OPPO Reno3 | Reno3 Pro တို့ မြန်မာနိုင်ငံ စျေးကွက်တွင်းသို့ ရောက်ရှိ

OPPO ၏ Online Smartphone Launch Event တွင် မည်သည့် အလင်းအမှောင် အခြေအနေတွင်မဆို ကြည်လင်ပြတ်သားသော ပုံရိပ်များ ဖန်တီးပေးနိုင်သည့် OPPO Reno3 | Reno3 Pro တို့နှင့် အတူ  OPPO ၏ ပထမဦးဆုံး ကြိုးမဲ့နားကြပ် Enco Free Headphones လည်း  မြန်မာနိုင်ငံ စျေးကွက်တွင်းသို့ အတူတူရောက်ရှိမည်ဖြစ်ကြောင်း ကြေညာခဲ့ကာ မတ်လ ၁၉ ရက်နေ့မှ စတင်ကာဝယ်ယူနိုင်မည်ဖြစ်သည်။

မတ်လ ၁၉ ရက်၊ ၂၀၂၀၊  ရန်ကုန်၊ မြန်မာ ။       ။ ကမ္ဘာထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO  မှ “Clear in Everyshot” ခေါင်းစဉ်နှင့် အသစ်ထွက်ရှိလာသော မည်သည့် အလင်းအမှောင်အခြေအနေတွင်မဆို ကြည်လင် ပြတ်သား သည့် ပုံရိပ်များ ဖန်တီးပေးနိုင်သည့် OPPO Reno3 | Reno3 Pro တို့နှင့်အတူ စမတ်ဖုန်းများနှင့် တွဲဖက် နားဆင်ရန် အသင့်တော်ဆုံး  OPPO Enco Free Headphones  တို့ကိုလည်း  မတ်လ ၁၈ ရက်နေ့တွင် OPPO ၏ Official Facebook Page ၌  တိုက်ရိုက် ထုတ်လွှင့်သည့် Online Launch Event မှ တစ်ဆင့် မြန်မာနိုင်ငံစျေးကွက်သို့  စတင်မိတ်ဆက်ခဲ့သည်။   OPPO သည် တရုတ်နိုင်ငံတွင် 5G version ကို မိတ်ဆက်ပေးခဲ့ပြီး နိုင်ငံတကာ စျေးကွက်တွင်လည်း စျေးကွက်တစ်ခုခြင်းစီ နှင့် ကိုက်ညီသော OPPO Reno3 | Reno3 Pro ကို ထပ်မံ ထုတ်လုပ်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ OPPO Reno3 | Reno3 Pro နှင့် Enco Free Headphones တို့ကို မတ်လ ၁၉ ရက်နေ့မှ စတင်ကာ  မြန်မာနိုင်ငံ စျေးကွက်တွင်း  ဝယ်ယူနိုင်မည် ဖြစ်သည်။

OPPO Reno3 Pro တွင် OPPO ၏ ပထမဦးဆုံး 44MP Dual Punch-hole design ဖြင့် ထုတ်လုပ်ထားပြီး OPPO Reno3 တွင် Waterdrop Display ဖြင့် သုံးစွဲသူ အမျိုးအစားအလိုက် အကြိုက်တွေ့စေရန် ထုတ်လုပ်ထားသည်။ OPPO Reno3 | Reno3 Pro တို့ကို ရရှိနိုင်သော အ‌ရောင်များမှာ Aurora အလင်းတန်းများ တည်ရှိရာ Northern Europe  ၏ ညများအတိုင်း အပြာ၊ အစိမ်း၊ ခရမ်း အရောင်ပြေးများဖြင့် ရင်သပ်ရှုမောဖွယ် လှပသော Auroral Blue နှင့် လျှို့ဝှက်သော ညဥ့်နက်ကို ကိုယ်စားပြုသည့် Midnight Black တို့ပင် ဖြစ်သည်။

8GB RAM and 256GB ROM ရှိကာ 64MP Zoom Quadcam, 44MP Dual Punch-hole Camera နှင့် Dual Lens Bokeh, တို့ ပါဝင်ပြီး ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-hole ပါ Super AMOLED Display ပါဝင်သော   OPPO Reno3 Pro ကို  မြန်မာ‌ကျပ်ငွေ 629,900 ဖြင့်လည်းကောင်း ၊ 8GB RAM and 128GB ROM ရှိကာ 48MP Zoom Quadcam, 44MP Front Camera တို့ပါဝင်သော   OPPO Reno3 ကို မြန်မာကျပ်ငွေ 499,900 ဖြင့်လည်းကောင်း၊ စမတ်ဖုန်းများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး အသံထွက်အားကောင်းမွန်သော OPPO Enco Free Headphones ကိုလည်း မြန်မာ‌ကျပ်ငွေ 139,900 ဖြင့်လည်းကောင်း မတ်လ ၁၉ရက်နေ့မှ စ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

