Mytel မှ အပြည်ပြည်ဆိုင်ရာ Data Roaming အတွက် သုံးသလောက်ပေး အစီအစဉ်၏ ကောက်ခံမှုစနစ်အား ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် အကောင်းဆုံးအော်ပရေတာ  Mytel သည် လူအများ သွားရောက်လည်ပတ်လေ့ရှိသော နိုင်ငံများဖြစ်သည့်  ကမ္ဘာဒီးယား ၊ တရုတ် ၊ ဂျပန် ၊ လာအို ၊ မလေးရှား ၊ စင်ကာပူ ၊ တောင်ကိုရီးယား ၊ အရှေ့တီမော ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများတွင် ၎င်းတို့၏အပြည်ပြည်ဆိုင်ရာ Roaming အတွက် သုံးသလောက်ပေး အစီအစဉ် ကောက်ခံမှုစနစ်အား ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာလိုက်ပါသည်။ Mytel အသုံးပြုသူများအနေဖြင့် အခြားနိုင်ငံများတွင် ဒေတာအသုံးပြုရာ၌ ပိုမိုအဆင်ပြေစေရန် ယခုကဲ့သို့ data roaming အတွက် ဈေးနှုန်းများကို လျှော့ချသတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။

 “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် မြန်မာနိုင်ငံတွင်းထဲမှာပဲဖြစ်ဖြစ် နယ်မြေရပ်ခြားမှာပဲဖြစ်ဖြစ် ဘယ်နေရာကနေပဲ သုံးသုံး အကောင်းဆုံးနဲ့ အတန်ဆုံးဈေးတွေကိုပဲ အမြဲတမ်းပေးနိုင်ဖို့  ရည်ရွယ်ပြီးလုပ်ပေးခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က အနည်းဆုံးဈေးနှုန်းအထိ လျှော့ချပေးထားပြီး အချို့နိုင်ငံအတော်များများအတွက်ကို ဈေးနှုန်းအဟောင်းနဲ့ ယှဉ်လိုက်ရင် ၉၇% အထိ သက်သာနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ နိုင်ငံခြားမှာ ဒေတာအများကြီးသုံးမိမှာ စိတ်ပူစရာမလိုတော့ပါဘူး” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။

Mytel ၏ အခွန်မပါဝင်သေးသော data roaming ဈေးနှုန်းအဟောင်း နှင့် အခွန်မပါဝင်သေးသော data roaming ဈေးနှုန်းအသစ် တို့အား အောက်ဖော်ပြပါ ဇယားတွင် နှိုင်းယှဉ်ပြသထားပါသည်။

နိုင်ငံဒေတာဈေးနှုန်းအဟောင်း(ကျပ်/MB)ဒေတာဈေးနှုန်းအသစ်(ကျပ်/MB)
ထိုင်း၅၀၀၁၅
စင်ကာပူ၅၀၀၅၀
မလေးရှား၅၀၀၁၅
တရုတ်၅၀၀၁၅
ဂျပန်၁,၀၀၀၅၀
တောင်ကိုရီးယား၁,၀၀၀၅၀
ဗီယမ်နမ်၁,၀၀၀၁၅
ကမ္ဘာဒီးယား၁,၀၀၀၁၅
လာအို၁,၀၀၀၁၅
အရှေ့တီမော၂,၅၀၀၁၅

Mytel သည်နှစ်သစ်အချိန်အခါသမယတွင် နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများနှင့် အကောင်းဆုံးဈေးနှုန်းများကို သုံးစွဲသူများထံ ယူဆောင်လာပေးနေပြီဖြစ်သည်။ အကြီးမားဆုံး 4.5G ကွန်ရက် နှင့် ရှေ့ပြေးတီထွင်သူဖြစ်သည့်အပြင် အကောင်းဆုံးအော်ပရေတာဖြစ်သော Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်များအား အစဉ်အမြဲဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ Mytel သည် သုံးစွဲသူများအတွက် အကောင်းဆုံး အော်ပရေတာဖြစ်လာရန် ရည်ရွယ်ပြီး သုံးစွဲသူများ အပြန်အလှန်အကျိုးရှိစေရန်နှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ကျေးဇူးတင်လျက် 

Mytel မွ အျပည္ျပည္ဆိုင္ရာ Data Roaming အတြက္ သုံးသေလာက္ေပး အစီအစဥ္၏ ေကာက္ခံမႈစနစ္အား ေျပာင္းလဲသတ္မွတ္

ကမာၻဒီးယား ၊ တ႐ုတ္ ၊ ဂ်ပန္ ၊ လာအို ၊ မေလးရွား ၊ စင္ကာပူ ၊ ေတာင္ကိုရီးယား ၊ အေရွ႕တီေမာ ၊ ထိုင္း ႏွင့္ ဗီယက္နမ္ ႏိုင္ငံမ်ားတြင္ Mytel ျဖင့္ ေဈးႏႈန္းသက္သာစြာ  ေဒတာ သုံးစြဲႏိုင္ၿပီျဖစ္

