ကင်မရာလေးလုံးနဲ့ 18:9 Screen ပါမယ့် Asus Zenfone 5 Lite

ဖုန်းသတင်းများ ကြိုတင်ဖွင့်ချရာမှာ နာမည်ကြီးတဲ့ Evan Blass ဟာ Zenfone 5 Lite  ဖုန်း ဓါတ်ပုံများကို တွစ်တာမှာ တင်လိုက်ပါတယ်။ Asus က ယခုလ ၂၇ ရက်နေ့မှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) မှာ စမတ်ဖုန်း အသစ် များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ Zenfone 5 နဲ့အတူ Lite Model ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

ဓါတ်ပုံအရ သူ့ရဲ့ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး Asus Logo ကို ရေးထိုးထားပါတယ်။ 18:9 Screen ဖြစ်တဲ့အတွက် ဖုန်းရဲ့ အရှေ့ဘက်မှာ Navigation Buttons များ မပါပါဘူး။ မျက်နှာပြင် ထောင့်ဖြတ် အရွယ်အစားမှာ ၅.၇ လက်မနဲ့ ၆ လက်မအကြားမှာ ရှိနိုင်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ Full HD+ ဖြစ်ပါ တယ်။ လက်ဗွေရာ ဆင်ဆာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

အရှေ့နဲ့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးစီ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ကင်မရာ နှစ်လုံးဟာ 16MP နဲ့ အရှေ့ ကင်မရာ နှစ်လုံးဟာ 20MP များ ဖြစ်နိုင်ပါတယ်။ နောက်ခံမှုန်ဝါးတဲ့ Bokeh နဲ့ Beauty Mode များ ပါလာနိုင်ပါတယ်။ Evan Blass ရဲ့ထပ်မံတင်ထားတဲ့ ပုံတွေအရ ထွက်လာနိုင်ခြေရှိတဲ့ အရောင်တွေကိုပါ တွေ့ခဲ့ရပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*