AI ကင်မရာ ၅ လုံး နှင့်အတူ အဆင့်မြင့်မားသည့် သုံးစွဲသူအတွေ့အကြုံအား ပေးစွမ်းနိုင်မည့် HUAWEI NOVA 5T

HUAWEI Consumer Business Group မှ ယနေ့တွင် အဆင့်မြင့် သုံးစွဲသူအတွေ့အကြုံများ  ပေးအပ်နိုင်မည့် HUAWEI Nova 5T အား Lotte Hotel တွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဖက်ရှင်ရေစီးကြောင်းကို လေ့လာလိုက်စားသူများကြိုက်နှစ်သက်စေမည့် Nova 5T ထုတ်ကုန်အား မိတ်ဆက်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် တတိယအကြိမ်မြောက် ကျင်းပသွားမည့် HUAWEI nova Esports Championship အကြောင်းအားလည်း မိတ်ဆက်ခဲ့သည်။

ဖက်ရှင်ချစ်မြတ်နိုးသူများအတွက် လှပကျော့ရှင်းသည့် စမတ်ဖုန်းတစ်လုံး

HUAWEI သည် မိုဘိုင်းဟန်းဆက်ဒီဇိုင်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းဘောင်များအား  ကျော်ဖြတ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားလျှက်ရှိကြောင်းအား ယခု Nova 5T နှင့်အတူ သက်သေပြလိုက်သည်။ ထူးခြားသည့် texture နှင့် ပေါ်လွင်သည့် lighting contrast တို့ကြောင့် ဖုန်းကိုယ်ထည်၌ အလွှာများစွာထည့်သွင်းထားသကဲ့သို့သော 3D effect အား ရရှိကာ holographic look အား ရရှိစေနိုင်မည်ဖြစ်သည်။

HUAWEI Nova 5T တွင် 6.26” ရှိသည့် Punch FullView Display ပါဝင်ပြီး 174g အလေးချိန်ရှိကာ အထူအားဖြင့် 7.87 mm ရှိသောကြောင့် ကြီးမားသည့်မျက်နှာပြင်အား ပါးလွှာသည့် ကိုယ်ထည်ပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆင့်မြင့်မားသည့် လုပ်ဆောင်ချက်

HUAWEI Nova 5T သည် အဆင့်မြင့် Kirin 980 AI Processor အားဖြည့်ထားပြီး RAM 8GB ပါဝင်လာသည်။ အင်အားကြီးမားသည့် EMUI 9.1 operating system အားဖြည့်ထားပြီး high-end model များအသုံးပြုနေသကဲ့သို့ ချောမွေ့သည့် အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

22.5W HUAWEI SuperCharge နည်းပညာကြောင့် စမတ်ဖုန်းအား အချိန်တိုအတွင်း အားအင်ပြန်လည်ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး GPU Turbo 3.0 ကြောင့် frame အပြည့်ဖြင့် ဂိမ်းကစားနိုင်မည်ဖြစ်ကာ နှောင့်နှေး ရပ်တန့်ခြင်းမှ ကင်းဝေးစေနိုင်မည်ဖြစ်သည်။

HUAWEI Consumer Business Group (Myanmar) ၏ Marketing Director တစ်ဦးဖြစ်သော မခင်ရတနာဝင်း မှ “ ဒီ HUAWEI nova 5T ဟာဆိုရင် မိမိတို့ရဲ့ အကောင်းဆုံး ဆိုတဲ့ အမှတ်တရတွေကိုဝေမျှချင်တဲ့ သူတွေ ၊ မိမိတို့ရဲ့ တစ်နေ့တာ အမှတ်တရတွေကို အချိန်နဲ့ တစ်ပြေးညီ ဝေမျှချင်တယ်ဆိုတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဖုန်းမှာ ပါဝင်တဲ့ AI Camera ၅ လုံး နဲ့အတူ ကျော့ရှင်းပြီး လှပသည့် ဒီဇိုင်းကြောင့် HUAWEI nova 5T သည် အကြောင်းအရာဖန်တီးသူများအား အချိန်နှင့် တစ်ပြေးညီ တီထွင်ဖန်တီးစေနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းနယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းဘောင်တွေကို ဖြတ်ကျော်စေနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။  

