Quad Camera, Zoom into Imagination ဆောင်ပုဒ်ဖြင့် OPPO Reno2 | 2F စမတ်ဖုန်းအသစ်များကို ပြည်တွင်းတွင် တရားဝင်မိတ်ဆက်

 စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို အစဥ်အမြဲ မိတ်ဆက်ပေးတတ်တဲ့ OPPO မှ “Quad Camera, Zoom into Imagination” ခေါင်းစဥ်နဲ့အတူ OPPO Reno2 | 2F စမတ်ဖုန်းတွေကို ရန်ကုန်မြို့၊ Melia Hotel Yangon မှာ အောက်တိုဘာ ၂၄ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ 5x Hybrid Zoom၊ 20x Digital Zoom၊ Ultra Dark Mode  နဲ့ Ultra Steady Video တွေပါဝင်လာတဲ့ OPPO Reno2 | 2F စမတ်ဖုန်း မိတ်ဆက်ပွဲကို OPPO ရဲ့ Brand Ambassador တွေဖြစ်တဲ့ ပိုင်ဖြိုးသု၊ ပိုင်တံခွန်၊ KOLs များဖြစ်ကြတဲ့ အဆိုတော်လွှမ်းပိုင် (Streamer Bo Paing Gyi) ၊ သရုပ်ဆောင် ကျော်ထက်ဇော်၊ ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ မော်ဒယ် ဘုန်းသီရိကျော်၊ ယမင်းမေဦးနှင့် သဇင်ထူးမြင့် တို့နဲ့အတူ OPPO Myanmar မှတာဝန်ရှိသူများ၊ O Fan များ၊ သတင်းမီဒီယာများရှေ့မှာ ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်‌ပေးလိုက်တဲ့ Reno2 နဲ့ Reno2 F စမတ်ဖုန်းတွေဟာ စမတ်ဖုန်း သုံးစွဲသူများကို နောက်ဆုံးပေါ် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အသုံးပြုပြီး အကန့်သတ်မဲ့ ဖန်တီးနိုင်စွမ်းကို ပေးစွမ်းနိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်ပေးလိုက်တဲ့ Reno2 ကို ခမ်းနားကျော့ရှင်းသော Luminous Black နဲ့ ပင်လယ်သမုဒ္ဒရာများရဲ့ ထူးခြားသိမ်မွေ့တဲ့ အရောင် Ocean Blue တို့ဖြင့် ရရှိနိုင်မှာဖြစ်ပြီး မြန်မာငွေ (၇၉၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း၊ Reno2 F ကို ဂန္ထဝင်ဆန်သော Sky White နဲ့ စိမ်းစိုတောက်ပတဲ့ Lake Green တို့ဖြင့် ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာငွေ (၅၂၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း အသီးသီးရရှိနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းနှစ်မျိုးလုံးကို အောက်တိုဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ (၂) ရက်နေ့မှ စတင်ကာ OPPO ဖုန်းအရောင်းကောင်တာတိုင်းမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူသူများ ကိုလည်း မေတ္တာလက်ဆောင်အဖြစ် OPPO ခရီးဆောင်အိတ်များကိုလည်း ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ OPPO Reno2 | 2F တို့ဟာ ခေတ်သစ်နည်းပညာတွေကို အသုံးချပြီး အနုပညာလက်ရာကောင်းတွေကို ဖန်တီးရင်း အိပ်မက်တွေကို အကောင်အထည်ဖော်လိုတဲ့ လူငယ်တွေအတွက် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးရာတွင် အရည်အသွေးပိုမိုကောင်းမွန်လာစေရန်အတွက် full focal length imaging system ကိုထောက်ပံ့ပေးမယ့် ကင်မရာ (၄)လုံးကို တပ်ဆင်ပေးထားပါတယ်။ Snapdragon 730G နဲ့ MediaTek Helio P70 တို့ အသီးသီးပါဝင်တဲ့ စမတ်ဖုန်း နှစ်လုံးစလုံးမှာ 8GB RAM နဲ့အတူ စွမ်းဆောင်ရည်ကို ထပ်မံပံ့ပိုးပေးထားပြီး ဂိမ်းကစားခြင်းနဲ့ အခြားဖျော်ဖြေရေး အသုံးပြုမှုများအတွက်လည်း Dolby Atmos® equalizer ထည့်သွင်းပေးထားပါတယ်။

