Huawei P40 Series အတွက် ထင်မြင်ချက်များ – Huawei က မည်သည့် တစ်ဆစ်ချိုး အောင်မြင်မှုများ ရရှိနိုင်မလဲ

Huawei သည် အမြဲလိုလို ပထမနှစ်ဝက်တွင် P Series ကို မိတ်ဆက်လေ့ရှိပြီး Mate Series ကို ဒုတိယနှစ်ဝက်တွင် မိတ်ဆက်လေ့ရှိသောကြောင့် ၂၀၁၉ နှစ်စထဲကပင် အင်တာနက်ပေါ်တွင် HUAWEI P40 Series နှင့် ပတ်သက်သည့်သတင်းများ ပြည့် နှက် နေခြင်းဖြစ်ပါသည်။ HUAWEI P Series သည် စမတ်ဖုန်း ဓာတ်ပုံလောကတွင် အနုပညာမြောက်သည့် ဓာတ်ပုံများရိုက်ကူးနိုင်သည့် ဆရာတစ်ဆူဖြစ်သော Huawei P Series သည် နောက်ထွက်လာမည့် မျိုးဆက်သစ်တွင် ထိုအောင်မြင်မှုကို မည့်ကဲ့သို့ ထိန်းသိမ်းပြီး  အသစ်ထွက်ရှိမည့် P40 Series တွင်  မည်သည့်တီထွင်ဆန်းသစ်မှုများအား တွေ့မြင်ရမည်နည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ထို့ကြောင့် လက်ရှိအင်တာနက် ပေါ်တွင် ပေါက်ကြားလာသော သတင်းများအား စုစည်းတင်ပြလိုက်ရပါသည်။

စမတ်ဖုန်း လောကတွင် ခေတ်ရေစီးကြောင်း တစ်ခု အဖြစ် ဖန်တီးခဲ့သော HUAWEI P30 Pro ကင်မရာ ဒီဇိုင်း သည် အသစ်ထွက်ရှိမည့် မျိုးဆက်တွင် မည်ကဲ့သို့ တိုးတက်လာမလဲ။

HUAWEI P30 Pro သည် ကင်မရာကျောဘက်ဒီဇိုင်းနှင့်ပတ်သက်၍ တော်တော်ပင်နာမည်ကြီးခဲ့သည်ဖြစ်ပြီး မည်သည့်ဖုန်းတွင်မှမတွေ့ရသေးသည့် ကျောဖက်ကင်မရာလေးလုံးကို ဘယ်ဘက်အခြမ်းတွင် ဒေါင်လိုက် တည်ဆောက်ထားပါသည်။ မီဒီယာများမှ ခေတ်မီဆန်းပြားပြီး လှပသောဒီဇိုင်းဟု မှတ်ယူခဲ့ကြသည်။ မိတ်ဆက်ပြီးနောက်တွင် ကင်မရာဒီဇိုင်းကို အခြားသော Brands များ၏ flagship ပစ္စည်းများတွင် အတုယူပြီး အသုံးပြုလာကြပါသည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ HUAWEI P30 Pro ၏ ကင်မရာဒီဇိုင်းနှင့် အရောင်ကို အခြားသော ပြိုင်ဘက် အဆင့်မြင့် စမတ်ဖုန်း တွင် ကူးယူထားခြင်းဖြစ်သည်။ IFA 2019 တွင် Teknofilo ရိုက်ကူးထားသည့်ပုံတွင် ဖုန်းနှစ်လုံးအတော်ပင်ဆင်တူသည်ကို တွေ့နိုင်ပါသည်။

Huawei သည် HUAWEI P20 မိတ်ဆက်စဉ်က Vaccum Nanometer ထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုပါ မိတ်ဆက်ခဲ့သည်။ HUAWEI P20 Series သည် အလင်းရောင်စဉ်မှ အလှပဆုံးဖြစ်သော Morpho Aurora အရောင်ကိုယူ၍ ကျောဖက်တွင် အလွှာ ၈ လွှာရှိသော nanometer coating ဆေးခြယ်ခဲ့ပြီး စမတ်ဖုန်းများ၏ ဖန်သားပေါ်တွင် သာမန်အရောင်များကိုသာ ဆေးခြယ်သောပုံစံကို ပြောင်းလဲဖြစ်ခဲ့သည်။ HUAWEI P30 တွင် Huawei သည် ကျောဖက်တွင်အလှပဆုံးပုံဖော်ဆေးခြယ်နိုင်ရန် Gradient Color solution ကို အလွှာ (၁၅)လွှာဖြင့် ဆေးခြယ်သောအဆင့်ကိုမြှင့်တင်ခဲ့ပြီး ထိုအထဲတွင် (၉) လွှာသည် coating လုပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ အဆင့်မြှင့်လိုက်ခြင်းကြောင့် စိတ်ဝင်စားဖွယ်အရောင်အသွေး၊ အရိပ်များနှင့် တောက်ပသောအရောင်များ ပေါင်းစပ်ပြီး HUAWEI P30 Series ၏ ရောင်းအားအကောင်းဆုံးအရောင်ဖြစ်သော Breathing Crystal ကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဒါ့အပြင် ထိုအရောင်ပေါင်းစပ်မှုသည် တရုတ်နိုင်ငံရှိ ဖုန်းပြုလုပ်သူများကို ဆွဲဆောင်နိုင်ခဲ့ပြီး HUAWEI P30 series ၏ Breathing Crystal အရောင်နှင့် တူညီသော အရောင်များကို အခြားသော တရုတ်ပြည်တွင်း ပြိုင်ဘက်များက အတုယူ ထုတ်လုပ်ခဲ့သည်ကို တွေ့ရသည်။