သုံးစွဲသူများ၏ မည်သည့်အမှတ်တရမျိုးမဆို ရိုက်ကူးပုံဖော်နိုင်မည့် AI Camera ၅ လုံး

HUAWEI Nova 5T တွင် ပါဝင်သည့် HDR+ Algorithm ကြောင့် သုံးစွဲသူများသည် လွန်စွာကောင်းမွန်သည့် Portrait ပုံရိပ်များအား မှောင်မဲနေသည့် အချိန်၌ပင် ရိုက်ကူးနိုင်မည်ဖြစ်သည်။

အကောင်းဆုံး ပုံရိပ်များကိုသာ ရိုက်ကူးလိုတဲ့ ယခုကဲ့သို့သော social media ထွန်းကားသည့် ခေတ်တွင် HUAWEI nova 5T မှ အကောင်းဆုံး ကိရိယာတစ်ခုအဖြစ် အသုံးပြုစေနိုင်မည်ဖြစ်သည်။ HUAWEI nova 5T သည် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးမှ ပေးစွမ်းနိုင်စွမ်းရှိသော ဓာတ်ပုံ နှင့် ဗီဒီယို အရည်အသွေးများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

HUAWEI nova 5T တွင် ပါဝင်သည့် 32MP ultra-clarity ကင်မရာသည် selfie များခေတ်စားနေသည့် ယခုကဲ့သို့သော ခေတ်တွင် ယှဉ်ပြိုင်သူ ကင်းမဲ့သည့် sharpness အား ပေးစွမ်းကာ ဆံခြည်တံမျှဉ် ကအစ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

အနောက်ဖက် AI ကင်မရာ ၄ လုံးပါဝင်ပြီး 48MP HD Lens ၊ 16MP wide-angle lens ၊ 2MP macro Lens နှင့် 2MP Bokeh Lens များဖြင့် high-definition ၊ ultra-wide-angle ၊ macro နှင့် depth of field ဓာတ်ပုံများအား ရိုက်ကူးစေနိုင်မည်ဖြစ်ပြီး သဘာဝရှုခင်း နှင့် အနီးကပ် ပုံရိပ်များအား တစ်ကြိမ်တည်း ရို်က်ကူးရုံဖြင့် ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

AI Image Stabilization (AIS) ၊ Auto Exposure Lock (AEL) နှင့် Auto Focus Lock (AFL) ကဲ့သို့သော AI အထောက်အကူပြုထးသည့် ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ နည်းပညာများ ပါဝင်ပြီး ပုံရိပ်များအား အသေးစိတ် တိကျစွာရိုက်ကူးစေနိုင်မည်ဖြစ်သည်။ HUAWEI nova 5T သည် အင်အားကြီးမားသည့် ဗီဒီယို တည်းဖြတ်ခြင်း လုပ်ဆောင်ချက်များလည်း လုပ်ကိုင်စေနိုင်မည်ဖြစ်သည်။

EMUI 9.1 ဖြင့် မိုဘိုင်းလုပ်ဆောင်ချက်အား အားဖြည့်ပေးနိုင်

HUAWEI nova 5T တွင် EMUI 9.1 ပါဝင်အားဖြည့်ထားပြီး ကြီးမားသည့် ဖုန်းသုံးစွဲခြင်း အတွေ့အကြုံအား ထူးခြားသည့် လုပ်ဆောင်ချက် နှင့် system speed အဆင့်မြင့်တင်မှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် HUAWEI ၏ Extendable Read-Only File System (EROFS) ကြောင့် သမရိုးကျ စာဖတ်ရှုခြင်း အား ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်စေမည်ဖြစ်ပြီး system storage space အား ROM ပမာဏအား လျော့ချစေပြီး ပိုမို သိမ်းဆည်းနိုင်စေမည်ဖြစ်သည်။ ထို့အပြင် file များအား read-only files များ အဖြစ်သို့ ပြောင်းလဲစေနိုင်မည်ဖြစ်ပြီး ထုတ်ကုန်၏ လုံခြုံမှုအား တိုးမြှင့်စေနိုင်မည်ဖြစ်သည်။

