OPPO မှ အသစ်ထွက်လာမည့် flagship 5G စမတ်ဖုန်းအသစ် နှင့် OPPO Reno3 Pro တွင် Qualcomm Snapdragon 865 နှင့် 765G တို့ကို အသုံးပြုထားမည့် အကြောင်းကြေညာ

OPPO သည် Qualcomm® Snapdragon ™ 865 Mobile Platform ကို ၂၀၂၀၏ ပထမသုံးလပတ်ထဲတွင် ထုတ်လုပ်မည့် flagship 5G စမတ်ဖုန်းတွင် အသုံးပြုသွားမည့် ကုမ္ပဏီများအနက်မှတစ်ခုအဖြစ် နှစ်စဥ်ကျင်းပပြုလုပ်သည့် Qualcomm Snapdragon Tech Summitတွင် ကြေညာလိုက်ပြီ ဖြစ်ပါသည်။ Qualcomm Technologies ၏ မျိုးဆက်သစ် Snapdragon 765G Mobile Platform ကိုလည်း ယခုလတွင် စတင်မိတ်ဆက်မည့် Reno3 Pro စမတ်ဖုန်းတွင် brand ၏ ပထမဆုံး dual mode 5G smartphone အဖြစ် အသုံးပြုလာမည် ဖြစ်ပါသည်။

Snapdragon 5G mobile platform သည် OPPO ၏ flagship စမတ်ဖုန်းများကို cellular connectivity၊ performance နှင့် power efficiency များ ကောင်းမွန်အောင် ထောက်ပံ့ပေးမည့်အပြင် ဗီဒီယို၊ ဓာတ်ပုံနှင့် ဂိမ်းကစားခြင်း အတွေ့အကြုံကောင်းများကိုလည်း ပေးစွမ်းသွားမည် ဖြစ်ပါသည်။ အသစ်ထွက်လာတော့မည့် Reno3 Pro တွင်လည်း Snapdragon 765G Mobile Platform ကို အသုံးပြုထားမည် ဖြစ်ပြီး 7nm process technology နှင့် တည်ဆောက်ထားသည့်အတွက် အသုံးပြုသူများကို ထူးခြားသည့် 5G အတွေ့အကြုံများကို ခံစားရဦးမည် ဖြစ်ပါသည်။

5G စမတ်ဖုန်းများ၏ ရှေ့ဆောင်ဖြစ်သော OPPO သည် ယခုနှစ် မေလကလည်း Reno 5G ကို ဥရောပတွင် ပထမဆုံး commercial 5G စမတ်ဖုန်းအဖြစ် ဆွစ်ဇာလန်နိုင်ငံတွင် တရားဝင်ဖြန့်ချီပေးခဲ့ပါသည်။ ထို့အပြင် OPPO သည် Reno 5G စမတ်ဖုန်းကို သြစတြေးလျ၊ U.K. နှင့် အီတလီ တွင်လည်း ထပ်မံဖြန့်ချီခဲ့ပြီး Reno 5G ဖြင့် “Best 5G Network Development in Europe” awardကို Qualcomm Technologies နှင့် Ericsson တို့နှင့်အတူ ဇွန်လက ပူးတွဲချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

OPPO သည် တစ်ကမ္ဘာလုံးဆိုင်ရာ 5G ဖြန့်ကျက်မှုကို အရှိန်မြှင့်ပေးသော DSS Technologyကို ပထမဦးဆုံး ထောက်ပံ့သည့် စမတ်ဖုန်း brand ဖြစ်လာ