စိတ်ကြိုက်အနေအထားနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ Reno2 ရဲ့ Zoom Feature များ

OPPO Reno2 တွင် လိုအပ်သလို ချောမွေ့စွာ Zoom ရယူနိုင်စေရန်အတွက် 5x Hybrid Zoom နဲ့ 20x Digital Zoom တို့ထည့်သွင်းထားပါတယ်။ Ultra Dark Mode တွင် အားကောင်းတဲ့ NPU နဲ့ OPPO ရဲ့  ပြည့်စုံကောင်းမွန်တဲ့ algorithms များပါဝင်ထားပါတယ်။ hardware ကိုထောက်ပံ့ထားတဲ့ AI noise reduction ကြောင့် အလင်းရောင် အဆင့် 1 lux ထက်နည်းနေတယ်ဆိုရင်တောင် သာမန်မျက်လုံးဖြင့် မမြင်နိုင်တဲ့ အနေအထားများတွင်လည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ OPPO ရဲ့ စမတ်ဖုန်းလောကရှေ့ဆောင် Ultra Steady Video Mode နည်းပညာသည် ပြေးခြင်း၊ လျှောစီးခြင်း၊ စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်းများတွင် တည်ငြိမ်တဲ့ video ရိုက်ကူးမှုများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုများကို 60fps frame rateထိရိုက်ကူးနိုင်မှာ ဖြစ်ပြီး ပိုကောင်းမွန်စေတဲ့ image stabilization များဖြင့် ကောင်းမွန်ပြည့်စုံတဲ့ ရုပ်ထွက်များကိုလည်း ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ Reno2 တွင် storage အားဖြင့် 256GB အထိအသုံးပြုနိုင်မှာြဖစ်ပြီး VOOC 3.0 အမြန်အားသွင်းစနစ် နဲ့အတူ 4000mAh ဘက်ထရီလည်း ပါရှိမှာ ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့်Reno2 F ရဲ့ ကင်မရာ ၄ လုံးနဲ့ Ultra Wide Angle Lens

OPPO Reno2 F တွင် 48 MP Ultra Clear Main Camera ၊ 8 MP wide-angle lens ၊ 2 MP mono lens နဲ့ 2 MP portrait lens စုစုပေါင်း ကင်မရာလေးလုံးပါဝင်ထားပါတယ်။ Ultra Wide Angle lens က 119° မျက်မြင်တစ်ဆုံးမြင်ကွင်းများကို ရိုက်ကူးနိုင်ပြီး မတူညီတဲ့ ပုံရိပ်တွေနဲ့ photo theme များကို ယူဆောင်လာမှာ ဖြစ်ပါတယ်။ အသုံးပြုသူများဟာ ကျယ်ပြောြပီး အကန့်အသတ်မဲ့တဲ့ ရှုခင်းပုံများသာမက ကျဉ်းမြောင်းတဲ့ နေရာတွေမှာ ဆိုရင်လည်း  နေ့ညမရွေး ဘယ်အချိန်မျိုးမှာ မဆို ရိုက်ကူးပေးနိုင်မှာ  ဖြစ်ပါတယ်။  Ultra Night Mode 2.0 က မျက်နှာနဲ့ နောက်ခံမြင်ကွင်းများကို သီးခြားစီ ပုံဖော်ပေးတဲ့အတွက် အသားရောင်မှန်ကန်ပြီး ပြင်ပမှ လက်တွေ့အရောင်နဲ့ အနီးစပ်ဆုံးတူတဲ့ ဓာတ်ပုံတွေကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ လှပတဲ့ အသေးစိတ်အရောင်များကို ရရှိစေပြီး မလိုအပ်ဘဲ အလင်းများဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ Reno2 F တွင် 256GB အထိ တိုးမြှင့်နိုင်သော storage 128GB နဲ့ VOOC 3.0 အမြန်အားသွင်းစနစ် ထောက်ပံ့ထားတဲ့ 4000mAh ဘက်ထရီတို့ပါရှိပြီး OPPO Reno2 | 2F စမတ်ဖုန်း နှစ်မျိုးစလုံးကို နိုဝင်ဘာ ၂ ရက်နေ့ကနေ စတင်ပြီး ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*