ဈေးနှုန်း

HUAWEI nova 5T အား Crush Blue ၊ Black နှင့် Midsummer Purple ဆိုပြီး အရောင် ၃ မျိုးဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး  ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ်  ၅၉၉,၀၀၀ ဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ Pre-Order မှာယူနိုင်မည်ဖြစ်သည်။

Pre-Order သတ်မှတ်ထားသည့် အချိန်အတွင်း ဝယ်ယူသူများအား Huawei Mini Speaker များ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

HUAWEI nova 5T အား ဝယ်ယူသူများအတွက်ထူးခြားချက်အနေဖြင့် CB Bank နှင့် ပူးပေါင်းမှု ပြုလုပ်ကာ အတိုးနှုန်း  0% ဖြင့် ဖုန်းဝယ်ယူနိုင်မည့် အခွင့်အရေးအားလည်း ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ ဖုန်းဝယ်ယူခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များအား အနောက်ဖက် စာမျက်နှာတွင် အသေးစိတ် ဖော်ပြထားပါသည်။

ဈေးကွက်ထဲသို့ ရောက်ရှိလာသည့် Huawei MediaPad T5 နှင့် MediaPad M5 Lite

Huawei မှ ယနေ့တွင် nova 5T အပြင် tablet အမျိုးအစားသစ် ၂ မျိုးအားလည်း မိတ်ဆက်ခဲ့သည်။ အဆိုပါ tablet များမှာ Huawei MediaPad T5 10 နှင့် Huawei MediaPad M5 Lite 8.0 တို့ပင်ဖြစ်သည်။

Huawei MediaPad M5 Lite 8.0 တွင်

l  8.0” အရွယ်ရှိသည့် 16:10 FHD Display

l  Harman/Kardon Dual Stereo Speakers

l  8-Core Kirin 710 Chipset 2.2GHz

l  5100mAh ဘက်ထ္ထရီ

l  3GB RAM နှင့် 32GB ROM

l  ကျောဖက် 13MP ကင်မရာ နှင့် 8MP အရှေ့ကင်မရာ

များ အဓိက ပါဝင်ပြီး ဈေးနှုန်းအားဖြင့် မြန်မာ ငွေကျပ် ၃၃၉,၀၀၀ ကျသင့်မည်ဖြစ်သည်။ 

Huawei MediaPad T5 10 တွင်

l  10.1″ FHD Display

l  သယ်ဆောင်ရလွယ်ကူပြီး ပါးလွှာသည့် သတ္တုကိုယ်ထည်

l  Histen နည်းပညာ အသုံးပြု Dual-Stereo Speakers

l  အင်အားကြီးမားသည့် 8 Core CPU 2.36 GHz Kirin Chipset

l  ကလေးငယ်များအတွက် သင့်တော်သည့် Children’s Corner

လုပ်ဆောင်ချက်များ အဓိက ပါဝင်သည်။ ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၂၉၉,၀၀၀ ကျသင့်မည်ဖြစ်သည်။

တတိယအကြိမ်မြောက်ကျင်းပမည့် HUAWEI Nova Esports Championship

မြန်မာနိုင်ငံ၏ Esports အား ၂၀၁၇ ခုနှစ်ကတည်းမှ စတင်ကာ ထောက်ပံ့လျှက်ရှိသည့် HUAWEI Consumer Business Group သည် တတိယအကြိမ်မြောက် အဖြစ် HUAWEI Nova Esports Championship အား စက်တင်ဘာလ ၁၄ ရက်နေ့ နှင့် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် Junction City ၌ ပြုလုပ်သွားမည်ဖြစ်သည်။

ယခုပွဲစဉ်အတွက် Online Qualifiers ပြိုင်ပွဲများအား BO1 ပုံစံဖြင့် စက်တင်ဘာလ (၁၀) ရက်၊ (၁၁) ရက်များတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

နောက်ဆုံးကျန်ရှိသည့် အသင်း (၄) သင်း မှ Main Event တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး Direct Invite လုပ်ထားသည့် နာမည်ကြီးအသင်း (၄) သင်းဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