မည်သည့် OPPO Reno3 | Reno3 Pro ဖုန်းများကို ဧပြီလ ၉ ရက်အထိ ဝယ်ယူ အားပေးသူတိုင်းအတွက် ဝယ်ယူသည့် ရက်မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း မတော်တဆမှုကြောင့် ကျကွဲသွားသည့် ဖုန်းမျက်နှာပြင်အတွက် ကျပ် တစ်သိန်း ဝန်းကျင် တန်ဖိုးရှိ မှန်အခမဲ့ လဲလှယ်နိုင်တဲ့ အခွင့်အရေး ၁ ကြိမ်ပါဝင်သော VIP Card ကို  ပေးသွားမည်ဖြစ်သည်။ ထို့အပြင် OPPO Reno3 Pro ဝယ်ယူသူများအတွက် Clock Speaker များနှင့် OPPO Reno3 ဝယ်ယူသူများအတွက်  Q Speaker များ ပေးသွားမည်ဖြစ်သည်။

ဤ မိတ်ဆက်ပွဲတွင် OPPO ၏ Project Director Mr.Will နှင့် Product Manager ကိုသန်းအောင်တို့မှ အသစ်ထွက်ရှိ လာမည့် OPPO Reno3 | Reno3 Pro တို့နှင့်အတူ OPPO ၏  ပထမဦးဆုံး ကြိုးမဲ့   နားကြပ် Enco Free Headphones အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြခဲ့သည်။ OPPO Reno3 တွင် 20X Zoom Quad cam၊ 44MP Ultra night camera၊ VOOC Flash charging တို့ ပါဝင်လာပြီး OPPO Reno3 Pro တွင် ကမ္ဘာ့ပထမဦးဆုံး 44MP+2MP Dual Punch-hole Super AMOLED Display ပါဝင်လာကာ ဖုန်းနှင့် ဓာတ်ပုံရိုက်ကူးမှုကို ပိုမိုဆန်းသစ်လာစေကာ တမူထူးခြားသည့် အတွေ့အကြုံသစ်များကို ရရှိစေမည်ဖြစ်ကြောင်း အသေးစိပ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် ထပ်မံ၍ မည်သည့် စမတ်ဖုန်းနှင့် မဆို အဆင်ပြေ ချောမွေ့စွာ ချိတ်ဆက် အသုံးပြုနိုင်ပြီး ကြည်လင်အားကောင်းသော Audio Experience ကို ရရှိစေသော OPPO ၏  ပထမဦးဆုံး ကြိုးမဲ့   နားကြပ် Enco Free Headphones တို့၏ စွမ်းဆောင်ရည်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ OPPO ၏ အနုပညာရှင် မိသားစုဝင်များဖြစ်သည့် ပြည်သူချစ် အနုပညာရှင် အကယ်ဒမီ ဝတ်မှုံရွှေရည်၊  အကယ်ဒမီ ပိုင်ဖြိုးသုနှင့် အဆိုတော် လွှမ်းပိုင် တို့မှလည်း တက်ရောက် အားပေးကာ မိမိတို့ နှစ်သက်သဘောကျသော OPPO Reno3 | Reno3 Pro နှင့် Enco Free Headphones တို့၏ စွမ်းဆောင်ရည်တို့ကို အသီးသီးကို ‌ဝေမျှခဲ့ကြသည်။ 

