HUAWEI Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) တင်ဆက်ပြသသည့် Red Carpet Show ကျင်းပပြုလုပ်

HUAWEI Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) တင်ဆက်ပြသသည့် Red Carpet Show ကျင်းပပြုလုပ်

(ဒါရိုက်တာ အာကာနှင့် ဒါရိုက်တာ Wayne တို့က HUAWEI Mate 30 Pro အသုံးပြု ရိုက်ကူးခဲ့သည့် အတွေ့အကြုံအကြောင်း မျှ‌ဝေဆွေးနွေးသည့် Movie Workshop ကိုလည်း ပြုလုပ်ခဲ့)

ဖွံ့ဖြိုးတိုးတက်လာသော စမတ်ဖုန်းနည်းပညာသည် ဓာတ်ပုံရိုက်ကူးမှုနည်းပညာကို တစ်ခေတ်ဆန်း စေခဲ့ရုံမျှမကပဲ ရုပ်ရှင်၊ဗီဒီယို ဖန်တီးမှုအတွက်ကိုပါ ခြေဆန့်လာခဲ့ပြီဖြစ်ပါသည်။ စမတ်ဖုန်းသည် လူတို့၏ နေ့စဉ်ရှင်သန်နေထိုင်မှု ဘဝတစ်စိပ်တစ်ပိုင်းအထိ ဖြစ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရလည်း စမတ်ဖုန်းပိုင်ဆိုင်မှု အညွှန်းကိန်းများမှာ တစ်ရိပ်ရိက်မြင့်တက်လာနေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စမတ်ဖုန်းအသုံးပြုသူပေါင်း ၅.၁၁ ဘီလီယျံအထိရှိလာခဲ့ပြီဖြစ်ပါသည်။ (၂၀၁၈ အညွှန်းကိန်းထပ် သန်း၁၀၀ တိုးတက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။) အရှေ့တောင်အာရှဒေသသည် စမတ်ဖုန်းလောကအတွက် တိုးတက်မှုအမြန်ဆုံးဒေသတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အင်တာနက်အသုံးပြုသူပေါင်း သန်း၄၈၀ထိရှိလာမည်ဖြစ်ပြီး လူဦးရေအားဖြင့်ဆိုလျင် ဒေသတွင်း လူဦးရေ၏ ၉၀% ကျော်သည် စမတ်ဖုန်းပိုင်ဆိုင် လာမည်ဟု ခန့်မှန်းရပါသည်။

              မိုဘိုင်းနည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်နှင့်အမျှ ရုပ်ရှင်၊ဗီဒီယို ဖန်တီးမှုအပိုင်းအတွက် တံခါးသစ်ပွင့်လစ်လာခဲ့ပြီး ရုပ်ရှင်၊ ဗီဒီယိုဖန်တီးမှုပိုင်းကို စိတ်ပါဝင်စားသူ၊ စိတ်အားထက်သန်သူများအနေနှင့် အနုပညာလက်ရာတစ်ခုကို ဖန်တီးနိုင်ရန် ရှေ့ယခင်ကာလများကဲ့သို့ ကန့်သက်ချက် ဘောင်အတားအစီးများ များစွာမရှိတော့ပဲ ကိုယ်ပိုင်ဆိုင်သည့် စမတ်ဖုန်းဖြင့်ပင် ကိုယ့်ရဲ့ စိတ်ကူးအတွေးစများကို အနုပညာလက်ရာတစ်ခု ဗီဒီယို၊ ရုပ်ရှင် အနေဖြင့် ဖန်တီးနိုင်သည့် အချိန်ကာလသို့ရောက်ရှိ နေပြီဖြစ်ပါသည်။