ရန္ကုန္ ၊ ျမန္မာ ၊ ၂၉ ရက္ ၊ ဇန္နဝါရီလ ၊ ၂၀၂၀ ခုႏွစ္ ။      ။ ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ အေကာင္းဆုံးေအာ္ပေရတာ  Mytel သည္ လူအမ်ား သြားေရာက္လည္ပတ္ေလ့ရွိေသာ ႏိုင္ငံမ်ားျဖစ္သည့္  ကမာၻဒီးယား ၊ တ႐ုတ္ ၊ ဂ်ပန္ ၊ လာအို ၊ မေလးရွား ၊ စင္ကာပူ ၊ ေတာင္ကိုရီးယား ၊ အေရွ႕တီေမာ ၊ ထိုင္း ႏွင့္ ဗီယက္နမ္ ႏိုင္ငံမ်ားတြင္ ၎တို႔၏အျပည္ျပည္ဆိုင္ရာ Roaming အတြက္ သုံးသေလာက္ေပး အစီအစဥ္ ေကာက္ခံမႈစနစ္အား ေျပာင္းလဲသတ္မွတ္လိုက္ၿပီ ျဖစ္ေၾကာင္း ေၾကျငာလိုက္ပါသည္။ Mytel အသုံးျပဳသူမ်ားအေနျဖင့္ အျခားႏိုင္ငံမ်ား၌ ေဒတာအသုံးျပဳရာတြင္ ပိုမိုအဆင္ေျပေစရန္ ယခုကဲ့သို႔ data roaming အတြက္ ေဈးႏႈန္းမ်ားကို ေလွ်ာ့ခ်သတ္မွတ္ေပးလိုက္ျခင္းျဖစ္သည္။

 “ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲသူေတြအတြက္ ျမန္မာႏိုင္ငံတြင္းထဲမွာပဲျဖစ္ျဖစ္ နယ္ေျမရပ္ျခားမွာပဲျဖစ္ျဖစ္ ဘယ္ေနရာကေနပဲ သုံးသုံး အေကာင္းဆုံးနဲ႔ အတန္ဆုံးေဈးေတြကိုပဲ အၿမဲတမ္းေပးႏိုင္ဖို႔  ရည္႐ြယ္ၿပီးလုပ္ေပးခဲ့တာပါ။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔က အနည္းဆုံးေဈးႏႈန္းအထိ ေလွ်ာ့ခ်ေပးထားၿပီး အခ်ိဳ႕ႏိုင္ငံအေတာ္မ်ားမ်ားအတြက္ကို ေဈးႏႈန္းအေဟာင္းနဲ႔ ယွဥ္လိုက္ရင္ ၉၇% အထိ သက္သာႏိုင္မွာျဖစ္တဲ့အတြက္ သုံးစြဲသူေတြအေနနဲ႔ ႏိုင္ငံျခားမွာ ေဒတာအမ်ားႀကီးသုံးမိမွာ စိတ္ပူစရာမလိုေတာ့ပါဘူး” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ျဖစ္သူ ဦးေဇာ္မင္းဦးမွ ေျပာၾကားခဲ့ပါသည္။

Mytel ၏ အခြန္မပါဝင္ေသးေသာ data roaming ေဈးႏႈန္းအေဟာင္း ႏွင့္ အခြန္မပါဝင္ေသးေသာ data roaming ေဈးႏႈန္းအသစ္ တို႔အား ေအာက္ေဖာ္ျပပါ ဇယားတြင္ ႏႈိင္းယွဥ္ျပသထားပါသည္။

ႏိုင္ငံေဒတာေဈးႏႈန္းအေဟာင္း(က်ပ္/MB)ေဒတာေဈးႏႈန္းအသစ္(က်ပ္/MB)
ထိုင္း၅၀၀၁၅
စင္ကာပူ၅၀၀၅၀
မေလးရွား၅၀၀၁၅
တ႐ုတ္၅၀၀၁၅
ဂ်ပန္၁,၀၀၀၅၀
ေတာင္ကိုရီးယား၁,၀၀၀၅၀
ဗီယမ္နမ္၁,၀၀၀၁၅
ကမာၻဒီးယား၁,၀၀၀၁၅
လာအို၁,၀၀၀၁၅
အေရွ႕တီေမာ၂,၅၀၀၁၅

Mytel သည္ႏွစ္သစ္အခ်ိန္အခါသမယတြင္ ေနာက္ဆုံးေပၚဆန္းသစ္တီထြင္မႈမ်ားႏွင့္ အေကာင္းဆုံးေဈးႏႈန္းမ်ားကို သုံးစြဲသူမ်ားထံ ယူေဆာင္လာၿပီ ျဖစ္ပါသည္။ အႀကီးမားဆုံး 4.5G ကြန္ရက္ ႏွင့္ ေရွ႕ေျပးတီထြင္သူျဖစ္သည့္အျပင္ အေကာင္းဆံုး ေအာ္ပေရတာျဖစ္ေသာ Mytel သည္ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္မ်ားအား အစဥ္အၿမဲျဖည့္ဆည္းႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိပါသည္။ Mytel သည္ သုံးစြဲသူမ်ားအတြက္ အေကာင္းဆုံး ေအာ္ပေရတာျဖစ္လာရန္ ရည္႐ြယ္ၿပီး သုံးစြဲသူမ်ား အျပန္အလွန္အက်ိဳးရွိေစရန္ႏွင့္ ပိုမိုေကာင္းမြန္ေသာအေတြ႕အႀကဳံမ်ားေပးႏိုင္ရန္လည္း ေဆာင္႐ြက္လ်က္ရွိပါသည္။ ထို႔အျပင္ Mytel သည္ ဆန္းသစ္ေသာ တီထြင္မႈမ်ားႏွင့္ဝန္ေဆာင္မႈမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္ေရးအား အထူးအာ႐ုံစိုက္လ်က္ၿပီး ျမန္မာျပည္သူတို႔အတြက္ ေကာင္းမြန္ေသာအနာဂတ္ကို ဖန္တီးေပးႏိုင္ရန္ ဆက္လက္၍ ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*