OPPO ၏ Project Director Mr. Will က “OPPO ဟာ၂၀၀၉ ခုနှစ်မှာ နိုင်ငံတကာစျေးကွက်ကို စတင်၀င်‌ရောက်ခဲ့တဲ့ အချိန်ကစပြီး ‘ပြည်တွင်းအမြင်များနှင့် နိုင်ငံတကာ Brand’ ဆိုတဲ့ မူလဦးတည်ချက်အပေါ် အခြေခံပြီး မပြောင်းလဲဘဲ ရှေ့ဆက်သွားနေပါတယ်။ OPPO Reno3 | Reno3 Pro  ကို ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ခြင်းဟာ ထင်ရှားတဲ့ သက်သေတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ ဝယ်ယူသူတွေကို ရှေ့တန်းတင် စဥ်းစားပေးနိုင်တဲ့အတွက်လည်း အမြဲဂုဏ်ယူလျက်ရှိပါတယ်။  ဒီ OPPO Reno3 | Reno3 Pro အသစ်က OPPO သုံးစွဲသူတွေအတွက် နေ့စဥ်သုံးစွဲတဲ့ နေရာမှာ ပိုမိုကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ခံစားမှုများကို ပေးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ထို့နောက် အဆိုပါ အခမ်းအနားတွင် OPPO Reno3 Pro ကိုသာ အသုံးပြု ရိုက်ကူးခဲ့သော OPPO ၏ Beyond the Portrait Season 2 Campaign Video တွင် ပါဝင်အားဖြည့်ကူညီခဲ့သော Travel Blogger “Travel Kween”, Professional Photographer ကိုဇာနည်မျိုးဝင်းနှင့် Videographer ကိုနောင်နောင် (Naung Naung – Indie Filmmaker) တို့မှလည်း Campaign Video ရိုက်ကူးစဉ်အတွင်း ရရှိခဲ့သော အတွေ့အကြုံများနှင့်  5X Hybird Zoom နှင့် 20x Digital zoom ပါရှိသည့် Zoom Quad Camera, Ultra Night Mode နှင့်  Ultra Steady Video 2.0 စသည့် ကင်မရာ စွမ်းဆောင်ရည်များ ကို အသုံးပြုကာ ကြည်လင်ပြတ်သား၍ အရောင်အသွေး စုံလင်သော ပုံရိပ်များ ရရှိအောင်  ရိုက်ကူးခဲ့ပုံတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အွန်လိုင်းကြည့်ရှုသူများ ပါဝင်ဆင်နွှဲနိုင်သော အမေးအဖြေ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး အဖြေမှန်သူများကို အသစ်စက်စက် Reno3 | Reno3 Pro နှင့် Enco Free Headphones တို့နှင့်အတူ အခြား ဆုလက်ဆောင်များ လည်း ချီးမြင့်ခဲ့သည်။

OPPO Reno3 Pro

OPPO Reno3 Pro သည် ရှေ့ကင်မရာ 44MP+2MP။ ကျောဘက်တွင် 64MP Main Camera Lens၊ 13MP Telephoto Lens၊ 8MP Ultra Wide-angle Lens နှင့် 2MP Black-and-White Lens တို့ပါရှိပြီး ကမ္ဘာ့ပထမဦးဆုံး နောက်ဆုံးပေါ် MediaTek (MTK) P95 Chips ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 256GB ROM ရှိပြီး အဆင့်မြင့် စွမ်းဆောင်ရည်များကို ချောမွေ့စွာ အသုံးပြုနိုင်အောင် ကူညီပေးသည်။ ထို့ပြင် Reno 3 Pro တွင် ဖုန်းများအတွင်း အမြန်ဆုံးနှင့် လုံခြုံစိတ်ချရဆုံး အားသွင်းစနစ် VOOC Flash Charge 4.0/30W ထည့်သွင်းထားပြီး 4025mAh Battery ဖြင့် အားပြည့်ရန် ၅၆ မိနစ်သာ ကြာပြီး  မိနစ် ၂၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မည်ဖြစ်သည်။  

Ultra-Resolution Algorithm ကို အသုံးပြုထားသောကြောင့် ရုပ်ပုံ Resolution ကို 108MP အထိရောက်အောင် ပြုလုပ် ပေးနိုင်သည်။ Ultra Clear 108MP Image ရရှိသောသောကြောင့် ဓာတ်ပုံရိုက်ကူးမှုကို အနုစိတ် ပေါ်လွင်စေကာ ပိုမို အဆင့်မြင့်စေသည်။ ထို့ပြင် selfie ရိုက်သောအခါ ပိုမို သဘာ၀ကျကျ လှပနိုင်စေရန် OPPO ၏ ဂုဏ်ယူဖွယ် တည်ထွင်မှု ဖြစ်သည့်  Dual Lens Bokeh ကို Reno 3 Pro ၏ ရှေ့ကင်မရာတွင် ကို ထည့်‌ပေးထားသောကြောင့် တစ်ဦးတည်း သာမက ပို့စ်မျိုးစုံနှင့် အုပ်စုလိုက် ရိုက်သော Selfie များတွင်ပါ ပုံထွက်ကောင်းစေပြီး Background Gradient ကိုလည်း သဘာဝကျစေသည်။

