အရှေ့တောင်အာရှ၏ အကြီးမားဆုံး PUBG MOBILE ဂိမ်းပြိုင်ပွဲကြီးတွင် မြန်မာကစားသမားအသင်းမှ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သွားမည်

 အရှေ့တောင်အာရှဒေသအတွင်းတွင် PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ အရှေ့တောင်အာရှမှ အကောင်းဆုံးကစားသမား အသင်းများနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရမည့် မြန်မာလူငယ် PUBG MOBILE ကစားသမားအသင်းအဖြစ် Yangon Galacticos  လည်း တက်ရောက်အနိုင်ရရှိ သွားကြောင်း ကြေညာခဲ့သည်။

မြန်မာ PUBG MOBILE ကစားသမားအသင်း Yangon Galacticos သည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော PUBG MOBILE Myanmar Championship 2020 ဖိုင်နယ် ပြိုင်ပွဲကြီးတွင် နိုင်ငံတွင်းမှ အသင်းပေါင်း ၁၂၀ နှင့် ယှဥ်ပြိုင်ခဲ့ပြီး First Runner-Up ဆုကို ရရှိခဲ့သည်။ Yangon Galacticos နှင့်အတူ PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲမှ အခြားထိပ်ဆုံးရရှိသော အသင်း (၃) သင်းဖြစ်သော My GALAXY, DEUS Esport နှင့် Team SCOTT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့သည်။

PMCO SEA Wildcard Final အဆင့်သည် ကိုယ်ပိုင် League မရှိသေးသည့် အရှေ့တောင်အာရှနိုင်ငံများမှ အသင်းများ Online တွင် အချင်းချင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းတွင် PMCO SEA Wildcard Final အဆင့်အတွက် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ကြသည်။

အကောင်းဆုံး မြန်မာအသင်း ၄ သင်းဖြစ်သော Yangon Galacticos, My GALAXY, DEUS Esport နှင့် Team SCOTT တို့သည် PMCO SEA Wildcard Finals အဆင့်တွင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမော အသင်းများနှင့် အကောင်းဆုံး အင်အားပြည့် ယှဥ်ပြိုင်ကစားခဲ့ကြသည်။ PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ တက်လှမ်း ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်သည့်အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိသည့် ဆုကြေး ငွေများလည်း ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ PMCO SEA Wildcard Finals အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ ထိပ်သီး အသင်း (၄) သင်းထဲမှ Yangon Galacticos အဖွဲ့သည် နံပါတ် (၃) နေရာ ရရှိခဲ့ပြီး အဆင့် (၁) အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Blacklist International အဖွဲ့မှလည်းကောင်း၊ အဆင့် (၂) အဖြစ် ကမ္ဘောဒီးယားမှ Orange CG အဖွဲ့တို့မှ လည်းကောင်း အသီးသီး ရလဒ်များ ရရှိခဲ့ကြသည်။ ဤအဖွဲ့သုံးဖွဲ့သည် PMPL (PUBG MOBILE Pro League) SEA Finals အဆင့်တွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး အသင်းများနှင့် ယှဉ်ပြိုင်ကစားသွားရတော့မည်ဖြစ်ပြီး Yangon Galacticos အသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု အသင်းအဖြစ် ဂုဏ်ယူဖွယ် ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။

PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew က “Esports ဟာ အခုလို Social Distance လုပ်ဖို့ လိုအပ်တဲ့ အချိန်မျိုးမှာ ပိုပြီးအဆင်ပြေစေတဲ့ ထွက်ပေါက်အခြေအနေတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့ PMPL SEA Finals မှာ မြန်မာအသင်း ပါဝင်လာတဲ့အတွက် အရမ်းပဲ ဂုဏ်ယူပါတယ်။ ပြီးတော့ အရှေ့တောင်အာရှမှာရှိတဲ့ အကောင်းဆုံးအသင်း ၁၆ သင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာအသင်း Yangon Galacticos ကို အားပေးကြဖို့ လူတိုင်းကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးကို ယခင်က Offline ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် COVID-19 အခြေအနေကြောင့် PUBG MOBILE ကစားသမားများနှင့် ပရိသတ်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Online သီးသန့်ပြိုင်ပွဲအဖြစ်သာ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ PMPL SEA Finals Season 1 ကို လာမည့် မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းဖြစ်သည့် Yangon Galacticos လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

Yangon Galacticos အသင်း၏ တည်ထောင်သူနှင့် နည်းပြဖြစ်သူ Bling X က “ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး Training တွေ လုပ်ခဲ့တယ်။ ပွဲတွေလည်း အကောင်းဆုံး ဆော့ကစားခဲ့ပါတယ်။ ခုလိုမျိုး SEA Wildcard Finals ကနေ SEA Finals ထိပါတက်သွားမယ်လို့ ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး။ မြန်မာအသင်းတစ်သင်းအနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် နောက်တစ်ဆင့်တက်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ရပေမယ့် တကယ်တမ်း SEA Finals ကို ပြိုင်ခွင့်ရခဲ့တာဟာ အိမ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ အရှေ့တောင်အာရှမှာ မြန်မာအသင်းတစ်သင်းအနေနဲ့ PMPL SEA Finals မှာ ပထမဆုံးပါဝင်ခွင့်ရတာဆိုတော့ ဂုဏ်ယူမိသလို ဆက်လက်ပြီးတော့ YG ကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာ အဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်လည်း PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးကို ကျင်းပခဲ့သည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIAL တွင် လေ့လာနိုင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*