ဥပါယ်တံမျဉ်ရုပ်ရှင်ကားထဲက သရုပ်ဆောင် အောင်မြင့်မြတ်

ဥပါယ်တံမျဉ် (Deception)  ရုပ်ရှင်ကားထဲက ဗီလန်မင်းသား သိန်းစိုးအဖြစ်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်အောင်မြင့်မြတ်ကတော့ ပရိတ်သတ်တွေ သဘောကျအားပေးခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အောင်မြင့်မြတ်က အမြဲတမ်း ပြုံးရယ်နေတတ်သူလည်းဖြစ်ပါတယ်။ ပန်းချီဆွဲတာနဲ့ ဘောလုံးကန်တာကို ၀ါသနာပါပြီး စာဖတ်တာလည်း လုပ်ပါတယ်။ ဘောလုံးအသင်းတွေ အကုန်လုံးကို ကြိုက်ပေမဲ့ အကြိုက်ဆုံးကတော့ မန်ယူအသင်းပါလို့ ပြောပါတယ်။

Image may contain: 1 person, standing and outdoor

Image may contain: 1 person

Image may contain: 2 people, people smiling, closeup

အသားညိုတာကို သဘောကျပြီး ချစ်သူသက်တမ်း ၃နှစ်ရှိပြီးဖြစ်တဲ့ ချစ်သူလည်းရှိပါတယ်။ သရုပ်ဆောင်မှု အားနည်းတဲ့အပိုင်းကတော့ ငိုရတာတဲ့အပိုင်းမှာ အားနည်းပါတယ်လို့ပြောပါတယ်။ လက်ရှိမှာတော့ အင်တာဗျူးအစီအစဉ်တွေရှိနေပြီး ဇာတ်လမ်းတွေ ရိုက်ဖို့ လောလောဆယ်မရှိသေးပါဘူးဆိုပါတယ် တကယ်လို့ ဇာတ်လမ်းလက်ခံဖြစ်ခဲ့ရင်လည်း ပရိတ်သတ်တွေ စိတ်ကျေနပ်အောင် အကောင်းဆုံးသရုပ်ဆောင်သွားမှာလို့လည်း ပြောပါတယ်။

Image may contain: 1 person, suit

Image may contain: 6 people, people smiling, people standing

Image may contain: 2 people, people smiling

Image may contain: 3 people

သရုပ်ဆောင်အောင်မြင့်မြတ် သိန်းစိုးအဖြစ်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားမှာ သိန်းစိုးရဲ့ “ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ အဖတ်မလုပ်ဘူး” ဆိုတဲ့ စကားလုံးဟာ ပရိတ်သတ်တွေရင်ထဲ စွဲကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဥပါယ်တံမျဉ်ရုပ်ရှင်ဟာ ပရိတ်သတ်အခိုင်အမာရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

Image may contain: 1 person, closeup

Image may contain: 2 people, car

Image may contain: 1 person, ocean, outdoor, nature and water

Source: Aung Myint Myat’s fb

KM (ShweInnLay)

Be the first to comment

Leave a Reply

Your email address will not be published.


*