အဆင့်မြင့် နည်းပညာများ အချိန်နှင့်တစ်ပြေးညီ တိုးတက် ပြောင်းလဲလျက်ရှိနေသည့် ယနေ့ခေတ်တွင် စမတ်ဖုန်းတစ်လုံးအနေဖြင့် ဆက်သွယ်ပြောဆိုမှုနှင့် ဖျော်ဖြေရေးတို့ အတွက်သာမက အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးပုံဖော် နိုင်ရန်အတွက်ပါ အထောက်အကူ ပြုလာပြီဖြစ်သည်။ ထိုနည်းတူ Mobile Photography လောကကိုလည်း ဦးဆောင်နေသည့် Huawei သည် တန်ဖိုးကြီး ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးကဲ့သို့ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်သည့် ထိပ်တန်းအဆင့်မြင့် HUAWEI Mate 30 Pro စမတ်ဖုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံဈေးကွက်တွင် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီလ ၁၉ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Huawei Film Award Red carpet ပွဲတွင် Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် Short Film နှစ်ကားအား ပြသခဲ့သည်။ ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်ကာလ) ကို အခြေခံရိုက်ကူးထားသည့် Unbreakable Bond Short Film အား ဒါရိုက်တာ ကိုအာကာ (Ar Kar Production) မှ ပုံဖော်ဖန်တီးခဲ့သည်။ ထိုဇာတ်ကားတွင် ချစ်သူနှစ်ဦးကြားထားရှိကြသည့် မပျက်ပြယ်သော သစ္စာ၊ မေတ္တာနှင့် စစ်ကြီးကာလအတွင်းနှင့် စစ်ပြီးကာလများတွင် အသက်ရှင်သန်နိုင်ရန် ခဲရာခဲဆစ် ရုန်းကန်ရပုံကို ရင်သပ်ရှုမောဖွယ် ရိုက်ချက်များဖြင့် စိတ်ဝင်စားဖွယ် ကောင်းအောင် ရိုက်ကူးပုံဖော်ထားသည်။ ဒုတိယ တစ်ကား အနေဖြင့် ဒါရိုက်တာ Wayne ရိုက်ကူးထားသည့် Relive Short Film အားပြသခဲ့သည်။ အဆိုပါကားမှာ လူတစ်ဦး၏ ပြောင်းလဲသွားသောနေထိုင်မှုဘဝပုံစံအကြောင်း နှင့် ဘဝအဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်စေရန် ရသအမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်ရန် ပုံဖော်ရိုက်ကူးထားပါသည်။

              အဆိုပါ Huawei Film Award Red carpet အခမ်းအနားသို့ Huawei မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဒါရိုက်တာအာကာ၊ ဒါရိုက်တာ Wayne၊ ရဲနောင်၊ အောင်ရဲထိုက်၊ Bella၊ သီရိစိုး စသည့် အနုညာရှင်များ၊ HUAWEI Film Awards ၌ ပါဝင်ယှဉ်ပြိုင်လိုသူများ၊ စိတ်ပါဝင်စားကြသူများနှင့် သတင်းမီဒီယာများမှ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဇာတ်လမ်းတို ဖန်တီးပုံဖော်သူ ဒါရိုက်တာများနှင့် ပါဝင်ခဲ့သည့် သရုပ်ဆောင်များက HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ဇာတ်လမ်းတိုများ ဖန်းတီးရိုက်ကူးခဲ့သည့် အတွေ့အကြုံများအကြောင်းကို မျှ‌ဝေဆွေးနွေးသည့်  Huawei Film Workshop ကို ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်များက HUAWEI Mate30 Pro ကို အသုံးပြုပြီး အဆင့်မြင့် ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးမှုပညာရပ်များအား လေ့လာနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် HUAWEI Film Awards ကို “Unbreakable Bond” ခေါင်းစဉ်အောက်မှ HUAWEI Mate30 Pro ဖြင့် ရိုက်ကူးထားသော (၃) မိနစ်မှ (၁၀) မိနစ်အတွင်းရှိ ဇာတ်လမ်းတိုဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အထိ တင်သွင်းသွားရမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများထဲမှ ဒါရိုက်တာ အာကာ နှင့် ဒိုင်အဖွဲ့မှ ရွေးချယ်သော အကောင်းဆုနှင့် Voting အများဆုံးဆု ဆိုပြီး ဆုနှစ်ဆုပေးအပ်သွားမည်ဖြစ်၍ ဆုရရှိသူများကို HUAWEI Mate30 Pro ပေးအပ်သွားမည်ဖြစ်သည်။

Huawei Film Awards တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် ဒါရိုက်တာအာကာ (Arkar Production) က “မိုဘိုင်းလ်ဖုန်းတွေက အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖန်တီးလာနိုင်တယ်ဆိုတာ တကယ့်ကို နည်းပညာ တိုးတက်မှုတွေဆီကနေ ရရှိလာတဲ့ အသီးအပွင့်တွေပါပဲ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ရိုက်ကူးဖန်တီးပြီးတဲ့နောက်မှာ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။

ပရိသတ်တွေကော ပြိုင်ပွဲကိုစိတ်ပါဝင်စားသူတွေပါ ကြည့်ရှုခံစားနိုင်စေဖို့ ကျွန်တော် HUAWEI Mate 30 Pro နဲ့ ရိုက်ကူးထားတဲ့ Short Film ကို အခုလိုမျိုး ပါဝင်ပြသခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Huawei Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်းက “ကျွန်မတို့ Huawei ကနေ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုပညာရပ်ကို စိတ်ပါဝင်စားသူတွေ အတွက် ဗဟုသုတ အတွေ့အကြုံတွေ ‌ဝေမျှပေးနိုင်စေဖို့ Mobile Photography Workshop တွေကို အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် နောက်ဆုံးပေါ် HUAWEI Mate 30 Pro စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို၊ ဇာတ်လမ်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ Huawei Film Awards ကို ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ အခုလိုမျိုး HUAWEI Mate 30 Pro ကိုသုံးပြီး အဆင့်မြင့်မားစွာ ဖန်တီးရိုက်ကူးထားတဲ့ Short Film တွေကို ရုပ်ရှင်ပိတ်ကား ထက်မှာ တင်ဆက်ပြသ နိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်” ဟု ပြောကြားသွားခဲ့သည်။