图片1

မီဒီယာများ၏ ပြန်ဆိုချက်များအရ ထွက်ရှိလာမည့် စမတ်ဖုန်းအသစ်တွင် ပို၍ ရှုပ်ထွေးသော coating လုပ်ငန်းစဉ်များ ပါဝင်လာမည်ဟုသိရသည်။ Huawei သည် Breathing Crystal, Pearl White နှင့် Aurora တို့အပြင် အခြားအရောင်တစ်မျိုးကိုပါ မိတ်ဆက်လာဖို့ရှိသည်ဟုသိရသည်။ တချို့သောစက်မှုလုပ်ငန်း လုပ်ကိုင်သူများ၏စကားအရ အလွှာ (၉) လွှာရှိသော Nano Optical Coating သည် စက်မှုလုပ်ငန်းတွင် အလွန်ခက်ခဲသောလုပ်ငန်းစဉ်ဖြစ်ပြီး အလွှာတစ်ခုခြင်းစီ ထပ်မံတိုးသွားခြင်းသည် ထုတ်လုပ်နိုင်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ HUAWEI P Series သည် စက်မှုလုပ်ငန်း၏လုပ်ဆောင်နိုင်စွမ်းထက်ကို ပို၍ ဆက်လက်ပြီး တွန်းအားပေးလုပ်ဆောင်လျှက်ရှိသည်။

ဓာတ်ပုံပညာတွင် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှု – Huawei P40 က Huawei အတွက် အကောင်းဆုံးစမတ်ဖုန်းဖြစ်လာမည်လား။

820b9e185fc4471793bbba84972e000a

HUAWEI P40 Series အတွက်ပို၍ ခက်ခဲပြီး စိန်ခေါ်မှုဖြစ်စေမည့်အရာသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်ထက် ဓာတ်ပုံလုပ်ဆောင်နိုင်စွမ်းဖြစ်သည်။ တရုတ်ပြည်မှ မီဒီယာများ၏အဆိုအရ HUAWEI P40 Pro တွင် ကင်မရာ (၅) လုံးပါဝင်လာနိုင်ဖွယ် ရှိသည်။ အနောက်သို့ပြန်လှည့်ကြည့်ရမည်ဆိုလျှင် HUAWEI P20 Pro သည် DxOMark rating ကို ဓာတ်ပုံအရည်အသွေးဖြင့် တစ်ခါဦးဆောင်ခဲ့သည်။ 3x optical zoom၊ 10x digital zoom နှင့် 1/1.7-inch RGGB sensor တို့ဖြင့် HUAWEI P20 Pro သည် 2018 စမတ်ဖုန်းဓာတ်ပုံ၏ အခြေခံစံနှုန်းကို သတ်မှတ်ခဲ့သည်။ တစ်နှစ်အကြာတွင် HUAWEI P30 Pro သည် သူ၏ periscope ကင်မရာဖြင့် စမတ်ဖုန်းဓာတ်ပုံတွင် ထိပ်တန်းဦးဆောင်ခဲ့သည်။ စမတ်ဖုန်းမှတဆင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး zoom ဆွဲရိုက်ကူးလို့ရနိုင်သည့် 5x Optical Zoom၊ 10x Hybrid Zoom နှင့် 50x Digital Zoom ဖြင့် Periscope ကင်မရာပါဝင်ပါသည်။ ပထမဆုံး RYYB sensor က အလင်းဝင်ရောက်ခြင်းကို ၄၀ ရာခိုင်နှုန်းတိုးမြင့်ပေးခြင်းကြောင့် ရလဒ်အနေဖြင့် HUAWEI P30 Pro သည် ISO 409,600 ဖြင့် ဈေးကွက်တွင် အကောင်းဆုံးသော Low Light Photography ကို ပေးစွမ်းနိုင်ပါသည်။

ယခင်အောင်မြင်မှုများနှင့်အတူ ဓာတ်ပုံဝါသနာရှင်အများစုက HUAWEI P40 Series ကို မျှော်လင့်ချက်ကြီး မားစွာ စောင့်စား လျက်ရှိကြသည်။ Analyst Ming-Chi Kuo ၏အဆိုအရ HUAWEI P40 Pro သည် 10x optical zoom နှင့် ပိုမိုကောင်းမွန်သော hybrid နှင့် digital zoom တို့ကို အထောက်အပံ့ပေးရန် Periscope ကင်မရာ၏ ပိုမိုရှုပ်ထွေးသောဗားရှင်းကို အသုံးပြုနိုင်သည်။

