မြန်မာနိုင်ငံရှိ မိသားစုများအားလုံး အိမ်၌ လုံခြုံနွေးထွေးစွာ အနားယူနိုင်ဖို့ရာအတွက်CANAL+ မြန်မာမှ ၎င်းတို့၏ ဝန်ဆောင်မှုများအား အခမဲ့ကြည်ရူ့နိုင်ရန်လုပ်ဆောင်

CANAL+ မြန်မာမှ မြန်မာပြည်သူများအတွက် ၎င်းတို့၏ သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားသော ဇာတ်ကားများ၊ ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးတင်ဆက်မှုများ၊ အစီအစဉ်များ နှင့် အခြားသော ထုတ်လွှင့်ရိုက်ကူးမှုများအား လစဉ်ကြေးပေးဆောင်ရန် မလိုပဲ သင်္ကြန်အချိန်ခါသမယအတွင်း CANAL+ စက်တပ်ဆင်ထားရှိသူများအား အခမဲ့ကြည်ရူ့နိုင်ရန် ပြုလုပ်ပေးသွားမည် ဖြစ်သည်။

အခုလိုအချိန်မျိုးမှာ ကျန်းမာရေးကို အဓိကထားပြီး ဂရုစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာပြည်သူတွေနဲ့ မိသားစုအားလုံး ဖျော်ဖြေရေး ကောင်းမွန်ပြီး စိတ်ကျေနပ်လောက်စရာကောင်းတဲ့ အစီအစဉ်တွေကို ကြည့်ရူကာ ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေကို ကုန်ဆုံးစေနိုင်ဖို့ နည်းလမ်းကောင်းတွေကို အမြဲတမ်း စဉ်းစားနေတာပါ။ ဒါကြောင့်လည်း CANAL+ စက်ကို တပ်ဆင်ထားရှိသူတိုင်းအတွက် ကျန်းမာရေးဂရုစိုက်ကာ အိမ်မှာပဲနေပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနိုင်စေဖို့အတွက်လည်း အခုလို  အခမဲ့ကြည့်ရူနိုင်ရန် လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်” ဟု CANAL+ Myanmar FG ၏  CEO ဖြစ်သူ Mr. Erwan LUHERNE  မှလည်း  ပြောကြားခဲ့ပါတယ်။

သူမှဆက်လက်ပြီး “အားလုံးကို လူသူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပြီး အိမ်မှာပဲနေဖို့နဲ့ လက်ကို တတ်နိုင်သမျှ မကြာခဏဆေးဖို့ကိုလည်း ထပ်ပြီး  တိုက်တွန်းချင်ပါတယ်။CANAL+ မှလည်း မိမိကိုယ်ကို ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကိုမျှဝေပေးထားပြီး CANAL+ Myanmar ရဲ့Facebook စာမျက်နှာကနေ သွားရောက်ကြည်ရူ့နိုင်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။

CANAL+ မြန်မာမှ CANAL+ စက် တပ်ဆင်ထားရှိသူ အားလုံးအတွက် ဧပြီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အတွင်း လိုင်းပေါင်း ၈ဝ ကျော်အားအခမဲ့ကြည်ရူ့နိုင်ရန် အတွက် ပြုလုပ်ထားရှိပြီး မြန်မာပြည်သူများအားလုံး လတ်တလောကူးစက်ပြန့်ပွားလျက်ရှိသော ရောဂါမှ မိမိကိုယ်ကိုကာကွယ်ကာ အိမ်၌ လုံခြုံနွေးထွေးစွာ အနားယူနိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်သည်။

CANAL+ မှ မြန်မာကြည်ရူ့သူပရိတ်သတ်များအား နိုင်ငံတကာရုပ်ရှင်စီးရီးများနှင့် အခြားသောအစီအစဉ်များအပြင် အရည်အသွေးပြည့်ဝသော ပြည်တွင်းရုပ်ရှင်များအားချပြကာ မတူညီသောရသမျိုးစုံကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မိသားစုတိုင်း အိမ်တိုင်းအတွက် နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်လေးကို အတူတူကုန်ဆုံးနိုင်ဖို့ အတွက် CANAL+ မှ အစီအစဉ်သစ်များအား ပြသပေးနိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။

CANAL+ GROUP အကြောင်း

CANAL+ GROUP သည် ပြင်သစ်နိုင်ငံတွင်သာမကပိုလန်၊ ဗီယက်နမ် ၊အာဖရိက နှင့် ဥရောပ တဝိုက်ရှိနိုင်ငံများတွင်အောင်မြင်လျက်ရှိသည့် PAY TV GROUP ဖြစ်ပြီး မြန်မာနိုင်ငံတွင် FOREVERGROUPနှင့် ပူးပေါင်း၍ ဆန်းသစ်သောဖျော်ဖြေတင်ဆက်မှုအစီအစဉ်သစ်များ၊ရုပ်သံလိုင်းများတင်ဆက်ထုတ်လွှင့်လျှက်ရှိပါသည်။ကြည့်ရှုသူပရိတ်သတ်များမှမူရင်းထုတ်လုပ်သူများ၏ဇာတ်လမ်းများအပြင်ဆန်းသစ်တီထွင်ထားသောအစီအစဉ်များစွာရှိသည့်ရုပ်သံလိုင်းများအားကြည့်ရှုခွင့်ရနိုင်မည်ဖြစ်သည်။အချို့သောရုပ်သံလိုင်းများမှာမြန်မာ့ဈေးကွက်အတွက်သီးသန့်ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီးမိသားစုဝင်တစ်ဦးတစ်ယောက်စီအတွက်များစွာသောအကြောင်းအရာများစွာအားတပ်ဆင်ပြသပေးလျက်ရှိသည်။

