Digital Agency မှာ Co-Founder အဖြစ် လုပ်ကိုင်လျက်ရှိပြီး တစ်ဖက်မှာလည်း Shwe Innlay Media Agency ကိုဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ အခြားနာမည်ကြီးစားသောက်ကုန်လုပ်ငန်းများနှင့်ဘဏ်လုပ်ငန်းများကို Digital Consultant အဖြစ်လက်ရှိလုပ်ကိုင် ပေးနေသူဖြစ်ပါတယ်။

သင်တန်းဖွင့်မည့်ရက်နှင့် သင်တန်းနေရာကို ပြန်လည်ပြောကြားပေးသွားပါမယ်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*