ဆံပင်ကောင်းလွန်းတဲ့ အသက် ၇ လသားအရွယ် ကလေးငယ်

မယုံကြည်နိုင်စရာကောင်းပေမဲ့ ဒါဟာ ဆံပင်အတုမဟုတ်ပါဘူး။ ၁၀၀% တစ်ကယ့် ဆံပင်အစစ်တွေ ဖြစ်ပါတယ်။

သူဟာ အသက် ၇ လသားအရွယ်သာရှိသေးတဲ့ သီအို လို့အမည်ရတဲ့ ကောင်လေးဖြစ်ပါတယ်။ ဆံပင်ကောင်းခြင်းနဲ့ပတ်သက်လို့ မိခင်ဖြစ်သူက ဝမ်းသာကျေနပ်ဖြစ်တာကြောင့် ခေါင်းမှာဆံပင်အပြည့်နဲ့ အနာဂတ်မှာ ဂီတအဖွဲ့တစ်ခုရဲ့ ဦးဆောင်အဆိုတော်တစ်ဦးဆိုပြီး သားဖြစ်သူရဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေခဲ့တာဖြစ်ပါတယ်။

ဆံပင်ထူထူနဲ့ ချစ်စရာကောင်းလွန်းတဲ့ သီအိုလေးရဲ့ဗီဒီယိုက လူအတော်များများရဲ့ အသည်းနှလုံးကို အရည်ပျော်ကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သင်လည်း ကြည့်ရှုလိုက်ပါဦး …

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*