Vivo က ဝယ်ယူအားပေးသူများအတွက် အာမခံကာလ တိုးမြင့်သတ်မှတ်

လက်ရှိကာလတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါနှင့် ပတ်သက်ပြီး Vivo သုံးစွဲသူနှင့် ဝယ်ယူအားပေးသူများ၏ ကျန်းမာရေးကို Vivo မှ အစဥ်အမြဲ ဂရုစိုက်သည့်အပြင် နိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကြောင့် Vivo ၏ Customer Service Center (ဝန်ဆောင်မှုစင်တာ)ကို ဧပြီလ ၂၁ ရက်နေ့အထိ ခေတ္တ ပိတ်ထားမည် ဖြစ်ပါသည်။

ထို့ကြောင့် Vivo ၏ သုံးစွဲဝယ်ယူအားပေးသူများအား အလေးထားသောအားဖြင့် အာမခံသက်တမ်းကို ၂၀၂၀ ဧပြီလ ၁ ရက်မှမေလ ၃၁ ရက်အထိ ပြန်လည် တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ဝန်ဆောင်မှုစင်တာ ပြန်လည်ဖွင့်လှစ်ခြင်း မပြုမီအချိန်အတွင်း Vivo ချစ်သူများအတွက် ဖုန်းမှန်ကွဲ အစားထိုး လဲလှယ်မှု ရက် ၉၀ အာမခံ သက်တမ်းတိုးပေးခြင်း (သို့) အာမခံသက်တမ်းကုန်ဆုံးသွားသည့် သက်တမ်းတိုးထားသော Vivo ဖုန်းဟန်းဆက်များအတွက် ဝန်ဆောင်မှုကာလကို ဝန်ဆောင်မှုစင်တာ ပြန်လည် စတင်ဖွင့်လှစ်မည့်ရက်မှ စ၍ ၇ ရက် ထပ်မံ တိုးချဲ့ပေးမည် ဖြစ်ပါသည်။ ရက်ပေါင်း ၉၀ အာမခံသက်တမ်းတိုးခြင်းကို သက်တမ်း ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက် မှ ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံ၌ ရောင်းချသော vivo စမတ်ဖုန်းအားလုံးအတွက် သက်ရောက်မှု ရှိပါသည်။

သုံးစွဲသူ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးသည် Vivo ၏ နံပါတ် ၁ ဦးစားပေး ဖြစ်သည့်အလျောက် ဝန်ဆောင်မှုစင်တာများ ယာယီ ပိတ်ထားမည် ဖြစ်သော်လည်း အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများသို့ တိုက်ရိုက်နှိပ်၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Hotline numbers: 09-424257300 (Mon-Fri 8:30-17:30, Sat 8:30-12:00)
Facebook page: https://www.facebook.com/vivoServiceCenterMM
Email: vivomyanmar.customercare@mm.vivo.com

Be the first to comment

Leave a Reply

Your email address will not be published.


*