CANAL+ တွင် CANAL+ Zat Lenn,CANAL+ Mae Madi, CANAL+ Action, CANAL+ Su Sann, CANAL+ Gita, CANAL+ Haha,CANAL+ Pu Tu Tue, CANAL+ ChaTateနှင့်CANAL+ Sports အစရှိသည့်မြန်မာကြည့်ရှုသူများအတွက် သီးသန့်ထုတ်လုပ်ထားသော ကိုယ်ပိုင်လိုင်းပေါင်း၉လိုင်း အပြင်ဝယ်ယူထားသော ရှယ်နှင့်ထူးရှယ်ပက်ကေ့ချ် ပေါ်မူတည်ကာလိုင်း ပေါင်း၈၅ကျော်အား ထပ်မံကြည့်ရှုနိုင်မည်ဖြစ်သည်။CANAL+သည် သင့်တော်သော နှုန်းထားများနှင့်အတူ package (အစီအစဉ်) နှစ်မျိုးနှစ်စားခွဲခြားထားသည်။ ရုပ်သံအစီအစဉ်လိုင်း ၅၂ ခုပါဝင်ပြီး တစ်လလျှင် ၄,၉၀၀ ကျပ်ကျသင့်သော Shall Package(ရှယ်အစီအစဉ်) ရုပ်သံအစီအစဉ်လိုင်း ၈၇ ခုပါဝင်ပြီးတစ်လလျှင်၇,၉၀၀ကျပ်ကျသင့်သောHtooShallPackage(ထူးရှယ်အစီအစဉ်)တို့ဖြစ်သည်။

သုံးစွဲသူများအနေဖြင့်CANAL+ဝန်ဆောင်မှုနှင့်ရုပ်သံဖမ်းစက်များကိုမြန်မာနိုင်ငံတစ်ဝှမ်းရှိCANAL+အရောင်းဆိုင်များ၊အရောင်းကိုယ်စားလှယ်များထံတွင်ဝယ်ယူနိုင်မည်ဖြစ်သည်။

CANAL+MyanmarFGLtdသည်သုံးစွဲသူများသက်တမ်းတိုးလျှင်လွယ်ကူလျင်မြန်အဆင်ပြေစွာငွေပေးချေနိုင်ရန်အတွက်မြန်မာနိုင်ငံရှိငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများနှင့်လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားပြီးဖြစ်သည်။CANAL+MyanmarFG Facebook Page ကို Follow လုပ်ပြီး အစီအစဉ်တစ်ခုစီ၏highlightများကို စောင့်မျှော် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အကောင်းဆုံးသောနိုင်ငံတကာအကြောင်းအရာကဏ္ဍစုံနှင့်သီးသန့်ထုတ်လုပ်ထားသောကိုယ်ပိုင်အစီအစဉ်များနှင့်အတူ CANAL+ သည် မြန်မာပရိသတ်အတွက် တမူထူးသော TV ရုပ်သံကိုဆောင်ယူလာပြီဖြစ်ပါသည်။

CANAL+ စက်ဝယ်ယူ သက်တမ်းတိုးထားသူများသည်လည်း MyCANAL mobile application အကောင့်မှCANAL+ ၏ ကိုယ်ပိုင်ရုပ်သံလိုင်း ၉ လိုင်းအပါအဝင် အခြားလိုင်းပေါင်းများစွာကို ကြည့်ရူနိုင်မည်ဖြစ်ပြီးCANAL+ ZAT LENN ချန်နယ်မှလည်း ရုပ်ရှင်ပြသပြီး နှစ်ပတ်အကြာတွင် ရုပ်သံထွက်ကောင်းမွန်စွာ HDအရည်အသွေးဖြင့် စမတ်ဖုန်းများ၊ tablets များမှတဆင့် အချိန်မရွေး နေရာမရွေး ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။

CANAL+သည် မန်မာနိုင်ငံတွင်းရှိ မိသားစုတိုင်း အိမ်တိုင်းအတွက် နွေးနွေးထွေးထွေးနှင့် ပျော်ရွှင်ဖွယ်ရာ အချိန်များကိုအတူတူကုန်ဆုံးနိုင်ရန်အတွက်နိုင်ငံတကာရုပ်ရှင်စီးရီးများနှင့်အခြားသောစိတ်ဝင်စားဖွယ် ရာကောင်းသည့် အစီအစဉ်များစွာကိုလည်း တင်ဆက်ပြသပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

Be the first to comment

Leave a Reply

Your email address will not be published.


*