Latest post

အထာကျကျဒီဇိုင်း၊ အမိုက်စား AI Triple-camera ဖြင့် အလန်းစားရိုက်ကူးနိုင်မည့် HUAWEI Y7p မြန်မာနိုင်ငံသို့မကြာမီ ရောက်ရှိလာတော့မည်။

Huawei Consumer Business Group Myanmar မှ အသစ်ထွက်ရှိလာသည့် AI ကင်မရာသုံးလုံးပါ HUAWEI Y7p အား ဇန်နဝါရီလ၂၀ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ အဆင့်မြှင့်တင်ထားသော HUAWEI Y7p တွင် 48MP triple-camera system ကို အသုံးပြုထားခြင်းကြောင့် ဘဝရဲ့အကောင်းဆုံးအချိန် ပုံရိပ်တွေကို ရိုက်ကူးပုံဖော်ထားနိုင်မှာဖြစ်သည့်အပြင်

ဈေးကွက်အတွင်း ရောင်းချမည့်ဈေးနှုန်းမှာလည်း သင့်တင့်သည့်အတွက် လူအများအကြိုက်တွေ့စေမည့်

ဖုန်းတစ်လုံးဖြစ်မည်ဖြစ်သည်။

HUAWEI Y7p ၏ Triple-camera setup တွင်ပါဝင်သည့် f/1.8 wide lens တပ်ဆင်ထားသည့် 48MP ပုံထွက်နှုန်းရှိသည်ပင်မကင်မရာတို့ဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းသောပုံရိပ်တို့ကို ပုံဖော်နိုင်မည့်အပြင် 8MP ရှိသည့် ultra-wide-angle camera ကအထောက်အပံ့ပေးထားခြင်းကြောင့် 120 Degreeအပြည့် သာယာလှပသောရှုခင်းပုံရိပ်များ၊ အုပ်စုလိုက်ပုံတွေကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့အပြင် 2MP depth assist camera ပါဝင်သည့်အတွက်ကြောင့်လည်း ရင်သပ်ရှုမောဖွယ်ကောင်းသည့် portraits ဓာတ်ပုံတို့ကို ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။

Punch FullView Display ၏မျက်နှာပြင်အောက်တွင် ထည့်သွင်းထားသော 8MP ရှိသည့်

ရှေ့ကင်မရာသည် Huawei ၏ ကင်မရာ AI algorithms ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။ Portrait Mode သည် လူ၏မျက်နှာအနေအထားအလိုက် အလှပဆုံးသော ဆယ်လ်ဖီတွေကို

ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါသည်။ ဒါ့အပြင် Face Unlock 2.0 ဖြင့်

အထောက်အပံ့ပေးထားသောကြောင့် မြန်ဆန်စွာဖြင့် သင့်ရဲ့ဖုန်းကိုဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။

HUAWEI Y7p ရဲ့နောက်ကျောမျက်နှာပြင်ကို ရောင်ပြန်ပုံစံပြုလုပ်ထားပြီး ထောင့်စွန်းနှစ်ဖက်ကို

စပ်ကြောင်းမရှိ စပ်ဆက်ထားသောကြောင့် ပိုမိုလှပပြီး ကိုင်တွယ်ရလည်း ပိုမိုလွယ်ကူ

သက်တောင့်သက်သာရှိစေပါသည်။ Classic Midnight Black (အမဲရောင်) နှင့် တမူထူးခြားသော Aurora Blue (အစိမ်းရောင်ပြေး) ဆိုပြီး ၂မျိုးရရှိနိုင်ပါသည်။ Aurora Blue သည် အပြာရောင်နှင့် အစိမ်းရောင်ပြေးတို့ကိုအသုံးပြုထားပြီး တမူထူးခြားသော ဆန်းသစ်မှုကိုပေးထားခြင်းဖြစ်ပါသည်။ HUAWEI Y7p တွင် Dual Sim အသုံးပြုနိုင်ပြီး MicroSD card ကို 512 GB အထိပါ ထပ်စိုက်ပြီး အသုံးပြုနိုင်ပါသည်။ ထို့အပြင်, Fingerprint Scanner ကိုလွယ်ကူလျင်မြန်ပြီးလုံခြုံစိတ်ချရစေရန် နောက်ကျောမျက်နှာပြင်တွင် ထည့်သွင်းအသုံးပြုထားပါသည်။

HUAWEI Y7p ရဲ့ Punch Full View Display ကို 6.39 လက်မအရွယ်ရှိ ပါးလွှာသောမျက်နှာပြင်ဖြင့် 19.5:9 Display ကို 1560×720 HD+ resolution ဖြင့် ကြည်လင်ပြတ်သားသောမျက်နှာပြင်ကိုရရှိနိုင်ရန် ထောက်ပံ့ပေးထားပါသည်။

HUAWEI Y7p တွင် Kirin 710F ထည့်သွင်းထားပြီး EMUI9.1 နှင့်အသုံးပြုထားပါသည်။ ထို့အပြင် Huawei ရဲ့ AI power-saving နည်းပညာနှင့် ကြီးမားသော 4000mAh ဘက်ထရီကြောင့် တစ်နေ့တာလုံးသွားလာနေရသူများအတွက်  ကြာရှည်ခံသော ဘက်ထရီသက်တမ်းကို ပေးဆောင်နိုင်ပါသည်။

HUAWEI Y7p (4GB RAM + 64GB ROM) အမျိုးအစား ကို ၂၂၉,၀၀၀ ကျပ်ဖြင့် စိမ်းပြာရောင်ပြေး၊၊ အနက်ရောင်ဆိုပြီး အရောင် ၂မျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ စတင် Pre-Order မှာယူနိုင်ပြီဖြစ်ပါသည်။ Pre-Order မှာယူသူများအတွက် HUAWEI Band3e ကိုပါ လက်ဆောင်ရရှိနိုင်ဦးမှာဖြစ်ပါသည်။

About Huawei Consumer BG

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက် ရှိပြီး   ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု ၌  တတိယ နေရာသို့  ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅) ခုကို  တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး  သုံးခုတွင်  တစ်ခု အပါအဝင်ဖြစ်ပြီး စမတ်ဖုန်း(Smartphones)၊ ကွန်ပြူတာ နှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ(Wearables)၊ ကြိုးမဲ့ အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device)နှင့်  အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှု ထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၃၀ ကျော်သက်တမ်း ရှိသောအတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း  ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့်

ကမ္ဘာ့ ပူးပေါင်းမှုများကို တည်ဆောက်ထားသည် Huawei Consumer BG သည် သုံးစွဲသူများ ကို နောက်ဆုံးပေါ် နည်းပညာများ ဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ လူအများကို အဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များ အမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*