အင်တာနက်ပေါ်က အခြား Analyst ၏အဆိုအရ HUAWEI P40 Pro သည် 40MP မှ 60MP အထိ pixel တိုးလာသည့် RYYB sensor ပါဝင်လာနိုင်သည်ဟုဆိုသည်။ အချို့သောသတင်းများမှလည်း HUAWEI P40 Pro ၏ အဓိက sensor သည် 1/1.13 လက်မရှိသည့် Sony ၏ ကြီးမားသည့် sensor ဖြစ်မည်ဟုဆိုသည်။ ထို sensor သည် အလင်းဝင်နှုန်းအားကို ပိုမိုများပြားစေပြီး ပိုမိုကောင်းမွန်သော Low Light Photography နှင့် ပိုမိုမြင့်မားသော ISO ရရှိမည်ဟုခန့်မှန်းထားပါသည်။

72201b651daa4f41a660aa81a8e69b99

HUAWEI P40 Pro တွင် HUAWEI Mate30 Pro တွင် အသုံးပြုထားသည့် HUAWEI SuperSensing Cine ကင်မရာနှင့် တူညီသည့် ကင်မရာပါဝင်လာနိုင်မည်ဟု ခန့်မှန်းထားသည်။ 5G နည်းပညာနှင့်အတူပါဝင်လာ မည်ဖြစ်ပြီး vlogging industry အတွက်မရှိမဖြစ် ကိရိယာတစ်ခုဖြစ်လာမည်ဖြစ်သည်။ Cine ကင်မရာသည် motion videos များရိုက်ကူးရာတွင် ကြည်လင်ပြတ်သားသော clips များရရှိနိုင်ရန် တည်ဆောင်ထားခြင်း ဖြစ်သည်။ အခြားကင်မရာတစ်ခုအနေဖြင့်လည်း Cine ကင်မရာဖြင့် Bokeh effects ဗီဒီယိုတွေကိုဖန်တီးရန် အထောက်အပံ့ပေးမည့် TOF 3D depth sensing ကင်မရာပါဝင်လာမည်ဖြစ်သည်။ ထိုကင်မရာသည် Bokeh effect အတွက်အလွှာများကို တိကျသောအတိမ်အနက်ဖြင့် တိုင်းတာပေးပါသည်။ နောက်ဆုံးအနေဖြင့် ၁၂၀ ဒီဂရီထက်ပိုမိုများပြားနိုင်သော Ultra-wide-angle ကင်မရာပါဝင်လာနိုင်ပါသည်။

u=1320947232,3500078305&fm=173&app=25&f=JPEG

၂၀၁၉ နှစ်ကုန်ပိုင်းတွင် မိတ်ဆက်ခဲ့သော HUAWEI nova 6 5G သည် 32MP နှင့် 8MP ultra-wide-angle ကင်မရာရှိသည့် အရှေ့ကင်မရာနှစ်လုံးဖြင့် DxOMark ၏ဆယ်လ်ဖီအကောင်းဆုံးကင်မရာတွင် ပထမရရှိခဲ့သည့်အတွက် အများစုသည် HUAWEI P40 Series တွင် ပိုမိုကောင်းမွန်သောကင်မရာပါဝင်လာ မည်ဟု မျှော်လင့်ထားကြသည်။ ယခင် Tech Product Leaker တစ်ဦးဖြစ်သည့် Teme သည် Twitter တွင် HUAWEI P40 Series သည် 32MP + 8MP အရှေ့ကင်မရာနှစ်လုံးအပြင် Punch FullView မျက်နှာပြင် အသုံးပြုထားသည်ဟု တင်ထားခဲ့ဖူးသည်။ ဒါ့အပြင် အနီး၊အဝေးရိုက်ကူးခြင်းတို့ကို ပိုမိုကောင်းမွန်စေရန် Close Loop Auto Focus motor ပါဝင်မည်ဟုခန့်မှန်းထားပါသည်။

လက်ရှိတွင် DxOMark တွင် HUAWEI Mate 30 Pro 5G သည် ကျောဖက်ကင်မရာလုပ်ဆောင်မှုအပိုင်းတွင် ပထမအဖြစ်ရပ်တည်နေပြီး HUAWEI nova 6 5G သည် အရှေ့ကင်မရာလုပ်ဆောင်မှုအပိုင်းတွင် ပထမအဖြစ် ရပ်တည်နေပါသည်။ ထို့ကြောင့် အဖက်ဖက်တွင်ပြည့်စုံလာနိုင်မည့် HUAWEI P40 Pro သည် ကျောဖက်ကင်မရာတွင် အကောင်းဆုံးသောဓာတ်ပုံနှင့် ဗီဒီယိုကိုပေးစွမ်းနိုင်ရုံသာမက အကောင်းဆုံးသော ဆယ်လ်ဖီကိုပါ ပေးစွမ်းနိုင်ဖို့ရှိလာနိုင်မည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*