Mytel မှ COVID 19 ကပ်ရောဂါကို ကာကွယ်တိုက်ဖျက်ရန် MyID တွင် အခမဲ့ဝန်ဆောင်မှုများကို ပေးအပ်

 မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာဖြစ်သော Mytel သည် Covid 19 ကပ်ရောဂါဖြစ်ပွားနေစဉ်တွင် မြန်မာနိုင်ငံသားများ နောက်ဆုံးရသတင်းများ၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို အဆင်ပြေလွယ်ကူစွာသိရှိနိုင်ရန်နှင့် မိမိချစ်ခင်ရသောသူများနှင့် လွယ်ကူ လျင်မြန်စွာဆက်သွယ်နိုင်ရန် ရည်ရွယ်လျက်  ၎င်း၏ MyID app မှတဆင့် အခမဲ့ဝန်ဆောင်မှုများကို ပေးအပ် မည့် “Use MyID, Fight Covid” ဟူသော ကမ်ပိန်းအား မိတ်ဆက်လိုက်ပါသည်။  ဤကမ်ပိန်းကို Covid 19 နှင့်သက်ဆိုင်သော သတင်းများ၊ တိုက်ရိုက်ထုတ်လွှင့်ချက်များနှင့် အခမဲ့ခေါ်ဆိုမှုများကို သုံးစွဲသူများ အသုံးပြု နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်ပါသည်။ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများ၊ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ကောင်းစွာသိရှိ နားလည်ထားသည့် ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန်၊ ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီး နေသော ကာလအတွင်း၌ မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးနှင့် အင်တာနက်ထောက်ပံ့မှုများကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည် ဖြစ်ပါသည်။ 

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး မှ “Mytel အနေနဲ့ အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို တစ်ဦးနဲ့တစ်ဦး အချင်းချင်း အဆက်အသွယ်မပြတ်ရှိနေစေချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သုံးစွဲသူတွေအတွက် ပြည်တွင်း နဲ့ နိုင်ငံတကာ က နောက်ဆုံးရသတင်းတွေကို ဖတ်ရှုနိုင်မယ့် ဒီလို ပလက်ဖောင်းကို တစ်နေရာထဲမှာဝန်ဆောင်မှုမျိုးစုံ အသုံးပြုနိုင်တဲ့ ကျွန်တော်တို့ရဲ့ MyID အက်ပလီကေးရှင်း မှာ ထည့်သွင်းဖို့ စီစဉ်ခဲ့တာပါ။ နောက်ပြီး MyID ကနေ live ဗီဒီယို ကြည့်ရှုတာပဲဖြစ်ဖြစ်၊ မိနစ် ၃၀ အောက် ဖုန်းခေါ်တာပဲဖြစ်ဖြစ် အခမဲ့ဖြစ်တဲ့အတွက် ဒေတာဖိုးကုန်ကျမှာ မဟုတ်ပါဘူး။ ဒါတွေ အားလုံးကလည်း ကျွန်တော်တို့ရဲ့ ပြည်သူတွေအားလုံး အတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးရာလည်း ရောက်သလို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ အိမ်မှာနေရင်း ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကို ကာကွယ်တိုက်ထုတ်နေချိန်မှာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ချိတ်ဆက်ပေးနိုင်ဖို့လည်း ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 

ဤဝန်ဆောင်မှုများကို ၂၀၂၀၊ ဧပြီလ ၇ ရက်နေ့ မှစတင်၍ ၂၀၂၀၊ ဇွန်လ ၃၀ ရက်နေ့အထိ ရယူအသုံးပြုနိုင်မည် ဖြစ်ပြီး ဤအစီအစဉ်အရ MyID အသုံးပြုသူများသည် Covid 19 သတင်းများ၊ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ် များကို အခမဲ့ ကြည့်ရှုနိုင်မည့်အပြင် MyID မှ မိနစ် ၃၀ အခမဲ့ခေါ်ဆိုမှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့် လက်ရှိအချိန်တွင် သုံးစွဲသူများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတလွှားမှ ဖြစ်ပျက်နေသမျှကို အချိန်နှင့်တပြေးညီ ဖတ်နိုင်မည့်အပြင် သတင်းမျှဝေခြင်းကိုပါ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။  ထို့အပြင် MyID အသုံးပြုသူများသည် MyID အသုံးမပြုသော Mytel ဖုန်းသုံးစွဲသူများကို အခမဲ့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ဤဝန်ဆောင်မှုများသည် ယခုလက်ရှိရင်ဆိုင်နေရသော Covid 19 ကပ်ရောဂါကြောင့်ဖြစ်လာရသော အခက်အခဲများကို ကျော်လွှားရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အစိုးရနှင့် သုံးစွဲသူ များ အဆင်ပြေချောမွေ့စွာ ပါဝင်နိုင်စေရန် တစ်ဘက်တစ်လမ်းမှ ကူညီပံ့ပိုးပေးမည်ဟူသော ရည်ရွယ်ဖြင့်  Mytel မှ ပြုလုပ်လျက်ရှိသော #TogetherWeFightCovid19 ကမ်ပိန်း၏ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ မကြာသေးမီက မိတ်ဆက်ပေးခဲ့သော ငွေဖြည့်သွင်းမှုတိုင်းအတွက် ၅၀% အပိုဆု နှင့် ဒေတာအစီအစဉ် ဝယ်ယူမှုတိုင်းအတွက် ၂၀၀% အပိုဆု ရနိုင်မည့် နှစ်ဆတိုးအပိုလက်ဆောင်အစီအစဉ်၊ “111” သို့ “CV19” ဟု စာတိုပေးပို့ခြင်းဖြင့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို လှူဒါန်းပံ့ပိုးနိုင်မည့် အစီအစဉ်နှင့် Mytel Mobile Legends Myanmar Covid-19 Charity Championship အစီအစဉ်တို့သည်လည်း  အဆိုပါ ကမ်ပိန်းမှ လုပ်ဆောင်နေသော လုပ်‌ဆောင်ချက်များဖြစ်ပါသည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ  ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*