HUAWEI Mate 30 Pro သည် ခေတ်မီဆန်းပြားသည့် သဘာဝဒီဇိုင်းဖြင့် ဖန်တီးပုံဖော်ထားပြီး မှော်ဆန်တဲ့ ဘေးဖက် အထိအတွေ့နဲ့ လုပ်ဆောင်ချက်များကို ပေးစွမ်းနိုင်မည့် ထောင့်စွန်းနှစ်ဖက်အထိ တိုးချဲ့ထားသည့် Ultra-Curved မျက်နှာပြင် တပ်ဆင်ပေးထားတဲ့ အနုပညာလက်ရာမြောက်တဲ့ စမတ်ဖုန်းတစ်ခုပင်ဖြစ်သည်။ Mate 30 Pro ရဲ့ ပိုမိုထူးခြားတဲ့ အချက်ကတော့ သဘာဝရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများကို အမိအရ မှတ်တမ်းတင် ရိုက်ကူးပြီး အဆုံးအစမဲ့တဲ့ ဖြစ်နိုင်ခြေတွေကို စိတ်တိုင်းကျဖန်တီးပေးနိုင်မယ့် အသစ်စက်စက် ကင်မရာ ၄ လုံးပါ SuperSensing Cine Camera စနစ်ပင်ဖြစ်သည်။ 

HUAWEI Mate 30 Pro ရဲ့ ပင်မကင်မရာစုံတွဲအနက် 40MP ပုံထွက်နှုန်းရှိသည့် Cine Camera ဟာဆိုရင် Ultra-Slow Motion ရိုက်ကူးမှုနှင့် Ultra-Wide Time-lapse ရိုက်ကူးမှုစသည့် ပြုလုပ်နိုင်ပြီး ပူးတွဲကင်မရာဖြစ်သည့် 40MP ပုံထွက်နှုန်းရှိသည့် Ultra Low-light ရိုက်ကူးမှုပြုလုပ်နိုင်သည့် SuperSensing Camera နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထူးခြားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ဒါ့အပြင် 8MP ပုံထွက်နှုန်းရှိပြီး 3x Optical Zoon၊ 5x Hybrid Zoom နှင့် 30x Digital Zoom တို့နဲ့ အဝေးမှ စိတ်လှုပ်ရှားဖွယ်ရာ ပုံရိပ်တွေကို ရိုက်ကူးနိုင်မည့် Telephoto Camera နဲ့ Portrait ဓာတ်ပုံနှင့် ဗီဒီယိုများကို Professional ဆန်တဲ့ Bokeh Effect များ ထည့်သွင်းရိုက်ကူးနိုင်မည့် 3D Depth Sensing Camera တို့လည်း တပ်ဆင်ပေးထားခြင်းကြောင့် HUAWEI Mate 30 Pro သည် အနာဂတ်ရဲ့ ဖြစ်နိုင်ခြေအသစ်များကို အပြည့်အဝ ခံစားရရှိစေနိုင်မည့် ပြီးပြည့်စုံတဲ့ စမတ်ဖုန်းတစ်ခုပင် ဖြစ်သည်။

HUAWEI အနေနှင့် Short Film Production ပိုင်းကို စိတ်အားထက်သန်သော စိတ်ဝင်စားသူတို့အတွက် Asia Pacific ဒေသတွင်းပြိုင်ပွဲကို ကျင်းပပေးသွားဦးမည် ဖြစ်ပါသည်။ HUAWEI Film Awards ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒေသတွင်းနိုင်ငံများမှ စိတ်ပါဝင်စားသူများ အနေနှင့် HUAWEI စမတ်ဖုန်းများဖြင့် ရိုက်ကူးဖန်တီးထားသော ရုပ်ရှင်များဖြင့် ပြိုင်ပွဲဝင်နိုင်မည်ဖြစ်ပါသည်။ ဒေသတွင်း ထိုင်း၊မြန်မာ၊မလေးရှား၊ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့် ဒေသတွင်းမှ ရွက်ပုန်းသီးလူငယ်များကို အနုပညာလောကတွင် မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ဒေသတွင်း HUAWEI Film Awards (HFA) ပြိုင်ပွဲသို့ မည်သည့် HUAWEI ဖုန်းဖြင့်မဆို ရိုက်ကူးထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်သည့် Short Film များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မတိုင်မီ ပေးပို့ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။  ဒေသတွင်းပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို အောက်ဖော်ပြပါ Link တွင် လေ့လာနိုင်ပါသည်။  https://consumer.huawei.com/my/campaign/film-awards/

Be the first to comment

Leave a Reply

Your email address will not be published.


*