အဆိုပါ Nova Esports Championship တွင် HUAWEI Consumer Business Group နှင့် တရားဝင် လက်တွဲထားသည့် Burmese Ghouls အပြင် အခြားသော နာမည်ကြီး Esports အသင်းများမှလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Main Event တွင် BO3 ပုံစံဖြင့်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး Third Place ပွဲစဉ်အား BO1 ၊ Grand Final အား BO5 ပုံစံဖြင့် ယှဉ်ပြိုင်ကစားသွားမှာပါ။

၂ ရက်တာ ကျင်းပမည့် အဆိုပါ ဂိမ်းပြိုင်ပွဲ၌ အနိုင်ရရှိသူများအား အောက်ဖော်ပြပါအတိုင်း ပေးအပ်သွားမည်ဖြစ်သည်။

ပထမဆုHUAWEI nova 5T ဖုန်း ၅ လုံး + 5,000 In-game diamonds နှင့် trophy
ဒုတိယဆုHUAWEI Watch GT + 2,500 in-game diamonds
တတိယဆုHUAWEI TalkBand B5 + 1500 in-game diamonds
စတုတ္ထဆု1000 in-game diamonds
MVP ( Main Event)Huawei Watch GT တစ်ခု

Huawei-CB Installment Plan ဖြင့် ဖုန်းဝယ်ယူခြင်း

l  ဝယ်ယူသူများမှ နီးစပ်ရာ CB Merchant ရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်များသို့ ဦးစွာပထမ သွားရောက်ရပါမည်။

l  ထို့နောက် CB Credit Card ကိုင်ဆောင်သူများမှ Credit Card ဖြင့် ဝယ်ယူမှုအား ပြုလုပ်ရပါမည်။

l  Transaction ဖြတ်ပြီးသည့် အခါတွင် ဝယ်ယူသူများမှ www.cbbankipp.com မှ တဆင့်ဝင်ရောက်ကာ 0% interest အတွက် လျှောက်ထားရပါမည်။

l  လျှောက်ထားမှု ပြီးဆုံးသည့်အခါ လျှောက်ထားခဲ့သည့် လ အတိုင်းအတာအတွင်း  ငွေကြေးပေးသွင်းရမည်ဖြစ်သည်။

l  CB Credit Card မရှိသူများသည် နီးစပ်ရာ CB Bank တွင် လိုအပ်သည့် စာရွက်စာတမ်းများ ယူဆောင်ကာ သွားရောက်လျှောက်ထားနိုင်ပါသည်။

Instalment Payment နှင့် ပတ်သက်သည့် အမေးအဖြေများ

A.   Huawei handset များအား Instalment Payment ဖြင့် မည်ကဲ့သို့ ဝယ်ယူရမည်နည်း။

CB Credit card ကိုင်ဆောင်သူများသည် သတ်မှတ်ထားသည့် Huawei ထုတ်ကုန်များအား instalment payment ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

B.    Payment Transaction အား ပထမဆုံး အကြိမ်အဖြစ်မည်ကဲ့သို့ ပြုလုပ်နိုင်မည်နည်း။

CB Bank မှ ပေးအပ်ထားသည့် credit card ဖြင့် ဝယ်ယူပြီး IPP Terminal မှ တဆင့် Transaction ပြုလုပ်နိုင်ပါသည်။

C.   0% interest အား မည်ကဲ့သို့ လျှောက်တင်နိုင်မည်နည်း။

ငွေကြေးပေးချေမှု ပြုလုပ်ပြီးသည့် အချိန်တွင် ဝယ်ယူသူမှ CB Bank ၏ IPP website ဖြစ်သော www.cbbankipp.com မှ တဆင့် စာရင်ပေးသွင်းနိုင်ပါသည်။

လိုအပ်သည့် အကြောင်းအရာများအား ဖြည့်စွက်ပါ။ ဝယ်ယူသည့်ဆိုင်အမည် ၊ IPP option (0%-6 months), နာမည်အပြည့်အစုံ ၊ ကဒ်နံပါတ် ၊ ဖုန်းနံပါတ် ၊ သုံးစွဲခဲ့သည့် ငွေကြေးပမာဏ ၊ transaction ပြုလုပ်သည့် နေ့စွဲ (receipt ပေါ်တွင်ရေးသားထားသည့် နေ့စွဲ) များအား ဖြည့်စွက်ပြီး T/C ကို သဘောတူညီကာ application အား တင်သွင်းရပါမည်။

