ခါးနာသူများ ပြုလုပ်သင့်တဲ့ အထိရောက်ဆုံး ကုထုံးများ

အသက်အရွယ် ၊ စိတ်ဖိစီးမှု ၊ ခရီးသွားခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် နေထိုင်မှုမှားယွင်းခြင်းကြောင့် အခန့်မသင့်လျှင် ခါးနာမှုကို ခံစားရတတ်ပါတယ် ။ ဒါ့အပြင် အခြားရောဂါဝေဒနာများရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ် ။ ခါးနာခြင်းဝေဒနာကို ကုသမှုမပြုလျှင် နာတာရှည်ပုံစံမျိုး ဖြစ်လာနိုင်တဲ့အတွက် ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ် ။

၁။ပရုတ် နှင့် အုန်းဆီ

ပထမဆုံး ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းကတော့ အုန်းဆီထဲသို့ ပရုတ်ထည့်ပြီး ၅မိနစ်ခန့်ကြာအောင် အပူပေးပါ ။အပူပေးပြီးသွားလျှင် အအေးခံကာ ဘူးတစ်ခုထဲသို့ ထည့်ထားလိုက်ပါ ။ထိုဆီဖြင့် ခါးကိုလူးကာ နှိပ်နယ်ပေးပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ညအိပ်ရာဝင်ခါနီးတိုင်း ပုံမှန်လေး ပြုလုပ်ပေးပါ ။

၂။ယူကလစ်ဆီ

ရေချိုးကန်ဖြင့် ချိုးတဲ့အခါ ရေနွေးနွေးကိုသုံးပြီး စိမ်ချိုးပါ ။ မစိမ်ခင်မှာ ရေနွေးနွေးထဲသို့ ယူကလစ်ပင်ရဲ့ အဆီကို အစက်အနည်းငယ်ချပြီး မွှေထည့်ပေးပါ ။ ဒီလိုရေစိမ်ချိုးခြင်းကလည်း ခါးနာခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ် ။

၃။ရေနွေးအိတ်

TV ကြည့်ရင်းဖြစ်စေ ၊ ထိုင်ရင်းဖြစ်စေ ၊ စကားပြောရင်းဖြစ်စေ အားတဲ့အချိန်တွေမှာ ဒီတိုင်းထိုင်မနေဘဲ ရေနွေးအိတ်လေးဖြင့် ခါးမှာ ကပ်ကပ်ပေးထားပါ ။ ဒီလို အပူကိုအခြေခံတဲ့ ကုသနည်းက ခါးနာခြင်းကို မြန်မြန်သက်သာစေမှာပါ ။

၎။မုန်ညင်းဆီ

မုန်ညင်းဆီကလည်း ခါးနာခြင်းအတွက် ဆေးကောင်းတစ်လက်ပါပဲ ။ ရေမချိုးခင် တစ်နာရီအလိုမှာ မုန်ညင်းဆီ လိမ်းပြီး အနည်းဆုံး နာရီဝက် ၊ တစ်နာရီကြာ အနှိပ်ခံပါ ။ ပြီးနောက် ရေချိုးပါ ။ ရေပူကိုသုံးပြီး ရေချိုးတာ ပိုကောင်းပါတယ် ။

၅။နနွင်းမှုန့် ၊ ပျားရည် ၊ နွားနို့

နွားနို့ပူနွေးနွေးတစ်ခွက်ထဲသို့ နနွင်းမှုန့် တစ်ဇွန်း နှင့် ပျားရည် အစက်အနည်းငယ်ရောထည့်ပြီး သောက်သုံးတဲ့ ပုံမှန်အကျင့်လေးကိုလည်း ပြုလုပ်ပေးပါ ။ ခါးနာခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ပေးသလို ခါးနာခြင်းကိုလည်း သက်သာစေပါတယ် ။

၆။ဂျင်းပြုတ်ရည်

ဂျင်းပြုတ်ရည် မှန်မှန်သောက်ပေးမယ်ဆိုရင်လည်း ခါးနာခြင်းဖြစ်မယ့်အခြေအနေမှ လျော့နည်းစေပါတယ် ။

၇။ ဆန်

အဝတ်အိတ်ရှည် (သို့) ခြေအိတ် တစ်ခုထဲသို့ ဆန်ထည့်ပြီး micro wave ထဲထည့်ကာ ၃မိနစ် ၊ ၅ မိနစ် ခန့်အပူပေးပြီး  နာကြင်မှုခံစားနေရတဲ့ နေရာသို့ ကပ်ပေးခြင်းကလည်း ခါးနာခြင်းကို သိသိသာသာ သက်သာစေတယ်လို့ ဆိုပါတယ် ။ ကပ်တဲ့အခါ မိမိအပူခံနိုင်လောက်တဲ့ အနေအထားမျိုးရောက်မှ ကပ်ပေးပါ ။ ခါးနာခြင်းအပြင် အခြား ကိုယ်ခန္ဓာ နာကြင်မှုများ ခံစားရလျှင်လည်း ဒီနည်းလမ်းကို သုံးနိုင်ပါတယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*