Mytel သည် လှူဒါန်းမှု တစ်ရပ်ဖြင့် COVID 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အစီအစဉ်အားစတင်

 မြန်မာနိုင်ငံ၏အကောင်းဆုံးအော်ပရေတာ Mytel သည်  ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွက်ဖျင်ထီးများ လှူဒါန်းခြင်းဖြင့် COVID 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအစီအစဉ်အား  ဆက်လက်လုပ်ဆောင်လျက် ရှိပြီး ယခုကဲ့သို့ Covid-19 ကြောင့် social distance ပြုလုပ်နေရချိန်တွင် မြန်မာပြည်သူအများအပြား၏ စိတ်ဝင်စားမှုများကို ရရှိခဲ့ပါသည်။ Mytel မှ ယခုအစီအစဉ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြား ဒေသများတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ Mytel မှ မြန်မာနိုင်ငံ၏ အခြားဒေသများအတွက် လိုအပ်သောအထောက်အကူ ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ လက်ဆေးရည်များ နှင့် Wifi Router စက်များကို ထောက်ပံ့ကူညီပေးခဲ့ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှလည်း “ Mytel က အခုလို အမြဲ တစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုတွေ လုပ်ပြီး ပြည်သူလူထုကို တတ်နိုင်သလောက် ကူညီပံ့ပိုးပေးသွားမှာပါ။ ပထမဆုံးခြေလှမ်းအနေနဲ့တော့ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ PPE ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ၊ ရွက်ဖျင်ထီးတွေနဲ့ အခြား အထောက်အကူပစ္စည်းများတွေကို  ဆေးရုံတွေ၊ quarantine centre တွေ၊ ဈေးတွေနဲ့ အခြားလိုအပ်တဲ့နေရာတွေမှာ တစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုတွေပြုလုပ်မှာဖြစ်ပါတယ်။ ဒီလို လှူဒါန်းရခြင်းက ကျွန်တော်တို့ နိုင်ငံသား‌တွေကို အားပေးကူညီရာလည်း ရောက်ပြီး အားလုံးကလည်း social distancing ကိုကျင့်သုံးကာ ဘေးကင်းအောင် နေထိုင်ခြင်းဖြင့် ဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးကို တိုက်ထုတ်ရာမှာ အများကြီး အထောက်အကူဖြစ်စေမှာပါ။ ” ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ တစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုအစီအစဉ်အား ဧပြီလ၊ ၂၀၂၀ပြည့်နှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။  Mytel သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ရှိသော ယာယီဈေးများသာမက ရှမ်းပြည်နယ်တောင်ပိုင်း ကလော နှင့် အောင်ပန်းဈေးများတွင် ထီးများလှူဒါန်းကာ မြို့နယ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ နှင့် အတူတကွ ပူးပေါင်း၍ ယာယီဈေးရှိ ဈေးသည်များ လိုအပ်သော ရွက်ဖျင်ထီးများကို လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမ်းမြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့ရှိ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ဒစ်ဂျစ်တယ်သာမိုမီတာများ၊  Quarantine Center များတွင် လိုအပ်သော အခြားအထောက်အကူပစ္စည်းများအားလည်း လှူဒါန်းခဲ့သည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ရှိ ပန်းတနော်မြို့တွင်လည်း ဈေးထဲရှိ ဈေးသည်များ၊ ဈေးဝယ်သူများ ဘေးအန္တရာယ်ကင်းစေရန်အတွက် တစ်ဦးနှင့်တစ်ဦး Social Distancing ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရွက်ဖျင်ထီးများအား လှူဒါန်းခဲ့ပြီး အခြားဒေသများတွင်လည်း နွေးထွေးသောအစီအစဉ်များဖြင့် ကူညီခဲ့ပါသည်။

#TogetherWeFightCovid19 အစီအစဉ်မှတစ်ဆင့် ဤလှူဒါန်းမှုအား စတင်ခဲ့ခြင်းဖြစ်ပြီး ယခုရင်ဆိုင်နေရသောအ ခက်အခဲများအားလုံးကို ကျော်လွှားနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာရောဂါပျံ့နှံ့မှုကို အတူတကွတိုက်ဖျက်နိုင်ရန်အတွက် Mytel အနေဖြင့် မိမိတို့၏ သုံးစွဲသူများနှင့် အစိုးရအား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသရွေ့ ကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်။ ယခုအစီအစဉ်အပြင် Mytel သည် (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နှင့် ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မည့်ဖြစ်သည့်) အစီအစဉ်အား မိတ်ဆက်ပေးခဲ့ပါသည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ  ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*