D.   လုပ်ဆာင်ရန် မည်မျှအချိန်ကြာမြင့်မည်နည်း။

လုပ်ဆောင်ရန်အတွက် အချိန်မှာ တစ်ပတ် နှင့် အထက် ကြာမြင့်နိုင်မည်ဖြစ်ပြီး သုံးစွဲသူများအား အတည်ပြုပြီးပါက CB Concierge မှ ဖုန်းဆက်အကြောင်းကြားပါမည်။

E.    CB Credit Card အားမည်ကဲ့သို့ လျှောက်ထားနိုင်မည်နည်း။

နီးစပ်ရာ CB Bank သို့ လိုအပ်သည့် စာရွက်စာတမ်းများ ယူဆောင်ပြီး သွားရောက်လျှောက်ထားနိုင်ပါသည်။ Hotline နံပါတ် ၀၁ ၂၃၁ ၇၇၇၀ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

F.    အနည်းဆုံး နှင့် အများဆုံး သုံးစွဲနိုင်သည့် ပမာဏမှာ မည်မျှဖြစ်သနည်း။

အနည်းဆုံး သုံးစွဲနိုင်သည့် ပမာဏ မှာ မြန်မာငွေကျပ် ၁၀၀,၀၀၀ ဖြစ်ပြီး အများဆုံး ပမာဏ မှာ မိမိ၏ credit card မှ သတ်မှတ်ထားသည့် ပမာဏ အတိုင်းဖြစ်သည်။

G.   အတိုးနှုန်းမှာ မည်မျှဖြစ်သနည်း။

၆ လအတွက် အတိုးနှုန်းမှာ ၁ လလျှင် ၁% ဖြစ်ပြီး

၁၂ လအတွက် အတိုးနှုန်းမှာ ၁ လလျှင် ၁.၂% ဖြစ်သည်။

H.   ဝန်ဆောင်ခ ကျသင့်ငွေ မှာ မည်မျှဖြစ်မည်နည်း။

၆ လအတွက် ဝန်ဆောင်ခမှာ မြန်မာငွေကျပ် ၁၀,၀၀၀ ဖြစ်ပြီး ၁၂ လအတွက် ကျသင့်ငွေမှာ မြန်မာငွေကျပ် ၂၀,၀၀၀ ဖြစ်သည်။

I.    သုံးစွဲသူများမှ လစဉ်ငွေကြေးပေးချေမှုအား မည်ကဲ့သိုပြုလုပ်နိုင်မည်နည်း။

သုံးစွဲသူများမှ Cash သို့မဟုတ် cheque ဖြင့် နီးစပ်ရာ CB Bank ခွဲ (သို့) CB Mobile Banking (သို့) CB Pay ဖြင့် ပေးချေနိုင်မည်ဖြစ်သည်။

J.    Payment Plan အကြောင်း အသေးစိတ် ရှင်းပြပေးပါ။

၅၉၉,၀၀၀ သိန်းတန် စမတ်ဖုန်း ဝယ်ယူသူများအတွက် Payment plan မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။ (၆ လ Installment Plan အတွက်)

PriceintHandling FeeMonthly Fee 
599,0005990100001158231st Month
 5990 1058232nd Month
 5990 1058233rd Month
 5990 1058234th Month
 5990 1058235th Month
 5990 1058236th Month
599,0003594010000644940Total

ဝ% အတိုးနှုန်းလျှောက်ထားသူများအတွက် ပေးအပ်ရမည့် အတိုးပမာဏ ၃၅,၉၄၀ အား online-application မှ အတည်ပြုပြီးပါက CB Bank မှ  ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

K.    သုံးစွဲသူမှ ငွေကြေးပေးချေမှု အဆင့် နှင့် ပတ်သက်ပြီး မည်ကဲ့သို့ သိရှိနိုင်သနည်း။

CB Bank မှ လစဉ် ပေးအပ်ရမည့် ငွေပမာဏ နှင့် နောက်ဆုံးပေးအပ်ရမည့် နေ့ရက်များအကြောင်းအား လစဉ် statement ပေးပို့သွားမည်ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*