OPPO သည် Ericsson, Qualcomm Technologies၊ Swisscom နဲ့ Telstra တို့နဲ့ ပူးပေါင်းကာ DSS (Dynamic Spectrum Sharing)  data call ကို ထောက်ပံ့သည့် ကမ္ဘာ့ပထမဦးဆုံး 5G စမတ်ဖုန်း ဖြစ်ကြောင်းကိုလည်း ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် OPPO သည် DSS ကို ထောက်ပံ့သည့် ကမ္ဘာလုံးဆိုင်ရာ ပထမဆုံးစမတ်ဖုန်း အမှတ်တံဆိပ်လည်း ဖြစ်လာပြီ ဖြစ်ပါသည်။ DSS နည်းပညာသည် လက်ရှိ 4G နှင့် 5G များရှိ frequency spectrums နှင့် networks accelerating များတွင် ကမ္ဘာလုံးဆိုင်ရာ 5G service များကိုအရှိန်မြှင့်တင်ကာ 5G အတွေ့အကြုံကောင်းများကို ကျယ်ပြန့်စွာ ရရှိစေမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ခေါ်ဆိုမှုတွင် Swisscom နှင့် Telstra ၏ commercial 5G ကွန်ရက်များ မှတဆင့် Ericsson Spectrum Sharing (ESS) နည်းပညာ ကိုဆက်သွယ်သည့် Qualcomm® Snapdragon ™ X55 5G Modem-RF စနစ် ထောက်ပံ့ထားသော OPPO 5G စမတ်ဖုန်းကို အသုံးပြုခဲ့ပါသည်။  3GPP Frequency Division Duplex (FDD) band တွင် spectrum sharing ကို အသုံးပြုကာ ခေါ်ဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ထိုခေါ်ဆိုမှုသည် OPPO Ericsson 5G Joint Lab ၏ပထမဆုံးအောင်မြင်မှုဖြစ်ပြီး အသုံးပြုသူများအတွက် ထူးခြားသော 5G ဗီဒီယိုခေါ်ဆိုမှု အတွေ့အကြုံကို ဖန်တီးရန်အတွက် ဗီဒီယိုအရည်အသွေး မြှင့်တင်ခြင်းနှင့် latency များကို သိသိသာသာလျှော့ချပေးမည် ဖြစ်ပါသည်။

OPPO မှ Software Engineering Business Unit ၏ Vice President and President ဖြစ်သူ Andy Wu က “ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ ဖြစ်တဲ့ OPPO ဟာ  5G ကို  commercialization အနေနဲ့ အမြန်ကူးပြောင်းဖို့အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ Dynamic Spectrum Sharing (DSS) နည်းပညာကို အသုံးပြုမှု လွယ်ကူစေရန်အတွက် Ericsson၊ Qualcomm၊ Swisscom နှင့် Telstra တို့နှင့်ပူးပေါင်းမှုသည် 5G ခေတ်တွင် ကျွန်ုပ်တို့ရဲ့ နက်ရှိုင်းတဲ့ ပူးပေါင်းမှု တစ်ခုဖြစ်ပါတယ်။ OPPOမှ လာမည့်နှစ်တွင် ပိုမိုတည်ငြိမ်မြန်ဆန်တဲ့ 5G ဆက်သွယ်မှုများနဲ့ ပိုမိုကောင်းမွန်တဲ့ အသုံးပြုသူ အတွေ့အကြုံများကိုပေးစွမ်းမယ့် DSS နည်းပညာ ထောက်ပံ့ပေးတဲ့ 5G စမတ်ဖုန်းများကို စတင်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

ကွန်ယက်များအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ wireless spectrum resources များ၏ အခြေအနေသည် 5G ထွက်ပေါ်လာခြင်း နှင့်အတူ ပိုမိုရှုပ်ထွေးလာနေပြီ ဖြစ်ပါသည်။  DSS နည်းပညာကို အသုံးပြုခြင်းဖြင့် carriersများအား ဆော့ဖ်ဝဲ အဆင့်မြှင့်တင်ခြင်းအားဖြင့် spectrum များကို မျှဝေသုံးစွဲနိုင်စေပြီး လက်ရှိ 4G ကွန်ယက် အသုံးပြုသူများကိုလည်း 5G ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မှာ ဖြစ်ပါသည်။ DSSသည် carriers များအား 5G ကွန်ယက်များကို ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် ပိုမိုမြန်ဆန်စွာနှင့် ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ မိုဘိုင်းထုတ်ကုန်များအတွက် သုံးစွဲသူများသည် DSS ကို ထောက်ပံ့သောစမတ်ဖုန်းများဖြင့် DSS-enabled ကွန်ရက်များ၌ 5G ဝန်ဆောင်မှုများကို ခံစားနိုင်တော့မည် ဖြစ်ပါသည်။

OPPO သည် တစ်ကမ္ဘာလုံးဆိုင်ရာ 5G နယ်ပယ်တွင် အကောင်းဆုံးစွမ်းဆောင်ရည်များကို သယ်ဆောင်လာပေးမည့် စမတ်ဖုန်း brand တစ်ခုအဖြစ် 5G အတွက် product research နှင့် scenario applications များတွင် အားသာချက်များစွာဖြင့် ရှေ့ဆက်နေပြီ ဖြစ်ပါသည်။ OPPO သည် Qualcomm Technologies နှင့် အခြား industry partners များနှင့်ဆက်လက် ပူးပေါင်းပြီး 5G အတွေ့အကြုံများကို ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများဆီ သယ်ဆောင်လာတော့မှာ ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*