ဂျပန်နိုင်ငံရဲ့ အစားအစာအကြောင်းတင်ဆက်ထားတဲ့ Mission Oishi အစီအစဉ်

အခုလက်တလောကာလတွင် ဂျပန်အစားအစာများသည် မြန်မာလူမျိုးများကြား နာမည်ကျော်ကြား ရေပန်းစားလျက်ရှိသည်။ ထို့အတွက် ပရိသတ်များ အကျွမ်းတဝင်ရှိသော့ အစီအစဉ်တင်ဆက်သူ နှစ်ဦးဖြစ်သည့် ဇော်ထက်နှင့် မှူးသီဟသူ တို့မှ “ ဂျပန်အစားအစာ” တို့၏ ထူးကဲဆန်းပြားကောင်းမွန်မှုကို ရှာဖွေရန်အတွက် ဂျပန်နိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်လည်ပတ်ကြမှာ ဖြစ်ပါသည်။

ခရီးစဉ်တွင် နာမည်အကျော်ကြားဆုံး ရှုခင်းများကို စတင်လည်ပတ်ကြမည် ဖြစ်ပါသည်။ ထို့နောက် သူတို့ ပျော်ရွှင်စွာလည်ပတ်နေစဉ်အတွင်း သက်ဆိုင်ရာခေါင်းစဉ်အလိုက် Morisaki Win ထံမှ video message လက်ခံရရှိမှာဖြစ်ပါသည်။

အစီအစဉ်တင်ဆက်သူနှစ်ဦးမှ Guide Morisaki Win လမ်းညွှန်သည့်အတိုင်း ရှာဖွေရန်အတွက် Main sponsor ဖြစ်သည့် SUZUKI SWIFT ကား ဖြင့် သွားရောက်တွေ့ဆုံမည် ဖြစ်ပါသည်။ ထို့နောက် ၄င်းထံမှ ဂျပန်အစားအစာများအကြောင်း လေ့လာပြီး ထူးထူးခြားခြားအတွေ့အကြုံအချို့ကို ကြုံတွေ့လေ့လာပြီးနောက်တွင် ဂိမ်း၏အကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို Guide Morisaki Win မှ ရှင်းပြပေးမည်ဖြစ်သည်။

အနိုင်ရရှိသူတစ်ဦးကသာလျှင် ထိုနေ့အတွင်း သူတို့သွားရောက် လေ့လာစုံစမ်းထားသော အစားအသောက်များကို စားခွင့်ရှိမှာဖြစ်ပါသည်။ ရှုံးသူသည် မည်သည့်အစားအစာမှ ရရှိမှာမဟုတ်ဘဲ ထို့နေ့အတွက် ဘာမှ စားခွင့်ရမည် မဟုတ်ပါ။

အစီအစဉ်အတွင်း သူတို့သွားရောက်လည်ပတ်ကြမည့်နေရာများမှာ

၁။ အစားကောင်းကြိုက်သူတို့အတွက် ကမ္ဘာ့အကာင်းဆုံးမြို့တော် တိုကျိုမြို့ ။

၂။ ဖူဂျီတောင်မှ အဖိုးတန် ရေကောင်းရေသန့်နှင့် အသီးအနှံပေါကြွယ်ဝသော မြို့တော် ရာမနရှိ ။

၃။ ရင်သပ်ရှုမောဖွယ်လှပသော ဖူဂျီတောင်၏ ရှုခင်းနှင့် နောက်ဆုံးပေါ်နည်းပညာတို့ ထွန်းကားရာ မြို့တော် ရှီဇူအိုကာ ။

၎။ ထိတ်တန်းအစားအသောက်ပါဝင်ပစ္စည်းများနှင့် သက်ရှည်ကျန်းမာမှုကြောင့် ကျော်ကြားထင်ရှားရာ

မြို့တော် အိုကီနာဝါ။

ထို့အပြင်အနိုင်ရရှိသူသာလျှင် သည် Tokyo မှ Okinawa ထိဂိမ်းတွင် ကြယ် sticker များကို ရရှိမှာဖြစ်ပါသည်။ နောက်ဆုံးမှာ ဘယ်လိုအရာတွေက သူတို့ကို စောင့်မျှော်နေမလဲဆိုတာနဲ့ ကြယ် sticker လေး၏ အဓိပ္ပ္ပါယ်က ဘာဖြစ်မလဲဆိုတာ အစီအစဉ်၌ ဆက်လက်ရူစားကြပါရန်။

■ Mission Oishi အစီအစဉ်၏ ရည်ရွယ်ချက်

          Mission Oishi အစီအစဉ်သည် Broadcast Program Export Association of Japan ၏အစီအစဉ်တစ်ခုအဖြစ် Ministry of Internal Affairs and Communication of Japan မှ ရွေးချယ်သည့် အပြင် ပံပိုးကူညီထောက်ပံ့ပြီး ထုတ်လွှင့်မည့်အစီအစဉ်ဖြစ်ပါသည်။ 

          Mission Oishi အစီအစဉ်ထုတ်လွှင့်ရသည့်ရည်ရွယ်ချက်များမှာ ဂျပန်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ် ရှုခင်းများနှင့် မြန်မာလူမျိုးများအကြိုက်တွေ့စေမည့် ဂျပန်အစားအစာများကို မိတ်ဆက်ပေးရန်၊ ဂျပန်နိုင်ငံကို မြန်မာပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရန်၊ ဂျပန်ထုတ်ကုန်များနှင့် ဂျပန်နည်းပညာများအကြောင်းပိုမိုသိရှိစေရန်နှင့် မြန်မာလူမျိုးတို့ အကြိုက်တွေ့စေရန် ဖြစ်ပါသည်။

TV Station: Channel 7

Broadcasting Date: ၉.၁၁.၂၀၁၉ – ၂၈.၁၂.၂၀၁၉

Broadcasting Time: အပတ်စဉ် စနေနေ့တိုင်း (ည ၉း၀၀နာရီ – ၉း၃၀ နာရီ)

Produced by: MRTV-4 (Forever Group)

Production Supported by: SATV, TV Asahi, QAB

Sponsored by: SUZUKI MOTOR CORPORATION

Be the first to comment

Leave a Reply

Your email address will not be published.


*