သားဖြစ်သူနဲ့ စုံတွဲလို့အထင်မှားရအောင် နုပျိုလွန်းတဲ့ တရုတ်အမျိုးသမီး

အရွယ်အိုလာသည့်တိုင် ရုပ်ရည်နုပျိုချင်တာကတော့ လူသားတိုင်းရဲ့ဆန္ဒတစ်ခုပါနော်။ ဒါဆိုရင် တရုတ်ပြည်က Liu Yelin အမည်ရ အသက် ၅၀ အရွယ်အမျိုးသမီးက ဆန္ဒပြည့်ဝသူတစ်ယောက်ပါပဲ။ အသက် ၂၂ အရွယ် သားတစ်ယောက်ရှိပေမဲ့ သားဖြစ်သူနဲ့ အပြင်ထွက်တိုင်း စုံတွဲတွေလို့ အမြဲအထင်မှားခံနေရသူဖြစ်ပါတယ်။

သူမရဲ့နုပျိုမှုနှင့်အလှအပဟာ အွန်လိုင်းမှာပျံ့နှံ့နေပြီး သူမရဲ့လူမှုကွန်ယက်အကောင့်တွေမှာလည်း follower များစွာရှိနေပါပြီ။ သူမရဲ့နုပျိုမှုက မိတ်ကပ်ကြောင့် ဒါမှမဟုတ် ဓာတ်ပုံအရည်အသွေးကြောင့်လို့ လုံးဝမထင်လိုက်ပါနဲ့တဲ့။ သူမက မိတ်ကပ်လိမ်းခြယ်တာ တော်တော်ရှားပါးပြီး မျက်နှာမှာ အရေးအကြောင်းလုံးဝမရှိသလို အသားအရေစိုပြေလှပသူဖြစ်ပါတယ်။

သူမရဲ့အသက်ကို ပြောပြတဲ့အခါတိုင်းမှာလည်း လူတိုင်းက အံ့သြကြပါတယ်။ နုပျိုလှပမှုရဲ့လျို့ဝှက်ချက်ကို မေးမြန်းတဲ့အခါမှာတော့ သူမကရေကူးလေ့ရှိပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်တယ်လို့ ဆိုပါတယ်။ သူမအနှစ်သက်ဆုံးကတော့ ရေကူးခြင်းဖြစ်ပါတယ်။ ဆောင်းရာသီမှာ အပြင်မှာ ရေကူးရတာ သဘောကျတယ်။ တရုတ်ပြည်က Yangtse မြစ်နှင့် ကိုရီးယားက ဟန်မြစ်အပါအဝင် မြစ်ရှည်တွေမှာ နာရီနဲ့ချီ ရေကူးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*