OPPO Reno3

OPPO Reno3 သည် ရှေ့ကင်မရာ 44 MP ပါဝင်ပြီး ကျောဘက်တွင် 48MP Main Camera Lens၊ 13MP Telephoto Lens၊ 8MP Ultra Wide-angle Lens နှင့် 2MP Black-and-White Lens တို့ ပါဝင်သော ကင်မရာ ၄ လုံး ပါရှိပါသည်။ Ultra Clear 108MP Image ရရှိနိုင်ပြီး  Zoom Quadcam အနေဖြင့် 20x Digital zoom ပါရှိသည့်အတွက်  ရှေ့ကင်မရာရော၊ နောက်ကင်မရာပါ အဆ၂၀ ထိ Zoom ချဲ့ ရိုက်ကူးနိုင်မှာ ဖြစ်သည်။ OPPO Reno3 တွင် MediaTek(MTK) P90 Chips ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 128GB ROM  ပါရှိပြီး VOOC Flash Charge 3.0/20W ထည့်သွင်းထားသောကြောင့် မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး ၇၂ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားပြည့်မည် ဖြစ်သည်။  


OPPO Reno3 | Reno3 Pro ၏ ထူးခြားသော စွမ်းဆောင်ချက်များ

နောက်ထပ် ထူးခြားချက်များ အနေဖြင့် Video Stability ကို မြှင့်တင်ပေးသော 1080P 60fpsနှင့် ရိုက်ကူးနိုင်သည့် Ultra Steady Video 2.0 ၊ Video Bokeh ၊ Video Zoom နှင့် AI Beauty Mode တို့ အပြင် Smart Video Editor Soloop လည်း ပါဝင်သောကြောင့်video အမျိုးမျိုးကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူး တည်းဖြတ်နိုင်မည်ဖြစ်သည်။

အသစ်ထွက်ရှိလာသော ColorOS 7 ကို ထည့်သွင်းထားပြီး အလွန် ကောင်းမွန်သော Visual Effects များကို Series အလိုက် မြင်တွေ့နိုင်သည်။ ColorOS 7 သည် ပိုမို သေသပ်လှပကာ ပိုမို ငယ်ရွယ်တက်ကြွပြီး ရိုးရှင်း ပေါ့ပါးသည့် ဒီဇိုင်းနှင့်အတူ လွယ်ကူလျင်မြန်စွာ ထိတွေ့နိုင်သော Visual နှင့် Audio Interactions များက သုံးစွဲသူတို့အတွက် လွန်စွာ အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။ Dark Mode ကလည်း မည်သည့်အချိန်တွင်မဆို စာဖတ်ရာတွင် သာလွန် ကောင်းမွန်သော အတွေ့အကြုံများရစေပြီး သုံးစွဲသူတို့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးမြှင့်ပေးကာ ဖုန်းအား ကုန်ဆုံးမှုကိုလည်း လျှော့ချပေးသည်။

ထို့ပြင် ထူးခြားချက်တစ်ခုမှာ OPPO ၏ တစ်ဦးတည်းပိုင်နည်းပညာဖြစ်သော Short Video Images များအတွက် စျေးကွက်တွင် ပထမဦးဆုံး ထွက်ပေါ်လာသည့် Visual Effect Optimization software ဖြစ်သော OPPO Screen Image Engine (OSIE) ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခြင်းပင်ဖြစ်သည်။ Dolby Atmos® နှင့် Hi-Res Audio တို့မှလည်း အားဖြည့်ကူညီထားပြီး Multiple User Profiles များ ဖွင့်၍ သုံးစွဲနိုင်သော Multi-user Mode သည်လည်း Special Features များ အနက် တစ်ခုအပါအဝင်ဖြစ်သည်။

OPPO Enco Free Headphones

OPPO Reno3 | Reno3 Pro ၏ နောက်ဆက်တွဲအဖြစ် OPPO မှ  Enco Free Headphones ကို ထပ်မံမိတ်ဆက်ခဲ့သည်။ ဤ  Headphones များသည် “ထူးခြားဆန်းသစ်၍ အရည်အသွေးမြင့်မားသော ထုတ်ကုန်များမှ တစ်ဆင့် ကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံများ ရရှိစေရန်” ဆိုသည့် OPPO ၏ Mission အရ ထုတ်လုပ်ထားခြင်းဖြစ်သည်။ Brand Headphones များအတွင်း Smart Phone နှင့် အသင့်တော်ဆုံး Headphones များအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ကြည်လင်အားကောင်းသော Audio Experience ကို ရရှိစေသည့်  Ultra-dynamic Speakers ပါဝင်သော ပထမဦးဆုံး Wireless Headphones လည်း ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*